အာဆင်နယ်အသင်းမှာ အတူတူ တွဲကစားခဲ့ဖူးတဲ့ သူအကြိုက်ဆုံး ကစားသမား (၁၁) ယောက် အသင်းကို ပြောပြသွားခဲ့တဲ့ အိုဇေးလ်

အိုဇေးလ်ရဲ့ အာဆင်နယ်အသင်းမှာ ကစားရတဲ့ အချိန်တွေက စိတ်ပျက်စရာကောင်းလောက်အောင် အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အိုဇေးလ်ဟာ အသင်းမှာ ကစားခဲ့တုန်းက အတူတူ တွဲကစားဖူးတဲ့ သူအကြိုက်ဆုံး ကစားသမား (၁၁) ယောက်အသင်းကို ရွေးချယ်ပေးသွားခဲ့ပါတယ်။ တနလာၤနေ့က တွစ်တာမှာ ပရိသတ်တွေနဲ့ အမေးအဖြေအစီအစဉ် တစ်ခု ပြုလုပ်ခဲ့ပြီး အိုဇေးလ်က ဖီနာဘာချီအသင်းနဲ့ အပြောင်းအရွှေ့ အပါအဝင် အခြားသော စိတ်ဝင်စားစရာ အကြောင်းအရာတွေကိုလည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ ချန်လှပ်ထားခြင်းကို ခံခဲ့ရလို့ အသင်းမှာ မတ်လကတည်းက ပါဝင်ကစားခွင့် မရခဲ့သူပါ။ အသင်းကနေ မထွက်ခွာခင်မှာ သူအသင်းမှာ ကစားခဲ့စဉ်က အကြိုက်ဆုံး (၁၁) ယောက် အသင်းကို ရွေးချယ်ပေးသွားခဲ့ပါတယ်။ (၁၁) ယောက်မှာ အလက်ဆစ်ဆန်းချက်ဇ်၊ ကာဇိုလာ၊ ရမ်ဆေး၊ ကိုစီရယ်နီ နဲ့ လက်ရှိ အသင်းခေါင်းဆောင် အပါအဝင် ရွေးချယ်စရာတွေ အများကြီးလုပ်သွားပါတယ်။

အိုဇေးလ်ဟာ သူ့ရဲ့ နာမည်ကိုလည်း ထည့်သွင်းသွားခဲ့ပြီး ဆဂ်နာ ၊ မာတီဆက်ကာ နဲ့ ဂနာဘရီ တို့ကိုလည်း ရွေးချယ်ပေးသွားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အိုဇေးလ်ဟာ လက်ရှိ အာဆင်နယ်မှာ ရှိနေတဲ့ တစ်နိုင်ငံတည်းသား ဂိုးသမားဖြစ်တဲ့ လီနိုကို မရွေးချယ်ပဲ အော့စ်ပီနာကို ရွေးချယ်သွားခဲ့ပါတယ်။

ဒ့ါအပြင် သူဟာ ဘယ်နောက်ခံလူနေရာမှာ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ကိုလာစီနက် ကို ရွေးချယ်ခဲ့သော်လည်း သူကလည်း အာဆင်နယ်အသင်းမှာ မကစားရတာ ကြာပြီ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အိုဇေးလ်ဟာ (၁၁) ယောက်အသင်းမှာ တိုက်စစ်ပိုင်း၌ ဆန်းချက်ဇ်၊ ဂနာဘရီ နဲ့ အူဘာမီးယန်းရဲ့ နောက်မှာ သူ့နာမည်ကိုလည်း ရွေးသွားခဲ့ပါတယ်။

အာဆင္နယ္အသင္းမွာ အတူတူ တြဲကစားခဲ့ဖူးတဲ့ သူအႀကိဳက္ဆံုး ကစားသမား (၁၁) ေယာက္ အသင္းကို ေျပာျပသြားခဲ့တဲ့ အိုေဇးလ္

အိုေဇးလ္ရဲ႕  အာဆင္နယ္အသင္းမွာ ကစားရတဲ့ အခ်ိန္ေတြက စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ အဆံုးသတ္ေတာ့မွာ ျဖစ္ပါတယ္။ အိုေဇးလ္ဟာ အသင္းမွာ ကစားခဲ့တုန္းက အတူတူ တြဲကစားဖူးတဲ့ သူအႀကိဳက္ဆံုး ကစားသမား (၁၁) ေယာက္အသင္းကို ေရြးခ်ယ္ေပးသြားခဲ့ပါတယ္။ တနလာၤေန႔က တြစ္တာမွာ ပရိသတ္ေတြနဲ႔ အေမးအေျဖအစီအစဥ္ တစ္ခု ျပဳလုပ္ခဲ့ၿပီး အိုေဇးလ္က ဖီနာဘာခ်ီအသင္းနဲ႔ အေျပာင္းအေရႊ႕ အပါအ၀င္ အျခားေသာ စိတ္၀င္စားစရာ အေၾကာင္းအရာေတြကိုလည္း ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

အိုေဇးလ္ဟာ အာဆင္နယ္နည္းျပ အာတီတာရဲ႕ ခ်န္လွပ္ထားျခင္းကို ခံခဲ့ရလို႔ အသင္းမွာ မတ္လကတည္းက ပါ၀င္ကစားခြင့္ မရခဲ့သူပါ။ အသင္းကေန မထြက္ခြာခင္မွာ သူအသင္းမွာ ကစားခဲ့စဥ္က အႀကိဳက္ဆံုး (၁၁) ေယာက္ အသင္းကို ေရြးခ်ယ္ေပးသြားခဲ့ပါတယ္။ (၁၁) ေယာက္မွာ အလက္ဆစ္ဆန္းခ်က္ဇ္၊ ကာဇိုလာ၊ ရမ္ေဆး၊ ကိုစီရယ္နီ နဲ႔ လက္ရွိ အသင္းေခါင္းေဆာင္ အပါအ၀င္ ေရြးခ်ယ္စရာေတြ အမ်ားႀကီးလုပ္သြားပါတယ္။

အိုေဇးလ္ဟာ သူ႔ရဲ႕ နာမည္ကိုလည္း ထည့္သြင္းသြားခဲ့ၿပီး ဆဂ္နာ ၊ မာတီဆက္ကာ နဲ႔ ဂနာဘရီ တို႔ကိုလည္း ေရြးခ်ယ္ေပးသြားခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း အိုေဇးလ္ဟာ လက္ရွိ အာဆင္နယ္မွာ ရွိေနတဲ့ တစ္ႏိုင္ငံတည္းသား ဂိုးသမားျဖစ္တဲ့ လီႏိုကို မေရြးခ်ယ္ပဲ ေအာ့စ္ပီနာကို ေရြးခ်ယ္သြားခဲ့ပါတယ္။

ဒ့ါအျပင္ သူဟာ ဘယ္ေနာက္ခံလူေနရာမွာ အရင္းႏွီးဆံုး သူငယ္ခ်င္းျဖစ္တဲ့ ကိုလာစီနက္ ကို ေရြးခ်ယ္ခဲ့ေသာ္လည္း သူကလည္း အာဆင္နယ္အသင္းမွာ မကစားရတာ ၾကာၿပီ ျဖစ္ပါတယ္။ ေနာက္ဆံုးမွာေတာ့ အိုေဇးလ္ဟာ (၁၁) ေယာက္အသင္းမွာ တိုက္စစ္ပိုင္း၌ ဆန္းခ်က္ဇ္၊ ဂနာဘရီ နဲ႔ အူဘာမီးယန္းရဲ႕ ေနာက္မွာ သူ႔နာမည္ကိုလည္း ေရြးသြားခဲ့ပါတယ္။