ဘန်လေအသင်းက ကြံ့ခိုင်မှုပိုင်း ပိုကောင်းပြီး အရမ်းကောင်းတဲ့ တိုက်စစ်မှူးတွေလည်း ရှိတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဒီနေ့ညက ကစားမယ့် ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို သတိထားရမယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရှုံးပွဲမကြုံဘူးဆိုရင် အမှတ်ပေးဇယားထိပ် အဆင့် (၁) နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဆိုးလ်ရှားက ” ဘန်လေအသင်းမှာ အားလုံးသိကြတဲ့ ဘားနက်စ်၊ ဝုဒ် ၊ ရိုဒရီဂွတ်ဇ်တို့လည်း အရည်အသွေးမြင့် ကစားသမားတွေရှိပါတယ်။ သူတို့ရဲ့ ဖြတ်တင်ဘောတွေ၊ ပေးပို့မှုတွေနဲ့ ကစားဟန်တွေအကြောင်းကို ကောင်းကောင်းသိပါတယ်။ သူတို့ဟာ ကြံ့ခိုင်မှုပိုင်း ပိုအားကောင်းတဲ့ အသင်းဖြစ်ပြီး တိုက်စစ်ကစားသမားတွေကလည်း အရမ်းကောင်းပါတယ်။

သူတို့အသင်းမှာလိုမျိုး ကြာကြာတွဲကစားဖူးတဲ့ တိုက်စစ်အတွဲမျိုး များများစားစားမရှိပါဘူး။ အဲ့ဒီလို အသင်းမျိုး နဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ အဲ့ဒီအတွက် ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ထားရပါမယ်” လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

အမှတ်ပေးဇယားနဲ့ ပတ်သက်ပြီးတော့လည်း “ အခုအချိန်အမှတ်ပေးဇယားက အရေးမကြီးသေးပါဘူး။ ဒါပေမယ့် အမှတ်တွေ ရနေဖို့တော့ လိုအပ်ပါတယ်။ မတ်လ နဲ့ ဧပြီ လ လောက် ရော်ကတဲ့အခါ အမှတ်ပေးဇယားက အနည်းနဲ့ အများတော့ အရေးကြီးပြီး ဆုံးဖြတ်လို့ ရနေပြီ” လို့ ထပ်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဘန္ေလအသင္းက ၾကံ့ခိုင္မႈပိုင္း ပိုေကာင္းၿပီး အရမ္းေကာင္းတဲ့ တိုက္စစ္မွဴးေတြလည္း ရွိတယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ဒီေန႔ညက ကစားမယ့္ ဘန္ေလအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ၿပိဳင္ဘက္အသင္းရဲ႕ တိုက္စစ္ကို သတိထားရမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ရႈံးပြဲမၾကံဳဘူးဆိုရင္ အမွတ္ေပးဇယားထိပ္ အဆင့္ (၁) ေနရာကို တက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္။

ဆိုးလ္ရွားက ” ဘန္ေလအသင္းမွာ အားလံုးသိၾကတဲ့ ဘားနက္စ္၊ ဝုဒ္ ၊ ႐ိုဒရီဂြတ္ဇ္တို႔လည္း အရည္အေသြးျမင့္ ကစားသမားေတြရွိပါတယ္။ သူတို႔ရဲ႕ ျဖတ္တင္ေဘာေတြ၊ ေပးပို႔မႈေတြနဲ႔ ကစားဟန္ေတြအေၾကာင္းကို ေကာင္းေကာင္းသိပါတယ္။ သူတို႔ဟာ ၾကံ့ခိုင္မႈပိုင္း ပိုအားေကာင္းတဲ့ အသင္းျဖစ္ၿပီး တိုက္စစ္ကစားသမားေတြကလည္း အရမ္းေကာင္းပါတယ္။ သူတို႔အသင္းမွာလိုမ်ိဳး ၾကာၾကာတြဲကစားဖူးတဲ့ တိုက္စစ္အတြဲမ်ိဳး မ်ားမ်ားစားစားမရွိပါဘူး။ အဲ့ဒီလို အသင္းမ်ိဳး နဲ႔ ကၽြန္ေတာ္တို႔ ရင္ဆိုင္ရမွာပါ။ အဲ့ဒီအတြက္ ကၽြန္ေတာ္တို႔ အေကာင္းဆံုး ျပင္ဆင္ထားရပါမယ္” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။

အမွတ္ေပးဇယားနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ အခုအခ်ိန္အမွတ္ေပးဇယားက အေရးမႀကီးေသးပါဘူး။ ဒါေပမယ့္ အမွတ္ေတြ ရေနဖို႔ေတာ့ လိုအပ္ပါတယ္။ မတ္လ နဲ႔ ဧၿပီ လ ေလာက္ ေရာ္ကတဲ့အခါ အမွတ္ေပးဇယားက အနည္းနဲ႔ အမ်ားေတာ့ အေရးႀကီးၿပီး ဆံုးျဖတ္လို႔ ရေနၿပီ” လို႔ ထပ္ၿပီး ေျပာသြားခဲ့တာ ျဖစ္ပါတယ္။