နောက်ဆုံး ၁၀ နှစ်မှာ ပွဲစဉ် ၁၇ အပြီးအမှတ်ပေးဇယားကို ဦးဆောင်သူက ချန်ပီယံ ၈ ကြိမ်ဖြစ်ခဲ့လို့ ယူနိုက်တက်လည်း ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းဖော်ပြနေကြ


အချက်အလက်စစ်တမ်းတွေကို ကောက်ယူပြီး ဖော်ပြလေ့ရှိတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ရာသီမှာ ပွဲစဉ်-၁၇ အပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့ အသင်းက ရာသီအကုန်မှာ ချန်ပီယံဖြစ်တာ ၈ ကြိမ်အထိရှိတာကြောင့် ဒီရာသီ ပွဲစဉ်-၁၇ အပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ယူနိုက်တက်အနေနဲ့လည်း ချန်ပီ ယံဖြစ်နိုင်တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။


ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ၁၀ ရာသီမှာ ပွဲစဉ်-၁၇ အပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းအနေနဲ့ ရာသီအ ကုန်မှာ ချန်ပီယံမဖြစ်ခဲ့တာ နှစ်ကြိမ်သာ ရှိခဲ့ပါတယ်။ ၂၀၁၃-၁၄ ၊ ၂၀၁၈-၁၉ ခုနှစ်တွေမှာ လီဗာပူးအနေနဲ့ ပွဲစဉ်-၁၇ အပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် ရာသီအကုန်မှာတော့ ချန်ပီယံမဖြစ်ခဲ့ဘဲ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါ တယ်။ ယူနိုက်တက်ကလည်း နည်းပြကြီး ဖာဂူဆန်အနားယူသွားတဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်ခဲ့တာကြောင့် ချန်ပီယံဆုရယူနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။


ဘန်လေကို တစ်ဂိုးဂိုးမရှိတဲ့အနိုင်ရပြီးနောက် ယူနိုက်တက်ဟာ လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးကို ၃ မှတ်ဖြစ်ပြီးအမှတ်ပေး ဇယားထိပ်ဆုံးနေရာကို ဦးဆောင်ထားပါတယ်။ ဒီတစ်ပတ်ကစားမယ့် ပွဲစဉ်မှာတော့ ယူနိုက်တက်နဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံနေတာကြောင့် ယူနိုက်တက်အနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးကို ၆ မှတ်ဖြတ်ထားနိုင်မှာ ဖြစ်တာကြောင့် ချန်ပီ ယံဖြစ်ဖို့ အခွင့်အရေးပိုများသွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

zawgyi version

ေနာက္ဆံုး ၁၀ ႏွစ္မွာ ပြဲစဥ္ ၁၇ အၿပီးအမွတ္ေပးဇယားကို ဦးေဆာင္သူက ခ်န္ပီယံ ၈ ႀကိမ္ျဖစ္ခဲ့လို႔ ယူႏိုက္တက္လည္း ခ်န္ပီယံျဖစ္မယ္လို႔ ခန္႔မွန္းေဖာ္ျပေနၾက
အခ်က္အလက္စစ္တမ္းေတြကို ေကာက္ယူၿပီး ေဖာ္ျပေလ့ရွိတဲ့ အဖြဲ႕အစည္းတစ္ခုရဲ႕ ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္ ေနာက္ဆံုး ၁၀ ရာသီမွာ ပြဲစဥ္-၁၇ အၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္တဲ့ အသင္းက ရာသီအကုန္မွာ ခ်န္ပီယံျဖစ္တာ ၈ ႀကိမ္အထိရွိတာေၾကာင့္ ဒီရာသီ ပြဲစဥ္-၁၇ အၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ယူႏိုက္တက္အေနနဲ႔လည္း ခ်န္ပီ ယံျဖစ္ႏိုင္တယ္လို႔ The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ ေနာက္ဆံုး ၁၀ ရာသီမွာ ပြဲစဥ္-၁၇ အၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အသင္းအေနနဲ႔ ရာသီအ ကုန္မွာ ခ်န္ပီယံမျဖစ္ခဲ့တာ ႏွစ္ႀကိမ္သာ ရွိခဲ့ပါတယ္။ ၂၀၁၃-၁၄ ၊ ၂၀၁၈-၁၉ ခုႏွစ္ေတြမွာ လီဗာပူးအေနနဲ႔ ပြဲစဥ္-၁၇ အၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနေပမယ့္ ရာသီအကုန္မွာေတာ့ ခ်န္ပီယံမျဖစ္ခဲ့ဘဲ ဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါ တယ္။ ယူႏိုက္တက္ကလည္း နည္းျပႀကီး ဖာဂူဆန္အနားယူသြားတဲ့ ၂၀၁၂-၁၃ ေဘာလံုးရာသီေနာက္ပိုင္းကတည္းက ပရီးမီးယားလိဂ္ခ်န္ပီယံ မျဖစ္ခဲ့တာေၾကာင့္ ခ်န္ပီယံဆုရယူႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။
ဘန္ေလကို တစ္ဂိုးဂိုးမရွိတဲ့အႏိုင္ရၿပီးေနာက္ ယူႏိုက္တက္ဟာ လက္ရွိခ်န္ပီယံျဖစ္တဲ့ လီဗာပူးကို ၃ မွတ္ျဖစ္ၿပီးအမွတ္ေပး ဇယားထိပ္ဆံုးေနရာကို ဦးေဆာင္ထားပါတယ္။ ဒီတစ္ပတ္ကစားမယ့္ ပြဲစဥ္မွာေတာ့ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ ထိပ္တိုက္ ေတြ႕ဆံုေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ အႏိုင္ရခဲ့မယ္ဆိုရင္ လီဗာပူးကို ၆ မွတ္ျဖတ္ထားႏိုင္မွာ ျဖစ္တာေၾကာင့္ ခ်န္ပီ ယံျဖစ္ဖို႔ အခြင့္အေရးပိုမ်ားသြားမွာ ျဖစ္တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။