သောမတ်စ်ပါတေး ပြန်ကစားနိုင်မှာဖြစ်လို့ စိတ်လှုပ်ရှားနေတဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက သောမတ်စ်ပါတေး အသင်းမှာ ပြန်ကစားနိုင်တော့မှာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ဂါနာ လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းအတွက် (၆) ပွဲသာ ကစားခဲ့ရပြီး နောက် ပေါင်ခြံဒဏ်ရာကြောင့် ပြီးခဲ့တဲ့ (၂)လကတည်းက အနားယူခဲ့ရသူ ဖြစ်ပါတယ်။

သို့သော်လည်း သောမတ်စ်ပါတေးဟာ ကြာသပတေးနေ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲမှာ ပါဝင်လာမှာဖြစ်ပြီး အာတီတာကလည်း သူပြန်ကစားနိုင်မှာနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေပါတယ်။

“သူရှိနေတာကိုက ထူးခြားချက်ဖြစ်နေတာပါ။ သူဟာ အသင်းကို မတူခြားနားတာ ယူဆောင်လာသူပါ။ ဒါက သူ့ရဲ့ အရည်အသွေးကြောင့်မဟုတ်ပါဘူး။ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကြောင့်လည်း မဟုတ်ပါဘူး။ သူက သူဖြစ်နေလို့ပါပဲ။

သူဟာ သူ့အနားက ကစားသမားတွေကို ပိုကောင်းစေပြီး အဲ့ဒါက တစ်ကယ့်အကြီးအကြီးဆုံး အရည်အသွေးပါ။ အခုလို ဇန်နဝါရီကာလမျိုးမှာ ဒါက အရမ်းလိုအပ်ပါတယ်။ ကျွန်တော်တို့ သူ့ကို အောက်တိုဘာလက လက်မှတ်ထိုးခေါ်ယူခဲ့တာဖြစ်ပြီး သူနဲ့ ပွဲအနည်းငယ်ပဲကစားခဲ့ရပါသေးတယ်” လို့ အာတီတာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ေသာမတ္စ္ပါေတး ျပန္ကစားႏိုင္မွာျဖစ္လို႔ စိတ္လႈပ္ရွားေနတဲ့ အာဆင္နယ္နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ အာတီတာက ေသာမတ္စ္ပါေတး အသင္းမွာ ျပန္ကစားႏိုင္ေတာ့မွာနဲ႔ ပတ္သက္ၿပီး စိတ္လႈပ္ရွားေနပါတယ္။ ဂါနာ လက္ေရြးစင္ ကြင္းလယ္ကစားသမားဟာ အာဆင္နယ္အသင္းအတြက္ (၆) ပြဲသာ ကစားခဲ့ရၿပီး ေနာက္ ေပါင္ျခံဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ (၂)လကတည္းက အနားယူခဲ့ရသူ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ေသာမတ္စ္ပါေတးဟာ ၾကာသပေတးေန႔ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပြဲမွာ ပါ၀င္လာမွာျဖစ္ၿပီး အာတီတာကလည္း သူျပန္ကစားႏိုင္မွာနဲ႔ ပတ္သက္ၿပီး ေပ်ာ္ရႊင္ေနပါတယ္။

“သူရွိေနတာကိုက ထူးျခားခ်က္ျဖစ္ေနတာပါ။ သူဟာ အသင္းကို မတူျခားနားတာ ယူေဆာင္လာသူပါ။ ဒါက သူ႔ရဲ႕ အရည္အေသြးေၾကာင့္မဟုတ္ပါဘူး။ သူ႔ရဲ႕ ၾကံ့ခိုင္မႈပိုင္းေၾကာင့္လည္း မဟုတ္ပါဘူး။ သူက သူျဖစ္ေနလို႔ပါပဲ။

သူဟာ သူ႔အနားက ကစားသမားေတြကို ပိုေကာင္းေစၿပီး အဲ့ဒါက တစ္ကယ့္အႀကီးအႀကီးဆံုး အရည္အေသြးပါ။ အခုလို ဇန္နဝါရီကာလမ်ိဳးမွာ ဒါက အရမ္းလိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ သူ႔ကို ေအာက္တိုဘာလက လက္မွတ္ထိုးေခၚယူခဲ့တာျဖစ္ၿပီး သူနဲ႔ ပြဲအနည္းငယ္ပဲကစားခဲ့ရပါေသးတယ္” လို႔ အာတီတာက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။