ဘရူနိုဖာနန်ဒက်စ်လို ကစားသမားမျိုး ထပ်ခေါ်ရန် မလိုအပ်တော့ဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းအနေနဲ့ ဒီလအပြောင်းအရွှေ့မှာ ဘရူနိုဖာနန်ဒက်စ်လို ကစားဟန်ရှိတဲ့ ကစားသမားမျိုးကို ခေါ်ယူရန် မလိုအပ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က စပို့တင်းလစ္စဘွန်းကနေ ရောက်ရှိလာကတည်းက ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြကစားနေသူ ဖြစ်ပါတယ်။

သူ့အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် (၂) နေရာမှာ ရပ်တည်နေပေမယ့် ဆိုးလ်ရှားကတော့ အခုလို အင်အားဖြည့်တင်းတာတွေ မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်။

“ အခြေအနေတွေက မနှစ်ကလို မတူညီတော့ပါဘူး။ ဒါ့ကြောင့် အဲ့ဒီလိုခေါ်ယူမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘရူနိုဟာ အသင်းမှာ ခြေစွမ်းပြနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကို ပိုကောင်းလာသူတစ်ယောက်ပါ။ ပြီးတော့ သူဟာ ပိုကောင်းလာနေတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ဒဏ်ရာရတာတွေ ပွဲပယ်တာတွေမျိုး ရှိလာနိုင်ပေမယ့် ကျွန်တော်တို့ဘက်ကလည်း အခြားပြင်ဆင်ထားတာတွေ ရှိပါတယ်” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဘ႐ူႏိုဖာနန္ဒက္စ္လို ကစားသမားမ်ိဳးကို ထပ္ေခၚရန္ မလိုအပ္ေတာ့ဘူးလို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းအေနနဲ႔ ဒီလအေျပာင္းအေရႊ႕မွာ ဘ႐ူႏိုဖာနန္ဒက္စ္လို ကစားဟန္ရွိတဲ့ ကစားသမားမ်ိဳးကို ေခၚယူရန္ မလိုအပ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ေပၚတူဂီလက္ေရြးစင္ကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္က စပို႔တင္းလစၥဘြန္းကေန ေရာက္ရွိလာကတည္းက ယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းျပကစားေနသူ ျဖစ္ပါတယ္။

သူ႔အသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားအဆင့္ (၂) ေနရာမွာ ရပ္တည္ေနေပမယ့္ ဆိုးလ္ရွားကေတာ့ အခုလို အင္အားျဖည့္တင္းတာေတြ မလိုအပ္ဘူးလို႔ ေျပာခဲ့ပါတယ္။

“ အေျခအေနေတြက မႏွစ္ကလို မတူညီေတာ့ပါဘူး။ ဒါ့ေၾကာင့္ အဲ့ဒီလိုေခၚယူမႈေတြ ျဖစ္လာမွာ မဟုတ္ပါဘူး။ ဘ႐ူႏိုဟာ အသင္းမွာ ေျခစြမ္းျပေနတဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး အသင္းကို ပိုေကာင္းလာသူတစ္ေယာက္ပါ။ ၿပီးေတာ့ သူဟာ ပိုေကာင္းလာေနတဲ့ကစားသမားတစ္ေယာက္လညး္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဒဏ္ရာရတာေတြ ပြဲပယ္တာေတြမ်ိဳး ရွိလာႏိုင္ေပမယ့္ ကၽြန္ေတာ္တို႔ဘက္ကလည္း အျခားျပင္ဆင္ထားတာေတြ ရွိပါတယ္” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။