ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတဲ့ ဆာလာ လီဗာပူးလ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ဆိုလိုက်တဲ့ ဖေဘင်ဟို

လီဗာပူးလ်ကွင်းလယ်ကစားသမား ဖေဘင်ဟိုက အသင်းဖော် တောင်ပံတိုက်စစ်မှူး ဆာလာဟာ အသင်းမှာ ပျော်ရွှင်နေတယ်လို့ ယုံကြည်နေပါတယ်။ အီဂျစ်တိုက်စစ်ကစားသမား ကို နွေရာသီအပြောင်းအရွှေ့တုန်းက ရီးရဲလ်မက်ဒရစ်ကဆက်သွယ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဆာလာကတော့ လီဗာပူးလ်အသင်းမှာ မပျော်ရွှင်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့တဲ့အပြင် သူ့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်အထိ ရှိနေပါတယ်။ သို့သော်လည်း သူဟာ အင်တာဗျူးတစ်ခုမှာ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာအသင်းလို အသင်းမျိုးဆီကို သွားကစားဖွယ်ရှိတယ်လို့ အရိပ်အမွက် ပြောခဲ့ဖူးတာဖြစ်ပါတယ်။

“ကစားသမားကောင်းတွေက သူတို့လိုအသင်းတွေနဲ့ ကောလဟာလတွေ အမြဲထွက်ပေါ်လေ့ရှိပါတယ်။ ဆာလာက လီဗာပူးလ်အသင်းအတွက် ကစားပေးနေပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို အခြားအသင်းတွေ စိတ်ဝင်စားသာ သာမန်လို့ ထင်ပါတယ်။ အထူးသဖြင့် အခြားလိဂ်တွေက အသင်းတွေပေါ့။

ဘာပဲဖြစ်ဖြစ် သူဒီမှာ သူ့ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ပျော်ရွှင် ကျေနပ်နေတာကို ကျွန်တော် မြင်ရပါတယ်။ သူဟာ အရမ်းကို ကြိုးစားသူပါ။ သူဟာ အကောင်းဆုံး ဖြစ်ချင်နေသူပါ။ သူဟာ အသင်းကို ကူညီဖို့ အလုပ်အရမ်းကြိုးစားနေပါတယ်။

သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီး သူ့အပေါ် ဘာသက်ရောက်မှုမှ ရှိမယ်လို့ ကျွန်တော်မမြင်ပါဘူး။ သူက သတင်းတွေလည်း မဖတ်ပါဘူး။ ဒါကြောင့် ကောလဟာလတွေက ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ ကစားသမားကောင်းတွေကို အသင်းကြီးတွေက လိုချင်နေကြတာပါပဲ” လို့ ဖေဘင်ဟိုက သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္က စိတ္၀င္စားေနတဲ့ ဆာလာ လီဗာပူးလ္အသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ဆိုလိုက္တဲ့ ေဖဘင္ဟို

လီဗာပူးလ္ကြင္းလယ္ကစားသမား ေဖဘင္ဟိုက အသင္းေဖာ္ ေတာင္ပံတိုက္စစ္မွဴး ဆာလာဟာ အသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ယံုၾကည္ေနပါတယ္။ အီဂ်စ္တိုက္စစ္ကစားသမား ကို ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ရီးရဲလ္မက္ဒရစ္ကဆက္သြယ္မႈေတြ လုပ္ခဲ့တာျဖစ္ပါတယ္။ ဆာလာကေတာ့ လီဗာပူးလ္အသင္းမွာ မေပ်ာ္ရႊင္ဘူးလို႔ ဘယ္တုန္းကမွ မေျပာခဲ့တဲ့အျပင္ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ခုႏွစ္အထိ ရွိေနပါတယ္။ သို႔ေသာ္လည္း သူဟာ အင္တာဗ်ဴးတစ္ခုမွာ ရီးရဲလ္မက္ဒရစ္ နဲ႔ ဘာစီလိုနာအသင္းလို အသင္းမ်ိဳးဆီကို သြားကစားဖြယ္ရွိတယ္လို႔ အရိပ္အမြက္ ေျပာခဲ့ဖူးတာျဖစ္ပါတယ္။

“ကစားသမားေကာင္းေတြက သူတို႔လိုအသင္းေတြနဲ႔ ေကာလဟာလေတြ အၿမဲထြက္ေပၚေလ့ရွိပါတယ္။ ဆာလာက လီဗာပူးလ္အသင္းအတြက္ ကစားေပးေနၿပီး ကမာၻ႕အေကာင္းဆံုးအသင္းေတြထဲက တစ္သင္းပါ။ ဒါေၾကာင့္ ကၽြန္ေတာ္ကေတာ့ သူ႔ကို အျခားအသင္းေတြ စိတ္၀င္စားသာ သာမန္လို႔ ထင္ပါတယ္။ အထူးသျဖင့္ အျခားလိဂ္ေတြက အသင္းေတြေပါ့။

ဘာပဲျဖစ္ျဖစ္ သူဒီမွာ သူ႔ရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ၿပီး ေပ်ာ္ရႊင္ ေက်နပ္ေနတာကို ကၽြန္ေတာ္ ျမင္ရပါတယ္။ သူဟာ အရမ္းကို ႀကိဳးစားသူပါ။ သူဟာ အေကာင္းဆံုး ျဖစ္ခ်င္ေနသူပါ။ သူဟာ အသင္းကို ကူညီဖို႔ အလုပ္အရမ္းႀကိဳးစားေနပါတယ္။

သတင္းေတြ ထြက္ေနတာနဲ႔ ပတ္သက္ၿပီး သူ႔အေပၚ ဘာသက္ေရာက္မႈမွ ရွိမယ္လို႔ ကၽြန္ေတာ္မျမင္ပါဘူး။ သူက သတင္းေတြလည္း မဖတ္ပါဘူး။ ဒါေၾကာင့္ ေကာလဟာလေတြက ဘာမွ မဟုတ္ပါဘူး။ ကၽြန္ေတာ္ေျပာခဲ့သလိုပါပဲ ကစားသမားေကာင္းေတြကို အသင္းႀကီးေတြက လိုခ်င္ေနၾကတာပါပဲ” လို႔ ေဖဘင္ဟိုက သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။