အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ခွင့်ရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပဲလို့ ဆိုလိုက်တဲ့ ပေါ့ဘာ
မနေ့ညက ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ တစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ပေါ့ဘာကတော့ တနင်္ဂနွေနေ့ လီဗာပူးလ်အသင်းနဲ့ မကစားမီ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ခွင့်ရတဲ့အတွက် ဝမ်းသာနေပါတယ်။
သူက “ ဒါက ကြီးမားပါတယ်။ ပရိသတ်တွေအတွက်ကော ကျွန်တော်တို့အတွက် ကြီးမားတဲ့ အခိုက်အတန့်ပါ။ ဒါပေမယ့် ခရီးက အရှည်ကြီးပါ အများကြီး ဆက်သွားဖို့ ကျန်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီခြေစွမ်းကို ဆက်ထိန်းထားဖို့ လိုအပ်ပြီး ဇယားထိပ်ဆုံးမှာ ဆက်ရှိနေရပါမယ်။
အခု အဲ့ဒီလို လုပ်ဖို့ ခက်ခဲပါတယ်။ ဒီနေ့ ပွဲက ခက်ခဲတဲ့ ပွဲဖြစ်ခဲ့ပြီး ရှေ့ဆက် ဒီထက် ပိုခက်ခဲသထက် ခက်လာလိမ့်မှာပါ။ ဒီနေ့ ကျွန်တော်တို့ဟာ ပွဲကို ဘယ်လောက် အာရုံစိုက်သလဲဆိုတာ သက်သေပြခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ တိုးတက်လာတာဖြစ်ပြီး ဒီထက် တိုးတက်လာဦးမှာပါ။ ကျွန်တော်တို့ဟာ အမှတ်ပေးလိဂ်ကို အာရုံစိုက်ထားပြီး ဒီအတိုင်းပဲ ဆက်သွားနေဖို့ လိုပါတယ်” လို့ ပြောသွားခဲ့ပါတယ်။