ဘာကလေကို အက်စတွန်ဗီလာအသင်းထံ ဈေးပေါပေါနဲ့ လက်လွှတ်ခံမှာ မဟုတ်တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဘာကလေကို အက်စတွန်ဗီလာအသင်းဆီ ဈေးလျော့ပြီး ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အင်္ဂလန်ကစားသမားဟာ အက်စတွန်ဗီလာအသင်းဆီကို ရာသီအစကတည်းက အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။

သူဟာ အက်စတွန်ဗီလာအသင်းမှာ နံပါတ် (၁၀) အခန်းကဏ္ဍမှာ ကစားနေပြီး ခြေစွမ်းပြကစားလျက် အသင်းကို အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေစေပါတယ်။ သတင်းများအရ ချဲလ်ဆီးအသင်းဘက်ကတော့ ဘာကလေကို အက်စတွန်ဗီလာအသင်းဆီ ဈေးပေါပေါနဲ့ လက်လွှတ်သွားမှာ မဟုတ်ဘူးလို့ ဖော်ပြနေတာ ဖြစ်ပါတယ်။

ယခုအခါ အက်စတွန်ဗီလာအသင်းကလည်း ဘာကလေအစား ဘုန်းမောက်အသင်းက ပြောင်းရွှေ့ကြေးလည်း သက်သာ ၊ လစာလည်း သက်သာမယ့် ဒေးဗစ်ဘရွတ်ခ်ကို ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဘာကလေဟာ ချဲလ်ဆီးအသင်းမှာ တစ်ပတ် ပေါင် ၁ သိန်း ရရှိနေပြီး သူ့ရဲ့ ဒီရာသီ စွမ်းဆောင်ရည် ကောင်းတွေကြောင့် ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား လိုချင်နေတာ ဖြစ်ပါတယ်။

ဘာကေလကို အက္စတြန္ဗီလာအသင္းထံ ေစ်းေပါေပါနဲ႔ လက္လႊတ္ခံမွာ မဟုတ္တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ကြင္းလယ္ကစားသမား ဘာကေလကို အက္စတြန္ဗီလာအသင္းဆီ ေစ်းေလ်ာ့ၿပီး ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အဂၤလန္ကစားသမားဟာ အက္စတြန္ဗီလာအသင္းဆီကို ရာသီအစကတည္းက အငွားနဲ႔ ေျပာင္းေရႊ႕ ကစားခဲ့သူ ျဖစ္ပါတယ္။

သူဟာ အက္စတြန္ဗီလာအသင္းမွာ နံပါတ္ (၁၀) အခန္းက႑မွာ ကစားေနၿပီး ေျခစြမ္းျပကစားလ်က္ အသင္းကို အမွတ္ေပးဇယား အလယ္ေလာက္မွာ ရပ္တည္ေနေစပါတယ္။ သတင္းမ်ားအရ ခ်ဲလ္ဆီးအသင္းဘက္ကေတာ့ ဘာကေလကို အက္စတြန္ဗီလာအသင္းဆီ ေစ်းေပါေပါနဲ႔ လက္လႊတ္သြားမွာ မဟုတ္ဘူးလို႔ ေဖာ္ျပေနတာ ျဖစ္ပါတယ္။

ယခုအခါ အက္စတြန္ဗီလာအသင္းကလည္း ဘာကေလအစား ဘုန္းေမာက္အသင္းက ေျပာင္းေရႊ႕ေၾကးလည္း သက္သာ ၊ လစာလည္း သက္သာမယ့္ ေဒးဗစ္ဘရြတ္ခ္ကို ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ ဘာကေလဟာ ခ်ဲလ္ဆီးအသင္းမွာ တစ္ပတ္ ေပါင္ ၁ သိန္း ရရွိေနၿပီး သူ႔ရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္ ေကာင္းေတြေၾကာင့္ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္မားမား လိုခ်င္ေနတာ ျဖစ္ပါတယ္။