ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမိုစ့်ကို ခေါ်ယူရန် ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဘာဘာတော့ဗ်

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်က သူ့အသင်းဟောင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမိုစ့်ကို ခေါ်ယူသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရာမိုစ့်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်က “ရာမိုစ့်က ယူနိုက်တက်အသင်းအတွက် အတွေ့အကြုံတွေပဲ ယူလာယုံသာမက သွင်းဂိုးတွေလည်း ယူလာမယ့်သူပါ။ သူ့အသက်က ၃၄ နှစ် ရှိနေသော်လည်း ယူနိုက်တက်နဲ့ဆိုရင် သူဟာ ကောင်းကောင်းကြီး စွမ်းဆောင်နိုင်မှာပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကြားမှာ ကစားနေတဲ့ ထိပ်တန်းအဆင့် ဗဟိုနောက်ခံလူဖြစ်ပါတယ်။

အခုအချိန် သူ့ကို အသင်းတွေ တော်တော်များများက ဝယ်ယူရန် စိတ်ဝင်စားနေကြတာက မထူးဆန်းပါဘူး။ ဒါ့အပြင် သူဟာ ဘယ်အသင်းနဲ့မဆို သဘောတူညီမှု လွတ်လွတ်လပ်လပ် ယူနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက သူ့ရဲ့ အသက်အရွယ်ကြောင့် စာချုပ်သက်တမ်းတိုးဖို့ စိုးရိမ်နေတာ ဖြစ်မယ်လို့ ကျွန်တော်ကတော့ ထင်မိတယ်”လို့ အေအက်စ်သတင်းဌာနကို ပြောသွားခဲ့ပါတယ်။



