ဘိုင်ယန်မြူးနစ် နဲ့ အာဆင်နယ်အသင်းတို့ကို စိတ်မဝင်စားပဲ ဘရိုက်တန်အသင်းမှာ ဆက်နေရန် ရွေးချယ်သွားတဲ့ နောက်ခံလူ လမ့်ပ်တေး

ဘရိုက်တန်နောက်ခံလူ လမ့်ပ်တေးဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ အသင်းကို မနှစ်က ရောက်လာပြီးနောက်ပိုင်း ခြေစွမ်းပြနေတဲ့ လမ့်ပ်တေးကို စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေပါတယ်။ အသက် ၂၀ အရွယ် ညာနောက်ခံလူဟာ ဘရိုက်တန်အသင်းကို ချဲလ်ဆီးအသင်းကနေ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်က (၃) နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

သူဟာ အသင်းမှာ လျင်မြန်စွာ အထိုင်ကျခဲ့ပြီး ပထမနေရာ ပွဲကစားခွင့်ကို ပုံမှန်ရရှိခဲ့ပြီး ဝါရင့်နောက်ခံလူ မွန်တိုယာကို နေရာပျောက်စေခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပရီးမီးယားလိဂ်က အသင်းတွေနဲ့ ဥရောပက အသင်းတွေကပါ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ် နဲ့ ဆီဗီးလား တို့အားလုံးက လမ့်ပ်တေးရဲ့ စွမ်းဆောင်ရည်ကို အာဆင်နယ်နဲ့ အပြိုင် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

သို့သော်လည်း ဘရိုက်တန်အသင်းကတော့ အခုအခါ လမ့်ပ်တေးကို စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပါပြီ။ ဘရိုက်တန်အသင်းအတွက် (၂) ပတ် လွဲချော်ခဲ့တဲ့ လမ့်ပ်တေးဟာ လက်ရှိမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာလက ဖူလ်ဟမ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး (၆) ပွဲ လွဲချော်ခဲ့ပါသေးတယ်။ လူငယ်ကြယ်ပွင့်ဟာ လိဒ်၊ ဖူလ်ဟမ်၊ စပါး နဲ့ လီဗာပူးလ် တို့ ပွဲတွေကို ပါ လွဲချော်နိုင်ဖွယ်ရှိနေသေးတာ ဖြစ်ပါတယ်။



