အာဆင်နယ်ဘယ်နောက်ခံလူ တီယာနေးကို စောင့်ကြည့်ရန် ကင်းထောက် စေလွှတ်ထားတဲ့ နာပိုလီအသင်း

နာပိုလီအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ တီယာနေးကို ခေါ်ယူရန် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ တယ်လီဂရပ်ဖ်သတင်းဌာနက အဆိုအရ တီယာနေးကို နာပိုလီအသင်းက ရေရှည်အတွက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်အသင်းဟာ ဘယ်နောက်ခံလူတီယာနေး ၂၀၁၉ ခုနှစ်က ဆဲလ်တစ်မှာ ရှိနေတုန်းက လက်လွှတ်ခဲ့ရပြီး ကစားသမားက အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဂတ်တူဆိုရဲ့ အသင်းဟာ လက်ရှိအချိန်မှာတော့ အာတီတာရဲ့ အသင်းမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြနေတဲ့ စကော့တလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူနိုင်ဖွယ်ရှိမှာ မဟုတ်ဘူးလို့လည်း လက်ခံထားပါတယ်။ ဒါ့ကြောင့် နာပိုလီအသင်းဟာ ချဲလ်ဆီးဘယ်နောက်ခံလူ အီမာဆင် ကို ခေါ်ယူပြီး တီယာနေးအစား ကာလတို အသုံးပြုရန် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အီမာဆင် ဟာ ချဲလ်ဆီးအသင်းမှာ ဘင်ချီဝဲလ် နဲ့ မားကိုစ့်အလွန်ဆိုတို့ နောက်မှသာ ကစားခွင့်ရမှာဖြစ်လို့ ဒီရာသီမှာ လူစားဝင်ကစားခွင့်ရဖို့ တောင် အနိုင်နိုင်ဖြစ်နေသူပါ။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် (၅) ပွဲကစားထားပေမယ့် စုစုပေါင်း (၁၅၈) မိနစ်ပဲ ကစားခွင့်ရထားသူ ဖြစ်ပါတယ်။

အာဆင္နယ္ဘယ္ေနာက္ခံလူ တီယာေနးကို ေစာင့္ၾကည့္ရန္ ကင္းေထာက္ ေစလႊတ္ထားတဲ့ နာပိုလီအသင္း

နာပိုလီအသင္းဟာ အာဆင္နယ္အသင္းရဲ႕ ဘယ္ေနာက္ခံလူ တီယာေနးကို ေခၚယူရန္ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ တယ္လီဂရပ္ဖ္သတင္းဌာနက အဆိုအရ တီယာေနးကို နာပိုလီအသင္းက ေရရွည္အတြက္ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။ စီးရီးေအ ကလပ္အသင္းဟာ ဘယ္ေနာက္ခံလူတီယာေနး ၂၀၁၉ ခုႏွစ္က ဆဲလ္တစ္မွာ ရွိေနတုန္းက လက္လႊတ္ခဲ့ရၿပီး ကစားသမားက အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

ဂတ္တူဆိုရဲ႕ အသင္းဟာ လက္ရွိအခ်ိန္မွာေတာ့ အာတီတာရဲ႕ အသင္းမွာ အဓိက ကစားသမားတစ္ေယာက္အျဖစ္ ေျခစြမ္းျပေနတဲ့ စေကာ့တလန္လက္ေရြးစင္ကစားသမားကို ေခၚယူႏိုင္ဖြယ္ရွိမွာ မဟုတ္ဘူးလို႔လည္း လက္ခံထားပါတယ္။ ဒါ့ေၾကာင့္ နာပိုလီအသင္းဟာ ခ်ဲလ္ဆီးဘယ္ေနာက္ခံလူ အီမာဆင္ ကို ေခၚယူၿပီး တီယာေနးအစား ကာလတို အသံုးျပဳရန္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

အီမာဆင္ ဟာ  ခ်ဲလ္ဆီးအသင္းမွာ  ဘင္ခ်ီဝဲလ္ နဲ႔ မားကိုစ့္အလြန္ဆိုတို႔ ေနာက္မွသာ ကစားခြင့္ရမွာျဖစ္လို႔ ဒီရာသီမွာ လူစားဝင္ကစားခြင့္ရဖို႔ ေတာင္ အႏိုင္ႏိုင္ျဖစ္ေနသူပါ။ အသက္ ၂၆ ႏွစ္အ႐ြယ္ကစားသမားဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ (၅) ပြဲကစားထားေပမယ့္ စုစုေပါင္း (၁၅၈) မိနစ္ပဲ ကစားခြင့္ရထားသူ ျဖစ္ပါတယ္။