ရန်နာဆန်ကို ခေါ်ယူခဲ့တဲ့အမှားကြောင့် အာဆင်နယ်အသင်း ဂိုးသမား အသစ်ခေါ်ရတော့မယ်လို့ ဆိုလိုက်တဲ့ နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာကတော့ အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဂိုးသမားခေါ်ယူရာမှာ အမှားလုပ်ခဲ့တယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းက မာတီနက်ဇ်ကို အက်စတွန်ဗီလာအသင်းထံ အပြောင်းအရွှေ့ရာသီကုန်ခါနီး ရောင်းချခဲ့ပြီးနောက် အိုက်စလန်လက်ရွေးစင်ဂိုးသမား ရန်နာဆန်ကို ဒီဂျွန်အသင်းဆီကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ဂိုးသမားဟာ လီနိုရဲ့ နေရာကို အင်အားဖြည့်တင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ရုန်းကန်ခဲ့ရပါတယ်။ ယခုအခါ အာဆင်နယ်အသင်းဟာ ဒီလမှာ နောက်ထပ် ဂိုးသမား အသစ်တစ်ယောက် ခေါ်ယူရတော့မယ်လို့ အာတီတာက ပြောသွားခဲ့တာဖြစ်ပါတယ်။

“ရန်နာဆန်ကို ခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး နောင်တရတာ မျိုး မရှိပါဘူး။ ကျွန်တော်တို့ ဖြစ်နေတာတွေကို လက်ခံထားပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းက ကျွန်တော်တို့ဟာ အီဒူးနဲ့ ဆွေးနွေးခဲ့ပြီး လုပ်ဆောင်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အပြောင်းအရွှေ့ ဈေးကွက်အနေအထားတွေကို နောက်ဆုံးနေ့မှာ အမြဲပြောင်းလဲတတ်ပါတယ်။

ကျွန်တော်တို့ တစ်ကယ်လိုချင်ခဲ့တာတွေကို ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အခုဖြစ်နေတာကို လက်ခံပြီး ဒီအပြောင်းအရွှေ့မှာ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ရပါမယ်။ ကျွန်တော်တို့ရဲ့ ဂိုးသမား နေရာအတွက် ကျွန်တော်တို့တွေ ဆုံးဖြတ်သွားမှာပါ” လို့ အာတီတာက တနလာၤနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ရန္နာဆန္ကို ေခၚယူခဲ့တဲ့အမွားေၾကာင့္ အာဆင္နယ္အသင္း ဂိုးသမား အသစ္ေခၚရေတာ့မယ္လို႔ ဆိုလိုက္တဲ့ နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ အာတီတာကေတာ့ အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဂိုးသမားေခၚယူရာမွာ အမွားလုပ္ခဲ့တယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ အသင္းက မာတီနက္ဇ္ကို အက္စတြန္ဗီလာအသင္းထံ အေျပာင္းအေရႊ႕ရာသီကုန္ခါနီး ေရာင္းခ်ခဲ့ၿပီးေနာက္ အိုက္စလန္လက္ေရြးစင္ဂိုးသမား ရန္နာဆန္ကို ဒီဂၽြန္အသင္းဆီကေန ေခၚယူခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ဂိုးသမားဟာ လီႏိုရဲ႕ ေနရာကို အင္အားျဖည့္တင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ႐ုန္းကန္ခဲ့ရပါတယ္။ ယခုအခါ အာဆင္နယ္အသင္းဟာ ဒီလမွာ ေနာက္ထပ္ ဂိုးသမား အသစ္တစ္ေယာက္ ေခၚယူရေတာ့မယ္လို႔ အာတီတာက ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ရန္နာဆန္ကို ေခၚယူခဲ့တာနဲ႔ ပတ္သက္ၿပီး ေနာင္တရတာ မ်ိဳး မရွိပါဘူး။ ကၽြန္ေတာ္တို႔ ျဖစ္ေနတာေတြကို လက္ခံထားပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ကၽြန္ေတာ္တို႔ဟာ အီဒူးနဲ႔ ေဆြးေႏြးခဲ့ၿပီး လုပ္ေဆာင္ခဲ့တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အေျပာင္းအေရႊ႕ ေစ်းကြက္အေနအထားေတြကို ေနာက္ဆံုးေန႔မွာ အၿမဲေျပာင္းလဲတတ္ပါတယ္။

ကၽြန္ေတာ္တို႔ တစ္ကယ္လိုခ်င္ခဲ့တာေတြကို ကၽြန္ေတာ္တို႔ မလုပ္ႏိုင္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ အခုျဖစ္ေနတာကို လက္ခံၿပီး ဒီအေျပာင္းအေရႊ႕မွာ ဘာဆက္လုပ္ရမလဲဆိုတာကို ဆံုးျဖတ္ရပါမယ္။ ကၽြန္ေတာ္တို႔ရဲ႕ ဂိုးသမား ေနရာအတြက္ ကၽြန္ေတာ္တို႔ေတြ ဆံုးျဖတ္သြားမွာပါ” လို႔ အာတီတာက တနလာၤေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။