ကိုဗစ်ပိုးရှိသူနဲ့ ထိတွေ့ ခဲ့လို့ ဘရိုက်တန်နဲ့ ပွဲအပါအဝင် အနည်းဆုံး (၁၀) ရက်လောက် သီးသန့်နေထိုင်ရမယ့် အဂူရို

အဂူရိုဟာ ဗုဒ္ဓဟူးနေ့ မန်စီးတီးအသင်းကစားမယ့် ပရီးမီးယားလိဂ်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဂွါဒီယိုလာက အတည်ပြုသွားခဲ့ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့က အက်ဖ်အေဖလား တတိယအဆင့် ပွဲကို ကိုဗစ် ၁၉ ရောဂါပိုးရှိတဲ့ သူနဲ့ ထိတွေ့ ခဲ့လို့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

အဂူရိုအကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာ ဂွါဒီယိုလာက “ကွာရာတင်း၊ သီးသန့် နေထိုင်ရတဲ့ တဲ့ စည်းမျဉ်းတွေကြောင့် (၉) ရက် (၁၀) ရက်လောက်အကြာမှာ သူပြန်လာမှာပါ” လို့ ဖြေကြားသွားခဲ့ပါတယ်။ အဂူရိုဟာ (၃) ပွဲလောက် လွဲချော်မှာ ဖြစ်တဲ့အတွက် ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ် နဲ့ အက်စတွန်ဗီလာအသင်းတို့နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ထပ်မံပြီး ဂွါဒီယိုလာက ဘာမင်ဂမ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လွဲချော်ခဲ့တဲ့ စတားလင်း ဟာ ပါဝင်လာမှာ ဖြစ်ပေမယ့် နောက်ခံလူ လာပေါ်တေး နဲ့ နသန်အကီတို့ကတော့ လွဲချော်မယ်လို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၃) ပွဲစလုံး ရှုံးပွဲမရှိထားပဲ နိုင်ပွဲ (၆) ပွဲရထားပေမယ့် ဂွါဒီယိုလာကတော့ ဘရိုက်တန်နဲ့ ကစားရမယ့်ပွဲကို စိုးရိမ်နေတာဖြစ်ပါတယ်။

ကိုဗစ္ပိုးရွိသူနဲ႔ ထိေတြ႕  ခ့ဲလို႔ ဘ႐ိုက္တန္နဲ႔  ပြဲအပါအ၀င္ အနည္းဆံုး (၁၀) ရက္ေလာက္ သီးသန္႔ေနထိုင္ရမယ့္ အဂူ႐ို

အဂူ႐ိုဟာ ဗုဒၶဟူးေန႔ မန္စီးတီးအသင္းကစားမယ့္ ပရီးမီးယားလိဂ္ပြဲကို ပါ၀င္ႏိုင္မွာ မဟုတ္ဘူးလို႔ နည္းျပ ဂြါဒီယိုလာက အတည္ျပဳသြားခဲ့ပါတယ္။ အာဂ်င္တီးနား တိုက္စစ္မွဴးဟာ တနဂၤေႏြေန႔က အက္ဖ္ေအဖလား တတိယအဆင့္ ပြဲကို ကိုဗစ္ ၁၉ ေရာဂါပိုးရွိတဲ့ သူနဲ႔ ထိေတြ႕   ခဲ့လို႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

အဂူ႐ိုအေၾကာင္းကို သတင္းစာရွင္းလင္းပြဲမွာ ေမးျမန္းရာမွာ ဂြါဒီယိုလာက “ကြာရာတင္း၊ သီးသန္႔ ေနထိုင္ရတဲ့ တဲ့ စည္းမ်ဥ္းေတြေၾကာင့္ (၉) ရက္ (၁၀) ရက္ေလာက္အၾကာမွာ သူျပန္လာမွာပါ” လို႔ ေျဖၾကားသြားခဲ့ပါတယ္။ အဂူ႐ိုဟာ (၃) ပြဲေလာက္ လြဲေခ်ာ္မွာ ျဖစ္တဲ့အတြက္ ဘ႐ိုက္တန္၊ ခရစၥတယ္ပဲေလ့စ္ နဲ႔ အက္စတြန္ဗီလာအသင္းတို႔နဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ထပ္မံၿပီး ဂြါဒီယိုလာက ဘာမင္ဂမ္အသင္းကို (၃-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လြဲေခ်ာ္ခဲ့တဲ့ စတားလင္း ဟာ ပါ၀င္လာမွာ ျဖစ္ေပမယ့္ ေနာက္ခံလူ လာေပၚေတး နဲ႔ နသန္အကီတို႔ကေတာ့ လြဲေခ်ာ္မယ္လို႔ ေျပာသြားခ့ဲပါတယ္။ မန္စီးတီးအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု (၁၃) ပြဲစလံုး ရႈံးပြဲမရွိထားပဲ ႏိုင္ပြဲ (၆) ပြဲရထားေပမယ့္ ဂြါဒီယိုလာကေတာ့ ဘ႐ိုက္တန္နဲ႔ ကစားရမယ့္ပြဲကို စိုးရိမ္ေနတာျဖစ္ပါတယ္။