ယူနိုက်တက် နဲ့ အပြောင်းအရွှေ့ မဖြစ်ခဲ့လို့ ရာသီအစမှာ အရမ်းခက်ခဲပေမယ့် ခြေစွမ်းပြန်ပြနိုင်လို့ ပျော်ရွှင်နေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျေဒွန်ဆန်ချို

ဂျေဒွန်ဆန်ချိုက ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့တဲ့ နောက်ပိုင်း သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည်ပြသနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒေါ့မွန်အသင်းတောင်ပံကစားသမားကို ပြီးခဲ့တဲ့အပြောင်းအရွှေ့က ယူနိုက်တက်အသင်းက ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့ပြီး အပြောင်းအရွှေ့ အထမမြောက်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

သူဟာ နွေရာသီ အပြောင်းအရွှေ့ ပြီးတဲ့ နောက်ပိုင်းက (၂၄) ပွဲကစားခဲ့ပေမယ့် (၄) ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ယခုအခါတော့ နောက်ပိုင်းကစားခဲ့တဲ့ပွဲအနည်းငယ်မှာပင် (၃) ဂိုးသွင်းထားပါတယ်။ သူ့ရဲ့ ခြေစွမ်းပြလာမှုနဲ့အတူ ဒေါ့မွန်အသင်းကလည်း နောက်ဆုံး (၃) ပွဲအနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ (၅) မှတ်ပဲ ကွာဟနေတော့တာ ဖြစ်ပါတယ်။

“ဒီရာသီက ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရ ခက်ခဲခဲ့ပါတယ်။ ကျွန်တော် အသင်းက ထွက်ခွာချင်ခဲ့တာကို သိခဲ့ပါတယ်။ အခုတော့ ကျွန်တော်ဟာ အသင်းမှာပဲ ပျော်ရွှင်နေပြီး ပြန်လည်အာရုံစိုက်နေပါတယ်။ နေ့တိုင်း လေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး သွင်းဂိုးတွေ နဲ့ ဖန်တီးမှုတွေလည်း ပြန်ရလာလို့ ပျော်ရွှင်နေပါတယ်”လို့ ဆန်ချိုက စနေနေ့က လိုက်ပ်ဇစ်အသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ယူႏိုက္တက္ နဲ႔ အေျပာင္းအေရႊ႕ မျဖစ္ခဲ့လို႔ ရာသီအစမွာ အရမ္းခက္ခဲေပမယ့္ ေျခစြမ္းျပန္ျပႏိုင္လို႔ ေပ်ာ္ရႊင္ေနတဲ့ ေဒါ့မြန္ၾကယ္ပြင့္ ေဂ်ဒြန္ဆန္ခ်ိဳ

ေဂ်ဒြန္ဆန္ခ်ိဳက ယူႏိုက္တက္နဲ႔ အေျပာင္းအေရႊ႕ မျဖစ္ေပၚခဲ့တဲ့ ေနာက္ပိုင္း သူ႔ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ျပန္လည္ျပသႏိုင္မယ္လို႔ ယံုၾကည္ထားပါတယ္။ ေဒါ့မြန္အသင္းေတာင္ပံကစားသမားကို ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕က ယူႏိုက္တက္အသင္းက ႀကိမ္ဖန္မ်ားစြာ ဆက္သြယ္ခဲ့ၿပီး အေျပာင္းအေရႊ႕ အထမေျမာက္ခဲ့တဲ့ အက်ိဳးဆက္ေတြေၾကာင့္ ဆန္ခ်ိဳဟာ ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းေတြ က်ဆင္းခဲ့တာ ျဖစ္ပါတယ္။

သူဟာ ေႏြရာသီ အေျပာင္းအေရႊ႕ ၿပီးတဲ့ ေနာက္ပိုင္းက (၂၄) ပြဲကစားခဲ့ေပမယ့္ (၄) ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ ယခုအခါေတာ့ ေနာက္ပိုင္းကစားခဲ့တဲ့ပြဲအနည္းငယ္မွာပင္ (၃) ဂိုးသြင္းထားပါတယ္။ သူ႔ရဲ႕ ေျခစြမ္းျပလာမႈနဲ႔အတူ ေဒါ့မြန္အသင္းကလည္း ေနာက္ဆံုး (၃) ပြဲအႏိုင္ရခဲ့ၿပီး အမွတ္ေပးဇယားထိပ္က ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ (၅) မွတ္ပဲ ကြာဟေနေတာ့တာ ျဖစ္ပါတယ္။

“ဒီရာသီက ကၽြန္ေတာ့္အတြက္ ပုဂၢိဳလ္ေရးအရ ခက္ခဲခဲ့ပါတယ္။ ကၽြန္ေတာ္ အသင္းက ထြက္ခြာခ်င္ခဲ့တာကို သိခဲ့ပါတယ္။ အခုေတာ့ ကၽြန္ေတာ္ဟာ အသင္းမွာပဲ ေပ်ာ္ရႊင္ေနၿပီး ျပန္လည္အာရံုစိုက္ေနပါတယ္။ ေန႔တိုင္း ေလ့က်င့္ေရးမွာ ျပင္းျပငး္ထန္ထန္ လုပ္ေဆာင္ေနၿပီး သြင္းဂိုးေတြ နဲ႔ ဖန္တီးမႈေတြလည္း ျပန္ရလာလို႔ ေပ်ာ္ရႊင္ေနပါတယ္”လို႔ ဆန္ခ်ိဳက စေနေန႔က လိုက္ပ္ဇစ္အသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။