အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ကံမကောင်းခဲ့ကြတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ ဘယ်အသင်း ကံဆိုးမှာလဲ


ပြီးခဲ့တဲ့နေ့က ပြုလုပ်ခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်မဲခွဲမှုမှာတော့ အခြားအသင်းကြီးတွေ ကံကောင်းခဲ့ပေမယ့် အသင်းကြီးနှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ကတော့ ကံကောင်းခဲ့ခြင်းမရှိပါဘူး။ အက်ဖ်အေဖလား စတုတ္ထအ ဆင့်မှာ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံနေတာကြောင့် တစ်သင်းက ပြိုင်ပွဲကနေ ကြိမ်းသေပေါက်ထွက်ရတော့မှာဖြစ်လို့ ဘယ် အသင်း ကံဆိုးမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကိုတော့ လာမယ့်ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပဉ္ဓမအ ဆင့်ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မဲခွဲမှုအပြီးမှာ လက်ရှိချန်ပီယံဖြစ်တဲ့ အာဆင် နယ်ကတော့ ဆောက်သမ်တန်နဲ့ ရှရှုးဘူရီတို့ ထိပ်တိုက်တွေ့ဆုံမှုက အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာဖြစ်ပြီး မန်စီးတီးက လိဂ်-၂ ကလပ် ချယ်တန်ဟမ်နဲ့ ကစားရမှာဖြစ်ပါတယ်။


လန်ဒန်အသင်းကြီးနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ စပါးအသင်းတွေကတော့ ချန်ပီယံရှစ်က အသင်းတွေနဲ့ ကစားရတာဆိုပေ မယ့် အခက်အခဲမရှိနိုင်ပါဘူး။ ချဲလ်ဆီးက လူတန်တောင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး စပါးကတော့ ဝိုင်ကွမ် ဘီကို အဝေးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ အဲဗာတန်နဲ့ လက်စတာ တို့လည်း ချန်ပီယံရှစ်အသင်းတွေနဲ့ ကစားရတာဖြစ် ပေမယ့် ခြေတက်နေတဲ့အသင်းတွေမို့ သတိထားရမှာဖြစ်ပါတယ်။ အဲဗာတန်က ရှက်ဖီးဝမ့်နက်စ်ဒေး၊ လက်စတာက ဘရန့် ဖို့ဒ်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

zawgyi version

အက္ဖ္ေအဖလား စတုတၳအဆင့္မွာ ကံမေကာင္းခဲ့ၾကတဲ့ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ ဘယ္အသင္း ကံဆိုးမွာလဲ
ၿပီးခဲ့တဲ့ေန႔က ျပဳလုပ္ခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္မဲခြဲမႈမွာေတာ့ အျခားအသင္းႀကီးေတြ ကံေကာင္းခဲ့ေပမယ့္ အသင္းႀကီးႏွစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ကေတာ့ ကံေကာင္းခဲ့ျခင္းမရွိပါဘူး။ အက္ဖ္ေအဖလား စတုတၳအ ဆင့္မွာ ဒီႏွစ္သင္းထိပ္တိုက္ေတြ႕ဆံုေနတာေၾကာင့္ တစ္သင္းက ၿပိဳင္ပြဲကေန ႀကိမ္းေသေပါက္ထြက္ရေတာ့မွာျဖစ္လို႔ ဘယ္ အသင္း ကံဆိုးမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။
အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္ေတြကိုေတာ့ လာမယ့္ဇန္နဝါရီလ ၂၃ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ပဥၶမအ ဆင့္ပြဲစဥ္ေတြကိုေတာ့ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ မဲခြဲမႈအၿပီးမွာ လက္ရွိခ်န္ပီယံျဖစ္တဲ့ အာဆင္ နယ္ကေတာ့ ေဆာက္သမ္တန္နဲ႔ ရွရႈးဘူရီတို႔ ထိပ္တိုက္ေတြ႕ဆံုမႈက အႏိုင္ရတဲ့အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး မန္စီးတီးက လိဂ္-၂ ကလပ္ ခ်ယ္တန္ဟမ္နဲ႔ ကစားရမွာျဖစ္ပါတယ္။
လန္ဒန္အသင္းႀကီးႏွစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ စပါးအသင္းေတြကေတာ့ ခ်န္ပီယံရွစ္က အသင္းေတြနဲ႔ ကစားရတာဆိုေပ မယ့္ အခက္အခဲမရွိႏိုင္ပါဘူး။ ခ်ဲလ္ဆီးက လူတန္ေတာင္းကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး စပါးကေတာ့ ဝိုင္ကြမ္ ဘီကို အေဝးကြင္းမွာ ကစားရမွာျဖစ္ပါတယ္။ အဲဗာတန္နဲ႔ လက္စတာ တို႔လည္း ခ်န္ပီယံရွစ္အသင္းေတြနဲ႔ ကစားရတာျဖစ္ ေပမယ့္ ေျခတက္ေနတဲ့အသင္းေတြမို႔ သတိထားရမွာျဖစ္ပါတယ္။ အဲဗာတန္က ရွက္ဖီးဝမ့္နက္စ္ေဒး၊ လက္စတာက ဘရန္႔ ဖို႔ဒ္နဲ႔ ေတြ႕ဆံုခဲ့တာ ျဖစ္ပါတယ္။