ရီးရဲလ်မက်ဒရစ် နောက်ခံလူ မီလီတာအိုကို ခေါ်ယူရန် ရည်ရွယ်နေတဲ့ စပါးနည်းပြ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ မီလီတာအိုကို ခေါ်ယူရန် စဉ်းစားနေပါတယ်။ မော်ရင်ဟိုဟာ မီလီတာအိုကို အခု အပြောင်းအရွှေ့ရာသီ မပိတ်သိမ်းခင် ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းအတွက် (၉) ပွဲကစားထားတဲ့ မီလီတာအိုဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ၂၀၁၉ ခုနှစ် မတ်လပိုင်းက ပေါ်တိုအသင်းဆီကနေ ပေါင် ၄၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပွဲကစားခွင့်ရရန် ရုန်းကန်နေရပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါ ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၁၅) ပွဲကစားထားပေမယ့် သူဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံ (၃) ပွဲသာ ကစားထားပြီး အနာဂတ်ဟာ မသေချာမရေရာတဲ့ အနေအထားကို ရောက်နေတာ ဖြစ်ပါတယ်။ သတင်းများအရ ရီးရဲလ်မက်ဒရစ်အသင်းကလည်း မီလီတာအိုကို အသင်းက ရောင်းချချင်နေပေမယ့် သူ့ကို ခေါ်ယူခဲ့တဲ့က ဈေးနှုန်းဖြစ်တဲ့ ပေါင် ၄၃ သန်းလောက်ပဲ လိုချင်နေတယ်လို့ သိရပါတယ်။

ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ မီလီတာအိုကို ေခၚယူရန္ ရည္ရြယ္ေနတဲ့ စပါးနည္းျပ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုဟာ ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ မီလီတာအိုကို ေခၚယူရန္ စဥ္းစားေနပါတယ္။ ေမာ္ရင္ဟိုဟာ မီလီတာအိုကို အခု အေျပာင္းအေရႊ႕ရာသီ မပိတ္သိမ္းခင္ ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဘရာဇီးလက္ေရြးစင္အသင္းအတြက္ (၉) ပြဲကစားထားတဲ့ မီလီတာအိုဟာ ရီးရဲလ္မက္ဒရစ္အသင္းဆီကို ၂၀၁၉ ခုႏွစ္ မတ္လပိုင္းက ေပၚတိုအသင္းဆီကေန ေပါင္ ၄၃ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ပြဲကစားခြင့္ရရန္ ႐ုန္းကန္ေနရပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီက စပိန္လာလီဂါ ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၁၅) ပြဲကစားထားေပမယ့္ သူဟာ ဒီရာသီမွာေတာ့ ၿပိဳင္ပြဲစံု (၃) ပြဲသာ ကစားထားၿပီး အနာဂတ္ဟာ မေသခ်ာမေရရာတဲ့ အေနအထားကို ေရာက္ေနတာ ျဖစ္ပါတယ္။ သတင္းမ်ားအရ ရီးရဲလ္မက္ဒရစ္အသင္းကလည္း မီလီတာအိုကို အသင္းက ေရာင္းခ်ခ်င္ေနေပမယ့္ သူ႔ကို ေခၚယူခဲ့တဲ့က ေစ်းႏႈန္းျဖစ္တဲ့ ေပါင္ ၄၃ သန္းေလာက္ပဲ လိုခ်င္ေနတယ္လို႔ သိရပါတယ္။