အာဆင်နယ်အသင်းနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးလိုက်တဲ့ နောက်ခံလူ ဟိုးလ်ဒင်း

အာဆင်နယ်အသင်းဟာ နောက်ခံလူ ဟိုးလ်ဒင်းကို ကာလရှည်း စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဟိုးလ်ဒင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နယူးကာဆယ်အသင်းထံကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့ပေမယ့် အာတီတာက ခွင့်မပြုခဲ့ပါဘူး။ အဲ့ဒီကတည်းက ဟိုးလ်ဒင်းဟာ ပြိုင်ပွဲစုံ (၁၈) ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၁၁) ပွဲမှာလည်း ပွဲထွက်ကစားခွင့်ရထားပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ၂၀၁၆ ခုနှစ်က ဘော်လ်တန်အသင်းကနေ အာဆင်နယ်ကို ရောက်ရှိလာသူဖြစ်ပြီး ၂၀၁၈ ခုနှစ်က ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ နောက်ခံလူဟာ ACL ဒဏ်ရာကြောင့် ကိုးလ ကျော်လောက် အနားယူခဲ့ရပါတယ်။ မနှစ်ရာသီ က ကိုဗစ်ကြောင့် နားထားရတဲ့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည် စတင်လာကတည်းက ဟိုးလ်ဒင်းဟာ ပြန်လည်ပွဲကစားခွင့် ရခဲ့ပြီး အာဆင်နယ်အသင်းကို အက်ဖ်အေဖလား ရအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

အခု သက်တမ်းတိုးလိုက်တဲ့ စာချုပ်က ၂၀၂၃ ခုနှစ်အထိ ဖြစ်ပြီး နွေရာသီက ရောက်လာခဲ့တဲ့ ဂါဘရီရယ်လ် နဲ့ ပါဘလိုမာရီတို့နဲ့ အတူ ဗဟိုနောက်ခံလူ နေရာမှာ အပြိုင်ပွဲကစားခွင့်ရဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အာတီတာဟာ ဟိုးလ်ဒင်းကို ရေရှည်ရည်ရွယ်ထားတာ ဖြစ်ပြီး ဒီဇင်ဘာလက အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲတုန်းက အသင်းခေါင်းဆောင် လက်ပတ်ကို ပေးဝတ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ချဲလ်ဆီး၊ ဘရိုက်တန် နဲ့ ဝက်စ်ဘရွန်းတို့နဲ့ နောက်ဆုံးကစားခဲ့တဲ့ (၃) ပွဲမှာ (၁) ဂိုးသာ ပေးခံခဲ့ရပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား အဆင့် (၄) နေရာ နဲ့ (၆) မှတ်သာ ကွာဟနေတာ ဖြစ်ပြီး စနေနေ့က အက်ဖ်အေဖလားပွဲမှာလည်း နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပြီး စတုတ္ထအဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင္နယ္အသင္းနဲ႔  ကာလရွည္စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့ ေနာက္ခံလူ ဟိုးလ္ဒင္း

အာဆင္နယ္အသင္းဟာ ေနာက္ခံလူ ဟိုးလ္ဒင္းကို ကာလရွည္း စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုလိုက္ၿပီ ျဖစ္ပါတယ္။  ဟိုးလ္ဒင္းဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက နယူးကာဆယ္အသင္းထံကို ေျပာင္းေရႊ႕ရန္ နီးစပ္ခဲ့ေပမယ့္ အာတီတာက ခြင့္မျပဳခဲ့ပါဘူး။ အဲ့ဒီကတည္းက ဟိုးလ္ဒင္းဟာ ၿပိဳင္ပြဲစံု (၁၈) ပြဲမွာ ပါ၀င္ကစားခြင့္ရခဲ့ၿပီး ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၁၁) ပြဲမွာလည္း ပြဲထြက္ကစားခြင့္ရထားပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၆ ခုႏွစ္က ေဘာ္လ္တန္အသင္းကေန အာဆင္နယ္ကို ေရာက္ရွိလာသူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ႐ုန္းကန္ခဲ့ရသူ ျဖစ္ပါတယ္။ ေနာက္ခံလူဟာ ACL ဒဏ္ရာေၾကာင့္ ကိုးလ ေက်ာ္ေလာက္ အနားယူခဲ့ရပါတယ္။ မႏွစ္ရာသီ က ကိုဗစ္ေၾကာင့္ နားထားရတဲ့ ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္ စတင္လာကတည္းက ဟိုးလ္ဒင္းဟာ ျပန္လည္ပြဲကစားခြင့္ ရခဲ့ၿပီး အာဆင္နယ္အသင္းကို အက္ဖ္ေအဖလား ရေအာင္ ကူညီေပးခဲ့သူ ျဖစ္ပါတယ္။

အခု သက္တမ္းတိုးလိုက္တဲ့ စာခ်ဳပ္က ၂၀၂၃ ခုႏွစ္အထိ ျဖစ္ၿပီး ေႏြရာသီက ေရာက္လာခဲ့တဲ့ ဂါဘရီရယ္လ္ နဲ႔ ပါဘလိုမာရီတို႔နဲ႔ အတူ ဗဟိုေနာက္ခံလူ ေနရာမွာ အၿပိဳင္ပြဲကစားခြင့္ရဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။ အာတီတာဟာ ဟိုးလ္ဒင္းကို ေရရွည္ရည္ရြယ္ထားတာ ျဖစ္ၿပီး ဒီဇင္ဘာလက အဲဗာတန္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲတုနး္က အသင္းေခါင္းေဆာင္ လက္ပတ္ကို ေပး၀တ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီး၊ ဘ႐ိုက္တန္ နဲ႔ ၀က္စ္ဘရြန္းတို႔နဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ (၃) ပြဲမွာ (၁) ဂိုးသာ ေပးခံခဲ့ရပါတယ္။ လက္ရွိမွာ အာဆင္နယ္အသင္းဟာ အမွတ္ေပးဇယား အဆင့္ (၄) ေနရာ နဲ႔ (၆) မွတ္သာ ကြာဟေနတာ ျဖစ္ၿပီး စေနေန႔က အက္ဖ္ေအဖလားပြဲမွာလည္း နယူးကာဆယ္အသင္းကို အႏိုင္ရခဲ့ၿပီး စတုတၳအဆင့္ကို တက္လွမ္းသြားခဲ့ၿပီ ျဖစ္ပါတယ္။