ပေါ့ဘာရဲ့ တန်ကြေးကို စုံစမ်းနေတဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို

ယူနိုက်တက်အသင်းဟာ ပေါ့ဘာအတွက် ပေါင် ၇၅ သန်းတန်ကြေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အစောပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းများအရ ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုက ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ကို ဒီလမှာပဲ အသင်းထံ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အာဂျင်တီးနားလူမျိုးနည်းပြဟာ ပေါ့ဘာက သူ့အသင်းမှာ ရှိနေတဲ့ အမ်ဘာပေ နဲ့ နေမာတို့အတွက် အရမ်းကို အထောက်အကူပြုမယ့် ကစားသမားလို့ ယုံကြည်နေတာဖြစ်ပါတယ်။

သို့သော်လည်း ပိုချက်တီနိုဟာ အသင်းရဲ့ ကာတာပိုင်ရှင်တွေအနေနဲ့ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တဲ့ ကစားသမားအတွက် ပေါင် ၇၅ သန်းပေးချေမယ်လို့ မျှော်လင့်နေတယ်လို့ ဒေးလီးအိတ်စ်ပရက်စ်က အဆိုအရ သိရပါတယ်။ ယူနိုက်တက်ဟာ ပေါ့ဘာကို ၂၀၁၆ ခုနှစ်က ပေါင် ၈၉ သန်းပေးပြီး ခေါ်ခဲ့ရတာဖြစ်ပြီး ပေါင် ၁၄ သန်းလောက် လျော့နည်းသွားတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကလည်း အသက် ၂၇ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ပါသေးတယ်။

ပေါ့ဘာရဲ့ အေဂျင့် ဖြစ်တဲ့ မီနိုရိုင်အိုလာကတော့ ဒီဇင်ဘာလတုန်းက သူ့ရဲ့ ကစားသမားဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။သို့သော်လည်း အဲ့ဒီကတည်းက ပေါ့ဘာဟာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေပြီး အသင်းကို အမှတ်ပေးဇယား အဆင့် (၂) ကို တက်လှမ်းနိုင်အောင် ကူညီပေးနေတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။

ေပါ့ဘာရဲ႕ တန္ေၾကးကို စံုစမ္းေနတဲ့ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏို

ယူႏိုက္တက္အသင္းဟာ ေပါ့ဘာအတြက္ ေပါင္ ၇၅ သန္းတန္ေၾကး သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ဒီတစ္ပတ္အေစာပိုင္းမွာ ထြက္ေပၚလာတဲ့ သတင္းမ်ားအရ ပီအက္စ္ဂ်ီနည္းျပသစ္ ပိုခ်က္တီႏိုက ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ကို ဒီလမွာပဲ အသင္းထံ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ ေပါ့ဘာက သူ႔အသင္းမွာ ရွိေနတဲ့ အမ္ဘာေပ နဲ႔ ေနမာတို႔အတြက္ အရမ္းကို အေထာက္အကူျပဳမယ့္ ကစားသမားလို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

သို႔ေသာ္လည္း ပိုခ်က္တီႏိုဟာ အသင္းရဲ႕ ကာတာပိုင္ရွင္ေတြအေနနဲ႔ ျပင္သစ္အသင္းနဲ႔ ကမာၻ႕ဖလားကို ဆြတ္ခူးခဲ့တဲ့ ကစားသမားအတြက္ ေပါင္ ၇၅ သန္းေပးေခ်မယ္လို႔ ေမွ်ာ္လင့္ေနတယ္လို႔ ေဒးလီးအိတ္စ္ပရက္စ္က အဆိုအရ သိရပါတယ္။ ယူႏိုက္တက္ဟာ ေပါ့ဘာကို ၂၀၁၆ ခုႏွစ္က ေပါင္ ၈၉ သန္းေပးၿပီး ေခၚခဲ့ရတာျဖစ္ၿပီး ေပါင္ ၁၄ သန္းေလာက္ ေလ်ာ့နည္းသြားတာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ကလည္း အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားကို ေခၚယူရန္ စိတ္၀င္စားခဲ့ပါေသးတယ္။

ေပါ့ဘာရဲ႕ ေအဂ်င့္ ျဖစ္တဲ့ မီႏို႐ိုင္အိုလာကေတာ့ ဒီဇင္ဘာလတုန္းက သူ႔ရဲ႕ ကစားသမားဟာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္ေနတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။သို႔ေသာ္လည္း အဲ့ဒီကတည္းက ေပါ့ဘာဟာ ယူႏိုက္တက္အသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ေပးေနၿပီး အသင္းကို အမွတ္ေပးဇယား အဆင့္ (၂) ကို တက္လွမ္းႏိုင္ေအာင္ ကူညီေပးေနတဲ့ ကစားသမားေတြထဲက တစ္ဦး ျဖစ္ပါတယ္။