ဒီယယ်လို ကွင်းထဲကို အခြေချပြီး နောက်နေ့ ယူနိုက်တက်အသင်း အမှတ်ပေးဇယားထိပ်ဆုံးရောက်

ဒီယယ်လိုဟာ ပြီးခဲ့တဲ့အပတ်က စီးရီးအေကလပ် အတ္တလန္တာအသင်းဆီကနေ ယူနိုက်တက်ကို ပေါင် ၃၇ သန်းနဲ့ အပြီးသတ်ရောက်ရှိလာသူ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးတဲ့ ကစားသမားဟာ ယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းထဲကို ဗုဒ္ဓဟူးနေ့က စတင်အခြေချခွင့် ရခဲ့ပါတယ်။

သူခြေချပြီး နောက်တစ်ရက်မှာ ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းကို အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ပရိသတ်တွေလည်း အသင်းက အသစ်ခေါ်ယူထားတဲ့ ကစားသမားကို အပြီးသတ်ခေါ်ယူပြီးကတည်းက အခုအချိန်မှာ အသင်းအင်္ကျီ နဲ့ ပထမဆုံးမြင်တွေ့ခွင့်ရတာပါ။

ဒီယယ်လိုဟာ ယူနိုက်တက်ကို မရောက်ခင် အတ္တလန္တာအသင်းကြီးမှာ (၅) ပွဲကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ ဒီယယ်လိုဟာ ယူနိုက်တက်မှာ ကျောနံပါတ် (၁၉) ကို ဝတ်ဆင်မှာ ဖြစ်ပြီး အဲ့ဒီနံပါတ်ကို အရင်က ရပ်ရှ်ဖိုဒ့် နဲ့ ဒွိုက်ယော့ခ်တို့ ဝတ်ဆင်ခဲ့တာပါ။

“ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နွေရာသီကတည်းက စောင့်ခဲ့တာက အခုတော့ အိပ်မက်တွေ အမှန်တစ်ကယ်ဖြစ်မြောက်လာပါပြီ။

ကျွန်တော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေရှိပြီး ပွဲတွေအတွင်းမှာလည်း ကျွန်တော်ရယူချင်တာတွေ ရှိပါတယ်။ နည်းပြနဲ့ စကားပြောပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့ အသင်းကို ရွေးချယ်ခဲ့တာကို သိခဲ့ရပါတယ်။ ဒီအသင်းမှာ အရမ်းကောင်းတဲ့ လူတွေ အများကြီးရှိလို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ နေ့တိုင်း ကျွန်တော်ဟာ သင်ယူသွားပြီး အလုပ်ကြိုးစားသွားမယ်လို့ ကတိပေးနိုင်ပါတယ်” လို့ ဒီယယ်လိုက ပြောသွားခဲ့ပါတယ်။

ဒီယယ္လို ကြင္းထဲကို အေျခခ်ၿပီး ေနာက္ေန႔ ယူႏိုက္တက္အသင္း အမွတ္ေပးဇယားထိပ္ဆံုးေရာက္

ဒီယယ္လိုဟာ ၿပီးခဲ့တဲ့အပတ္က စီးရီးေအကလပ္ အတၱလႏၲာအသင္းဆီကေန ယူႏိုက္တက္ကို ေပါင္ ၃၇ သန္းနဲ႔ အၿပီးသတ္ေရာက္ရွိလာသူ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္ပဲ ရွိေသးတဲ့ ကစားသမားဟာ ယူႏိုက္တက္အသင္းရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းထဲကို ဗုဒၶဟူးေန႔က စတင္အေျခခ်ခြင့္ ရခဲ့ပါတယ္။ သူေျခခ်ၿပီး ေနာက္တစ္ရက္မွာ ယူႏိုက္တက္အသင္းဟာ ဘန္ေလအသင္းကို အႏိုင္ရၿပီး အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္ပရိသတ္ေတြလည္း အသင္းက အသစ္ေခၚယူထားတဲ့ ကစားသမားကို အၿပီးသတ္ေခၚယူၿပီးကတည္းက အခုအခ်ိန္မွာ အသင္းအက်ႌ နဲ႔ ပထမဆုံးျမင္ေတြ႕ခြင့္ရတာပါ။

ဒီယယ္လိုဟာ ယူႏိုက္တက္ကို မေရာက္ခင္ အတၱလႏၲာအသင္းႀကီးမွာ (၅) ပြဲကစားခြင့္ရခဲ့သူျဖစ္ပါတယ္။ ဒီယယ္လိုဟာ ယူႏိုက္တက္မွာ ေက်ာနံပါတ္ (၁၉) ကို ဝတ္ဆင္မွာ ျဖစ္ၿပီး အဲ့ဒီနံပါတ္ကို အရင္က ရပ္ရွ္ဖိုဒ့္ နဲ႔ ဒြိဳက္ေယာ့ခ္တို႔ ဝတ္ဆင္ခဲ့တာပါ။

“ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ ေႏြရာသီကတည္းက ေစာင့္ခဲ့တာက အခုေတာ့ အိပ္မက္ေတြ အမွန္တစ္ကယ္ျဖစ္ေျမာက္လာပါၿပီ။ ကြၽန္ေတာ့္မွာ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြရွိၿပီး ပြဲေတြအတြင္းမွာလည္း ကြၽန္ေတာ္ရယူခ်င္တာေတြ ရွိပါတယ္။ နည္းျပနဲ႔ စကားေျပာၿပီးတဲ့ေနာက္မွာေတာ့ ကြၽန္ေတာ္ဟာ ၿပီးျပည့္စုံတဲ့ အသင္းကို ေ႐ြးခ်ယ္ခဲ့တာကို သိခဲ့ရပါတယ္။ ဒီအသင္းမွာ အရမ္းေကာင္းတဲ့ လူေတြ အမ်ားႀကီးရွိလို႔ အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။ ေန႔တိုင္း ကြၽန္ေတာ္ဟာ သင္ယူသြားၿပီး အလုပ္ႀကိဳးစားသြားမယ္လို႔ ကတိေပးႏိုင္ပါတယ္” လို႔ ဒီယယ္လိုက ေျပာသြားခဲ့ပါတယ္။