အရန် ဂိုးသမားလေး ရန်နာဆန်ကို အငှားချရန် စီစဉ်နေတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ဂိုးသမား ရန်နာဆန်ကို အငှားချရန် စီစဉ်နေတယ်လို့ သိရပါတယ်။ The Athletic သတင်းဌာရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ရန်နာဆန် ကို အငှားချရန် ဆုံးဖြတ်လိုက်တာဖြစ်လို့ အစားထိုးရန် ဂိုးသမား တစ်ယောက် ရှာဖွေရတော့မှာ ဖြစ်ပါတယ်။ အာတီတာကတော့ အိုက်စလန်လက်ရွေးစင်ကစားသမားဟာ ပုံမှန်ကစားခွင့် ရရှိမှသာ ယုံကြည်မှု ပြန်လည်ရရှိပြီး လက်စွမ်းတည်ငြိမ် တိုးတက်လာမယ်လို့ ယုံကြည်ထားပါတယ်။

သို့သော်လည်း အသုံးစရိတ်ကန့်သတ်ထားခံရလို့ အာဆင်နယ်အသင်းဟာ ဒီလမှာ နောက်ထပ ်ဂိုးသမား တစ်ယောက်ကို ခေါ်ယူသွားဖို့ ဆိုတာကတော့ ခက်ခဲဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ဘရန့်ဖိုဒ့်အသင်းက ဂိုးသမား ဒေးဗစ်ရာယာ ကို ခေါ်ယူချင်ခဲ့ပေမယ့် သူတို့ရဲ့ ကြိုးစားမှုကို ဘရန့်ဖိုဒ့်အသင်းက လက်မခံခဲ့ပါဘူး။

အာဆင်နယ်အသင်းဟာ ရန်နာဆန်ကို ဒီဂျွန်အသင်းကနေ ပေါင် ၁.၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် သူ့ကို အခြားအသင်းတွေက နံပါတ် (၃) ဂိုးသမားအဖြစ် သတ်မှတ်ခဲ့ပေမယ့် အာတီတာကတော့ လီနို နေရာအတွက် အရန်အဖြစ် စွမ်းဆောင်နိုင်မယ်လို့ ခံစားနေခဲ့တာ ဖြစ်ပါတယ်။ ရန်နာဆန်ကို ဥရောပ နဲ့ ချန်ပီယံရှစ်က ကလပ်အသင်းတော်တော်များများက အငှားနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

အရန္ ဂိုးသမားေလး ရန္နာဆန္ကို အငွားခ်ရန္ စီစဥ္ေနတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ဂိုးသမား ရန္နာဆန္ကို အငွားခ်ရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။ The Athletic သတင္းဌာရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ရန္နာဆန္ ကို အငွားခ်ရန္ ဆံုးျဖတ္လိုက္တာျဖစ္လို႔ အစားထိုးရန္ ဂိုးသမား တစ္ေယာက္ ရွာေဖြရေတာ့မွာ ျဖစ္ပါတယ္။ အာတီတာကေတာ့ အိုက္စလန္လက္ေရြးစင္ကစားသမားဟာ ပံုမွန္ကစားခြင့္ ရရွိမွသာ ယံုၾကည္မႈ ျပန္လည္ရရွိၿပီး လက္စြမ္းတည္ၿငိမ္ တိုးတက္လာမယ္လို႔ ယံုၾကည္ထားပါတယ္။

သို႔ေသာ္လည္း အသံုးစရိတ္ကန္႔သတ္ထားခံရလို႔ အာဆင္နယ္အသင္းဟာ ဒီလမွာ ေနာက္ထပ ္ဂိုးသမား တစ္ေယာက္ကို ေခၚယူသြားဖို႔ ဆိုတာကေတာ့ ခက္ခဲဖြယ္ ရွိေနတာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဘရန္႔ဖိုဒ့္အသင္းက ဂိုးသမား ေဒးဗစ္ရာယာ ကို ေခၚယူခ်င္ခဲ့ေပမယ့္ သူတို႔ရဲ႕ ႀကိဳးစားမႈကို ဘရန္႔ဖိုဒ့္အသင္းက လက္မခံခဲ့ပါဘူး။

အာဆင္နယ္အသင္းဟာ ရန္နာဆန္ကို ဒီဂၽြန္အသင္းကေန ေပါင္ ၁.၅ သန္းနဲ႔ ေခၚယူခဲ့တာ ျဖစ္ေပမယ့္ သူ႔ကို အျခားအသင္းေတြက နံပါတ္ (၃) ဂိုးသမားအျဖစ္ သတ္မွတ္ခဲ့ေပမယ့္ အာတီတာကေတာ့ လီႏို ေနရာအတြက္ အရန္အျဖစ္ စြမ္းေဆာင္ႏိုင္မယ္လို႔ ခံစားေနခဲ့တာ ျဖစ္ပါတယ္။ ရန္နာဆန္ကို ဥေရာပ နဲ႔ ခ်န္ပီယံရွစ္က ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက အငွားနဲ႔ ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔လည္း သိရပါတယ္။