လင်ဂတ်ကို အသင်းက ထွက်ခွာခွင့် ပြုမှာ မဟုတ်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်ကစားသမား လင်ဂတ်ကို ဒီရာသီမှာ အသင်းမှာ ပဲ ဆက်ရှိစေချင်နေတယ်လို့ သိရပါတယ်။ လင်ဂတ်ကို အခုဇန်နဝါရီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကအပြင် အခြားဥရောပအသင်းတွေက ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်မရတာ တစ်နှစ်ကျော် ကြာနေပါပြီ။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဒီတစ်ပတ်အတွင်းကစားခဲ့တဲ့ ဝက်ဖိုဒ့်နဲ့ အက်ဖ်အေဖလားပွဲမှာလည်း ပါဝင်ကစားခွင့်ရခဲ့ပေမယ့် သူ့ရဲ့ ရှေ့ဆက်ကစားခွင့်ဟာ ကန့်သတ်ခြင်းခံထားရှိနေတာ ဖြစ်ပါတယ်။


လင်ဂတ်ရဲ့ အေးဂျင့်ဖြစ်သူက နိုက်စ်အသင်းဆီကို အငှား အပြောင်းအရွှေ့အတွက်ဆွေးနွေးနေတယ်လို့လည်း စကိုင်းစပေါ့က အဆိုအရ သိရပါတယ်။သို့သော်လည်း တယ်လီဂရပ်ဖ်သတင်းဌာနက ဖော်ပြချက်အရ ဆိုးလ်ရှားကတော့ လင်ဂတ်ကို သရဲနီတို့နဲ့အတူ အသင်းမှာ ဆက်ရှိနေစေချင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အင်တာမီလန်အသင်းမှာ ကစားနေတဲ့ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူ နဲ့ အက်ရှ်လေယန်းတို့က လင်ဂတ်ကို စီးရီးအေကို လာကစားစေချင်တယ်လို့ သိရပါတယ်။ လင်ဂတ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၂ မှာ ကုန်ဆုံးမှာဖြစ်လို့ ဒီလမှာ သူ့ကို ခေါ်ယူမယ်ဆိုရင် ခေါ်ယူလို့ရနေတာ ဖြစ်ပါတယ်။ကွန်တီကလည်း အသင်းမှာ ရုန်းကန်နေရတဲ့ အဲရစ်ဆင်နေရာမှာ လင်ဂတ် နဲ့ အစားထိုးရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

လင္ဂတ္ကို အသင္းက ထြက္ခြာခြင့္ ျပဳမွာ မဟုတ္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ကြင္းလယ္ကစားသမား လင္ဂတ္ကို ဒီရာသီမွာ အသင္းမွာ ပဲ ဆက္ရွိေစခ်င္ေနတယ္လို႔ သိရပါတယ္။ လင္ဂတ္ကို အခုဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ပရီးမီးယားလိဂ္ကအျပင္ အျခားဥေရာပအသင္းေတြက ေခၚယူရန္ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကစားသမားေဟာင္းဟာ ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားခြင့္မရတာ တစ္ႏွစ္ေက်ာ္ ၾကာေနပါၿပီ။ အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားဟာ ဒီတစ္ပတ္အတြင္းကစားခဲ့တဲ့ ဝက္ဖိုဒ့္နဲ႔ အက္ဖ္ေအဖလားပြဲမွာလည္း ပါဝင္ကစားခြင့္ရခဲ့ေပမယ့္ သူ႔ရဲ႕ ေရွ႕ဆက္ကစားခြင့္ဟာ ကန႔္သတ္ျခင္းခံထားရွိေနတာ ျဖစ္ပါတယ္။

လင္ဂတ္ရဲ႕ ေအးဂ်င့္ျဖစ္သူက ႏိုက္စ္အသင္းဆီကို အငွား အေျပာင္းအေ႐ႊ႕အတြက္ေဆြးေႏြးေနတယ္လို႔လည္း စကိုင္းစေပါ့က အဆိုအရ သိရပါတယ္။သို႔ေသာ္လည္း တယ္လီဂရပ္ဖ္သတင္းဌာနက ေဖာ္ျပခ်က္အရ ဆိုးလ္ရွားကေတာ့ လင္ဂတ္ကို သရဲနီတို႔နဲ႔အတူ အသင္းမွာ ဆက္ရွိေနေစခ်င္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း အင္တာမီလန္အသင္းမွာ ကစားေနတဲ့ ယူႏိုက္တက္ကစားသမားေဟာင္းေတြျဖစ္တဲ့ လူကာကူ နဲ႔ အက္ရွ္ေလယန္းတို႔က လင္ဂတ္ကို စီးရီးေအကို လာကစားေစခ်င္တယ္လို႔ သိရပါတယ္။ လင္ဂတ္ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၂ မွာ ကုန္ဆုံးမွာျဖစ္လို႔ ဒီလမွာ သူ႔ကို ေခၚယူမယ္ဆိုရင္ ေခၚယူလို႔ရေနတာ ျဖစ္ပါတယ္။ကြန္တီကလည္း အသင္းမွာ ႐ုန္းကန္ေနရတဲ့ အဲရစ္ဆင္ေနရာမွာ လင္ဂတ္ နဲ႔ အစားထိုးရန္ ရည္႐ြယ္ထားတာျဖစ္ပါတယ္။