ယူနိုက်တက်နဲ့ လမ်းခွဲတော့မယ် အစ်ဂ်ဟာလိုကို အီတလီကလပ်များက ခေါ်ယူချင်

ယူနိုက်တက်တိုက်စစ်မှူး အစ်ဂ်ဟာလိုကို အခုအပြောင်းအရွှေ့ရာသီမှာ အီတလီစီးရီးအေ ကလပ်များက ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ အစ်ဂ်ဟာလိုဟာ ရှန်ဟိုင်းရှန်ဟွာ အသင်းကနေ ယူနိုက်တက်ဆီ အငှားနဲ့ လာရောက်ကစားနေသူဖြစ်ပြီး တရုတ်ကလပ်အသင်းထံ ပြန်သွားရန် နီးစပ်နေပြီဖြစ်ပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားရဲ့ ရှန်ဟိုင်းရှန်ဟွာအသင်းနဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၁ ဒီဇင်ဘာလမှာ ကုန်ဆုံးမှာပါ။ သို့သော်လည်း သတင်းများအရ အူဒီးနီစ့် တိုက်စစ်မှူးဟောင်းကို ဒီလမှာ အီတလီစီးရီးအေက ကလပ်အသင်းတွေက ခေါ်ယူရန်ဆက်သွယ်ကမ်းလှမ်းမှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗဟိုတိုက်စစ်မှူးအတွက် ကာတာ နဲ့ ဆော်ဒီ တို့ကလည်း လတ်တလော မြင့်မားတဲ့ ကမ်းလှမ်းမှုတွေ လုပ်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ယူႏိုက္တက္နဲ႔ လမ္းခြဲေတာ့မယ္ အစ္ဂ္ဟာလိုကို အီတလီကလပ္မ်ားက ေခၚယူခ်င္

ယူႏိုက္တက္တိုက္စစ္မွဴး အစ္ဂ္ဟာလိုကို အခုအေျပာင္းအေရႊ႕ရာသီမွာ အီတလီစီးရီးေအ ကလပ္မ်ားက ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။ အစ္ဂ္ဟာလိုဟာ ရွန္ဟိုင္းရွန္ဟြာ အသင္းကေန ယူႏိုက္တက္ဆီ အငွားနဲ႔ လာေရာက္ကစားေနသူျဖစ္ၿပီး တ႐ုတ္ကလပ္အသင္းထံ ျပန္သြားရန္ နီးစပ္ေနၿပီျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားလက္ေရြးစင္ကစားသမားရဲ႕ ရွန္ဟိုင္းရွန္ဟြာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကလည္း ၂၀၂၁ ဒီဇင္ဘာလမွာ ကုန္ဆံုးမွာပါ။ သို႔ေသာ္လည္း သတင္းမ်ားအရ အူဒီးနီစ့္ တိုက္စစ္မွဴးေဟာင္းကို ဒီလမွာ အီတလီစီးရီးေအက ကလပ္အသင္းေတြက ေခၚယူရန္ဆက္သြယ္ကမ္းလွမ္းမႈေတြ လုပ္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဗဟိုတိုက္စစ္မွဴးအတြက္ ကာတာ နဲ႔ ေဆာ္ဒီ တို႔ကလည္း လတ္တေလာ ျမင့္မားတဲ့ ကမ္းလွမ္းမႈေတြ လုပ္ထားတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။