ဂွမ်ဒူဇီကို ဟာသာဘာလင်အသင်းဆီကနေ ပြန်ခေါ်ရန် စိတ်မဝင်စားသေးတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ဂွမ်ဒူဇီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူ မစဉ်းစားထားဘူးလို့ သိရပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဂျာမန်ဘွန်ဒက်စ်လီဂါ ဟာသာဘာလင်မှာ ကစားခဲ့တဲ့ ပထမရာသီဝက်မှာ ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။ ဂွမ်ဒူဇီဟာ နောက်ရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့မှာအသင်းကနေ ရောင်းချခံရဖွယ်ရှိနေပါတယ်။

သို့သော်လည်း အီတလီက သတင်းထောက်ဖြစ်တဲ့ ဖာဘရီဇီယို ရိုမန်နိုရဲ့ ပြောကြားချက်အရ အာဆင်နယ်အသင်းဘက်ကလည်း ဂွမ်ဒူဇီကို ပြန်ခေါ်ယူသွားဖို့ မရှိဘူး လို့ သိရပါတယ်။ သူဟာ မနှစ်ကာ ရာသီအကုန်က အာဆင်နယ်နည်းပြ အာတီတာရဲ့ ချန်လှပ်ထားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

ရိုမန်နိုက “ ဂွမ်ဒူဇီကို အာဆင်နယ်အသင်းက ဇန်နဝါရီမှာ ပြန်ခေါ်ဖို့ မရှိပါဘူး။ ဟာသာဘာလင်အသင်းကလည်း သူ့ကို ရာသီကုန်အထိ အသင်းမှာ ဆက်ရှိစေချင်နေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။



