တူရကီရီးရဲလ်မက်ဒရစ်ဖြစ်တဲ့ ဖီနာဘာချီမှာ ကစားချင်တယ်လို့ ပြောခဲ့တဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်


အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ ထုတ်ပယ်ခံထားရပြီး စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်တဲ့ ကွင်းလယ်လူ အိုဇေးလ်က တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ကစားချင်ပြီး ဖီနာဘာချီဟာ တူရကီရဲ့ ရီးရဲလ်မက်ဒရစ်အ သင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်ကနေ ထွက်ဖို့ သေချာနေတဲ့သူကို အသင်းဟောင်းဖြစ်တဲ့ ရှော်ကေး ကို ပြန်မလားဆိုတဲ့ မေးခွန်းအပေါ်ကိုတော့ အိုဇေးလ်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


ဖီနာဘာချီအသင်းတာဝန်ရှိသူတွေကလည်း အိုဇေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရက်ပိုင်းအတွင်းမှာပဲ အပြီးသတ် ခေါ် ယူမှုတွေရှိလာနိုင်မယ်လို့လည်း အသင်းဥက္ကဌဖြစ်တဲ့ အလီကော့ ကပြောသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အိုဇေးလ် ဟာ ဂျာမနီကစားသမားတစ်ဦးဖြစ်ပေမယ့် တူရကီနွယ်ဖွားတစ်ယောက်ဖြစ်တာကြောင့်လည်း တူရကီမြေကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။


အိုဇေးလ်က “ ကလေးဘဝတုန်းက ဂျာမနီနိုင်ငံမှာ နေခဲ့တယ်ဆိုပေမယ့် ဖီနာဘာချီပရိသတ်တစ်ယောက်အဖြစ် ကြီးပြင်း ခဲ့တာပါ။ ဂျာမနီ- တူရကီနွယ်ဖွားတစ်ယောက်အနေနဲ့ တူရကီဘောလုံးကလပ်အသင်းတစ်သင်းမှာ ကစားချင်ပါတယ်။ ကျွန်တော်စိတ်ထဲမှာ ရှိနေတာက ဖီနာဘာချီဖြစ်ပြီး အသင်းကလည်း ကျွန်တော်ကို ခေါ်ယူချင်တယ်လို့ သိရတာကြောင့် တကယ်ကိုပျော်ရွှင်မိပါတယ်။ ဖီနာဘာချီဟာ တူရကီမှာတော့ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

တူရကီရီးရဲလ္မက္ဒရစ္ျဖစ္တဲ့ ဖီနာဘာခ်ီမွာ ကစားခ်င္တယ္လို႔ ေျပာခဲ့တဲ့ ကြင္းလယ္ကစားသမား အိုေဇးလ္
အာဆင္နယ္အသင္းရဲ႕လူစာရင္းမွာ ထုတ္ပယ္ခံထားရၿပီး စာခ်ဳပ္သက္တမ္းလည္း ကုန္ဆံုးေတာ့မွာျဖစ္တဲ့ ကြင္းလယ္လူ အိုေဇးလ္က တူရကီကလပ္ ဖီနာဘာခ်ီအသင္းကို ေျပာင္းေရႊ႕ကစားခ်င္ၿပီး ဖီနာဘာခ်ီဟာ တူရကီရဲ႕ ရီးရဲလ္မက္ဒရစ္အ သင္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္ကေန ထြက္ဖို႔ ေသခ်ာေနတဲ့သူကို အသင္းေဟာင္းျဖစ္တဲ့ ေရွာ္ေကး ကို ျပန္မလားဆိုတဲ့ ေမးခြန္းအေပၚကိုေတာ့ အိုေဇးလ္က ျပန္လည္တံု႔ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဖီနာဘာခ်ီအသင္းတာဝန္ရွိသူေတြကလည္း အိုေဇးလ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ရက္ပိုင္းအတြင္းမွာပဲ အၿပီးသတ္ ေခၚ ယူမႈေတြရွိလာႏိုင္မယ္လို႔လည္း အသင္းဥကၠဌျဖစ္တဲ့ အလီေကာ့ ကေျပာသြားခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ အိုေဇးလ္ ဟာ ဂ်ာမနီကစားသမားတစ္ဦးျဖစ္ေပမယ့္ တူရကီႏြယ္ဖြားတစ္ေယာက္ျဖစ္တာေၾကာင့္လည္း တူရကီေျမကို ေျပာင္းေရႊ႕ခ်င္ေနတာျဖစ္ပါတယ္။
အိုေဇးလ္က “ ကေလးဘဝတုန္းက ဂ်ာမနီႏိုင္ငံမွာ ေနခဲ့တယ္ဆိုေပမယ့္ ဖီနာဘာခ်ီပရိသတ္တစ္ေယာက္အျဖစ္ ႀကီးျပင္း ခဲ့တာပါ။ ဂ်ာမနီ- တူရကီႏြယ္ဖြားတစ္ေယာက္အေနနဲ႔ တူရကီေဘာလံုးကလပ္အသင္းတစ္သင္းမွာ ကစားခ်င္ပါတယ္။ ကၽြန္ေတာ္စိတ္ထဲမွာ ရွိေနတာက ဖီနာဘာခ်ီျဖစ္ၿပီး အသင္းကလည္း ကၽြန္ေတာ္ကို ေခၚယူခ်င္တယ္လို႔ သိရတာေၾကာင့္ တကယ္ကိုေပ်ာ္ရႊင္မိပါတယ္။ ဖီနာဘာခ်ီဟာ တူရကီမွာေတာ့ ရီးရဲလ္မက္ဒရစ္လို အသင္းမ်ိဳးပါ” လို႔ ေျပာခဲ့ပါတယ္။