နောက်လာမယ့် (၂) ပွဲက အာဆင်နယ်အသင်းအတွက် အရမ်းကို အရေးပါတဲ့ ပွဲစဉ်တွေလို့ ဆိုလိုက်တဲ့ နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက နောက်လာမယ့် ပွဲစဉ်အများစုဟာ အသင်းရဲ့ ဒီရာသီ ရပ်တည်မှုကို အဆုံးအဖြတ်ဖြစ်စေနိုင်တယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး အဲ့ဒီနောက် တနလာၤနေ့မှာ နယးူကာဆယ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

အဲ့ဒီ (၂) ပွဲစလုံးကို အနိုင်ရပါက အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဆင့် (၄) အတွင်း ဝင်ရောက်ရန် ကြိုးစားနေတာက ပိုပြီး နီးစပ်သွားနိုင်ဖွယ်ရှိနေပါတယ်။ ရာသီအစက ရလဒ်တွေ ဆိုးရွားခဲ့တဲ့ အာတီတာရဲ့ အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

“နောက်နှစ်ပွဲက အသင်းရဲ့ ရည်ရွယ်ချက်အတွက် အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မကြာသေးခင်က ရလာခဲ့တဲ့ ရလဒ်တွေအတိုင်း ကြိုးစားကစားမယ်ဆိုရင် ရလဒ်တွေ ကောင်းမှာဖြစ်ပါတယ်။ နောက်နှစ်ပွဲအပြီးမှာ ကျွန်တော်တို့ ပိုပြီး သိရမှာပါ။ ပွဲတိုင်းကို ခြေစွမ်းတည်တည်ငြိမ်ငြိမ် နဲ့ ဖြစ်စေချင်ပါတယ်။ အဲ့ဒါဆိုရင် ကျွန်တော်တို့ဟာ အနိုင်ရမှာပါ။ ပွဲတွေ များများအနိုင်ရလာလေ ယုံကြည်မှု ပိုရှိလာလေပဲ ဖြစ်ပါတယ်။

သိသာထင်ရှားတာက စတွေးပုံကပါ ပြောင်းလဲလာတာပါပဲ။ နိုင်ပွဲတွေရလာတဲ့အခါ အကောင်းပိုပြီး မြင်လာပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက အန္တရယ်ရှိပြီး စုစည်းမှုကောင်းတဲ့အသင်းပါ။ ပွဲကို အနိုင်ရဖို့ တစ်မိနစ်ကတည်းက ကြိုးစားသွားရမှာပါ။ ရည်မှန်းထားတဲ့အတိုင်း အင်တိုက်အားတိုက်ကစားပြီး ပွဲကို တတ်နိုင်သမျှ ထိန်းချုပ်ကစားသွားရပါမယ်”လို့ အာတီတာက သတင်းထောက်များကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ေနာက္လာမယ့္ (၂) ပြဲက အာဆင္နယ္အသင္းအတြက္ အရမ္းကို အေရးပါတဲ့ ပြဲစဥ္ေတြလို႔ ဆိုလိုက္တဲ့ နည္းျပ အာတီတာ

အာဆင္နယ္နည္းျပ အာတီတာက ေနာက္လာမယ့္ ပြဲစဥ္အမ်ားစုဟာ အသင္းရဲ႕ ဒီရာသီ ရပ္တည္မႈကို အဆံုးအျဖတ္ျဖစ္ေစႏိုင္တယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔မွာ ခရစၥတယ္ပဲေလ့စ္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာ ျဖစ္ၿပီး အဲ့ဒီေနာက္ တနလာၤေန႔မွာ နယးူကာဆယ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။

အဲ့ဒီ (၂) ပြဲစလံုးကို အႏိုင္ရပါက အာဆင္နယ္အသင္းဟာ ဒီရာသီမွာ အဆင့္ (၄) အတြင္း ၀င္ေရာက္ရန္ ႀကိဳးစားေနတာက ပိုၿပီး နီးစပ္သြားႏိုင္ဖြယ္ရွိေနပါတယ္။ ရာသီအစက ရလဒ္ေတြ ဆိုးရြားခဲ့တဲ့ အာတီတာရဲ႕ အသင္းဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ တစ္ေနရာကို အဓိက ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

“ေနာက္ႏွစ္ပြဲက အသင္းရဲ႕ ရည္ရြယ္ခ်က္အတြက္ အေရးပါတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ မၾကာေသးခင္က ရလာခဲ့တဲ့ ရလဒ္ေတြအတိုင္း ႀကိဳးစားကစားမယ္ဆိုရင္ ရလဒ္ေတြ ေကာင္းမွာျဖစ္ပါတယ္။ ေနာက္ႏွစ္ပြဲအၿပီးမွာ ကၽြန္ေတာ္တို႔ ပိုၿပီး သိရမွာပါ။ ပြဲတိုင္းကို ေျခစြမ္းတည္တည္ၿငိမ္ၿငိမ္ နဲ႔ ျဖစ္ေစခ်င္ပါတယ္။ အဲ့ဒါဆိုရင္ ကၽြန္ေတာ္တို႔ဟာ အႏိုင္ရမွာပါ။ ပြဲေတြ မ်ားမ်ားအႏိုင္ရလာေလ ယံုၾကည္မႈ ပိုရွိလာေလပဲ ျဖစ္ပါတယ္။

သိသာထင္ရွားတာက စေတြးပံုကပါ ေျပာင္းလဲလာတာပါပဲ။ ႏိုင္ပြဲေတြရလာတဲ့အခါ အေကာင္းပိုၿပီး ျမင္လာပါတယ္။ ခရစၥတယ္ပဲေလ့စ္အသင္းက အႏၲရယ္ရွိၿပီး စုစည္းမႈေကာင္းတဲ့အသင္းပါ။ ပြဲကို အႏိုင္ရဖို႔ တစ္မိနစ္ကတည္းက ႀကိဳးစားသြားရမွာပါ။ ရည္မွန္းထားတဲ့အတိုင္း အင္တိုက္အားတိုက္ကစားၿပီး ပြဲကို တတ္ႏိုင္သမွ် ထိန္းခ်ဳပ္ကစားသြားရပါမယ္”လို႔ အာတီတာက သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။