အဝတ်လဲခန်းထဲမှာ အသံတွေပိုကျယ်နေပြီလို့ ဘန်လေနဲ့ ပွဲမတိုင်ခင်ပြောခဲ့တဲ့ နည်းပြ ဆိုးလ်ရှား


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဒီနေ့ညမှာကစားမယ့် ဘန်လေနဲ့ ပွဲမတိုင်ခင်မှာ အသင်းရဲ့အဝတ်လဲခန်းအတွင်း မှာ အသံတွေကျယ်လောင်စွာ ပြောဆိုနေကြတယ်လို့ ပြောခဲ့ပါတယ်။ ဒီနေ့ည ကစားမယ့် ဘန်လေးအသင်းကို အဝေးကွင်း မှာ အနိုင်ရခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းအနေနဲ့ နောက်ဆုံး ၃ နှစ်ခွဲကာလအတွင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာ ကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိမှာလည်း ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်မှာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန် အနားယူသွားပြီးနောက် ပရီးမီးယားလိဂ်အမှတ် ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းကောင်းရနေပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ လက်ရှိနည်းပြဖြစ်တဲ့ ဆိုးလ်ရှားဟာ ယူနိုက်တက်ကစားသမားဘဝ ၁၁ နှစ်တာအတွင်း မှာ အမှတ်ပေးချန်ပီယံဆုကို ၆ ကြိမ်ရရှိခဲ့တာကြောင့် နည်းပြဘဝမှာလည်း အောင်မြင်မှု ရယူနိုင်မယ်လို့ ယုံကြည်နေ ကြောင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဆိုးလ်ရှားက “ အသင်းနဲ့ သက်ဆိုင်သူတွေအားလုံး အာရုံစိုက်ပြီး လုပ်ဆောင်နေကြပါတယ်။ လက်ရှိမှာ အသင်းရဲ့အနေအထားကလည်း အကောင်းဆုံးဖြစ်နေပါတယ်။ အဝတ်လဲခန်း အတွင်းမှာတော့ အသံတွေ ပိုကျယ်နေတယ်လို့ပဲ ပြောရမှာပါ။ အခုချိန်မှာ အသင်းအနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

အဝတ္လဲခန္းထဲမွာ အသံေတြပိုက်ယ္ေနၿပီလို႔ ဘန္ေလနဲ႔ ပြဲမတိုင္ခင္ေျပာခဲ့တဲ့ နည္းျပ ဆိုးလ္ရွား
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ဒီေန႔ညမွာကစားမယ့္ ဘန္ေလနဲ႔ ပြဲမတိုင္ခင္မွာ အသင္းရဲ႕အဝတ္လဲခန္းအတြင္း မွာ အသံေတြက်ယ္ေလာင္စြာ ေျပာဆိုေနၾကတယ္လို႔ ေျပာခဲ့ပါတယ္။ ဒီေန႔ည ကစားမယ့္ ဘန္ေလးအသင္းကို အေဝးကြင္း မွာ အႏိုင္ရခဲ့မယ္ဆိုရင္ ယူႏိုက္တက္အသင္းအေနနဲ႔ ေနာက္ဆံုး ၃ ႏွစ္ခြဲကာလအတြင္းမွာ အမွတ္ေပးဇယားထိပ္ဆံုးေနရာ ကို ပထမဆံုးအႀကိမ္ ျပန္လည္ေရာက္ရွိမွာလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ၂၀၁၃ ခုႏွစ္မွာ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္ဖာဂူဆန္ အနားယူသြားၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ ေပးခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ျခင္းမရွိေပမယ့္ ဒီရာသီမွာေတာ့ ေျခစြမ္းေကာင္းရေနၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ဖို႔ အခြင့္အေရးရွိေနတာျဖစ္ပါတယ္။ လက္ရွိနည္းျပျဖစ္တဲ့ ဆိုးလ္ရွားဟာ ယူႏိုက္တက္ကစားသမားဘဝ ၁၁ ႏွစ္တာအတြင္း မွာ အမွတ္ေပးခ်န္ပီယံဆုကို ၆ ႀကိမ္ရရွိခဲ့တာေၾကာင့္ နည္းျပဘဝမွာလည္း ေအာင္ျမင္မႈ ရယူႏိုင္မယ္လို႔ ယံုၾကည္ေန ေၾကာင္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ပြဲမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဆိုးလ္ရွားက “ အသင္းနဲ႔ သက္ဆိုင္သူေတြအားလံုး အာရံုစိုက္ၿပီး လုပ္ေဆာင္ေနၾကပါတယ္။ လက္ရွိမွာ အသင္းရဲ႕အေနအထားကလည္း အေကာင္းဆံုးျဖစ္ေနပါတယ္။ အဝတ္လဲခန္း အတြင္းမွာေတာ့ အသံေတြ ပိုက်ယ္ေနတယ္လို႔ပဲ ေျပာရမွာပါ။ အခုခ်ိန္မွာ အသင္းအေနနဲ႔ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့ အေနအထားကို ေရာက္ေနပါၿပီ” လို႔ ေျပာသြားခဲ့ပါတယ္။