ယူနိုက်တက်အသင်းက အမှတ်ပေးဇယားမှာ နေရာမှား ရောက်နေတယ်လို့ ဆိုလိုက်တဲ့ လီဗာပူးလ်ကွင်းလယ်လူဟောင်း

ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်နေတာဟာ နေရာမှားရောက်နေတာ ဖြစ်ပြီး ပြိုင်ပွဲခရီးပေါက်လာတာနဲ့ အောက်ကို ရောက်သွားမယ်လို့ လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဂျေဆန်မက်အေတီယာက ပြောသွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ အင်္ဂါနေ့ကဘန်လေအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့ပြီးနောက် လက်ရှိချန်ပီယံလီဗာပူးလ်အသင်းထက် (၃) မှတ်အသာရသွားပြီး အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ (၂) သင်းဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ အန်ဖီးလ်၌ ရင်ဆိုင်ကစားကြရမှာဖြစ်ပြီး မက်အေတီယာကတော့ ယူနိုက်တက်ဟာ ကံကောင်းပြီး အဲ့ဒီပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနေတာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ “ယူနိုက်တက်အသင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာက နေရာမှားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘန်လေနဲ့ ပွဲက ခက်ခဲတဲ့ ပွဲဖြစ်ခဲ့ပေမယ့် သူတို့ဟာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါက ယူနိုက်တက်မှာ ရှိနေတဲ့ စိတ်ဓာတ်ပိုင်းဆိုင်းရာပါ။

ဒါပေမယ့် အိုလီမှာ အခြားအသင်းတွေလို ဒဏ်ရာပြဿနာကစားသမားတွေ မရှိပါဘူး။ ဒါ့အပြင် သူ့မှာ ကစားသမားတွေလည်း ရွေးချယ်ဖို့ အများကြီးရှိနေပါတယ်” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းကို အနိုင်ရခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း (၁၅) ပွဲမှာ ရှုံးပွဲမရှိထားပါဘူး။ သူတို့အသင်း နောက်ဆုံးရှုံးခဲ့တာက ၂၀၂၀ ဇန်နဝါရီတုန်းက လီဗာပူးလ်ကို ရှုံးခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ် အိမ်ကွင်းမှာ ၂၀၁၇ ဧပြီလကတည်းက ရှုံးပွဲမရှိထားတဲ့ အသင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟောင်းကတော့ သူ့အသင်းဟာ တနင်္ဂနွေနေ့ပွဲမှာ အဆိုပါ စံချိန်ကို ဆက်ပြီး ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပြီး အမှတ်ပေးဇယားကိုလည်း ဆက်ပြီး စိန်ခေါ်သွားမယ်လို့ ယုံကြည်နေပါတယ်။

ယူႏိုက္တက္အသင္းက အမွတ္ေပးဇယားမွာ ေနရာမွား ေရာက္ေနတယ္လို႔ ဆိုလိုက္တဲ့ လီဗာပူးလ္ကြင္းလယ္လူေဟာင္း

ယူႏိုက္တက္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆံုးကို ေရာက္ေနတာဟာ ေနရာမွားေရာက္ေနတာ ျဖစ္ၿပီး ၿပိဳင္ပြဲခရီးေပါက္လာတာနဲ႔ ေအာက္ကို ေရာက္သြားမယ္လို႔ လီဗာပူးလ္ကြင္းလယ္ကစားသမားေဟာင္း ေဂ်ဆန္မက္ေအတီယာက ေျပာသြားခဲ့ပါတယ္။ ဆိုးလ္ရွားရဲ႕အသင္းဟာ အဂၤါေန႔ကဘန္ေလအသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ လက္ရွိခ်န္ပီယံလီဗာပူးလ္အသင္းထက္ (၃) မွတ္အသာရသြားၿပီး အမွတ္ေပးဇယားထိပ္ဆံုးကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သူတို႔ (၂) သင္းဟာ ဒီတစ္ပတ္ တနဂၤေႏြေန႔မွာ အန္ဖီးလ္၌ ရင္ဆိုင္ကစားၾကရမွာျဖစ္ၿပီး မက္ေအတီယာကေတာ့ ယူႏိုက္တက္ဟာ ကံေကာင္းၿပီး အဲ့ဒီပြဲမတိုင္ခင္ အမွတ္ေပးဇယားထိပ္ဆံုးကို တက္လွမ္းေနတာ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ “ယူႏိုက္တက္အသင္း အမွတ္ေပးဇယားထိပ္ဆံုးမွာ ရပ္တည္ေနတာက ေနရာမွားေနတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဘန္ေလနဲ႔ ပြဲက ခက္ခဲတ့ဲ ပြဲျဖစ္ခဲ့ေပမယ့္ သူတို႔ဟာ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဒါက ယူႏိုက္တက္မွာ ရွိေနတဲ့ စိတ္ဓာတ္ပိုင္းဆိုင္းရာပါ။

ဒါေပမယ့္ အိုလီမွာ အျခားအသင္းေတြလို ဒဏ္ရာျပႆနာကစားသမားေတြ မရွိပါဘူး။ ဒါ့အျပင္ သူ႔မွာ ကစားသမားေတြလည္း ေရြးခ်ယ္ဖို႔ အမ်ားႀကီးရွိေနပါတယ္” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဘန္ေလအသင္းကို အႏိုင္ရခဲ့ၿပီးေနာက္ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အေ၀းကြင္း (၁၅) ပြဲမွာ ရႈံးပြဲမရွိထားပါဘူး။ သူတို႔အသင္း ေနာက္ဆံုးရႈံးခဲ့တာက ၂၀၂၀ ဇန္နဝါရီတုနး္က လီဗာပူးလ္ကို ရႈံးခဲ့တာပဲ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကေတာ့ ပရီးမီးယားလိဂ္ အိမ္ကြင္းမွာ ၂၀၁၇ ဧၿပီလကတည္းက ရႈံးပြဲမရွိထားတဲ့ အသင္းျဖစ္ပါတယ္။ ကြင္းလယ္ကစားသမားေဟာင္းကေတာ့ သူ႔အသင္းဟာ တနဂၤေႏြေန႔ပြဲမွာ အဆိုပါ စံခ်ိန္ကို ဆက္ၿပီး ထိန္းထားႏိုင္မယ္လို႔ ယံုၾကည္ေနၿပီး အမွတ္ေပးဇယားကိုလည္း ဆက္ၿပီး စိန္ေခၚသြားမယ္လို႔ ယံုၾကည္ေနပါတယ္။