၀က်စ်ဟမ်းကွင်းလယ်လူ ဖီလစ်ပီအန်ဒါဆန် ကို ခေါ်ယူရန် မျက်စိကျနေတဲ့ အေစီမီလန်အသင်း

အေစီမီလန်အသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်တိုက်စစ်ကစားသမား ဖစ်လီပစ်အန်ဒါဆန်ကို ခေါ်ယူရန် မျက်စိကျနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပေါ်တိုအသင်း၌ အငှားသွားရောက်ကစားနေတဲ့ ကစားသမားကို အေစီမီလန်အသင်းက စိတ်ဝင်စားနေတယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ အေစီမီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ဦးဆောင်နေပြီး အသင်းရဲ့ လူအင်အားကို ထပ်မံ တောင့်တင်းအောင် လုပ်ချင်နေတဲ့အတွက် ဒုတိယရာသီဝက်မှာ ကစားသမားတွေ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အန်ဒါဆန်ဟာ ပေါ်တိုအသင်းထံ အငှားသွားရောက်ကစားခဲ့သော်လည်း ကစားခွင့်ပုံမှန်မရလို့ ဝက်စ်ဟမ်းအသင်းကလည်း သူ့ကို ဒီလမှာ ပြန်ခေါ်ပြီး အခြားအသင်းတစ်သင်းထံကို ပြန်လည် ရောင်းချရန် စီစဉ်နေတယ်လို့ သိရပါတယ်။ ဘရာဇီးကစားသမားဟာ ပေါ်တူဂီမှာ အခုအချိန်အထိ မိနစ် (၉၀) ပြည့်အောင် ကစားခွင့်မရပဲ ပေါ်တိုအသင်းရဲ့ လိဂ်ပွဲ လူစာရင်းကနေလည်း ထုတ်ပယ်ထားခြင်းခံထားရသူ ဖြစ်ပါတယ်။

၀က္စ္ဟမ္းကြင္းလယ္လူ ဖစ္လစ္ပီအန္ဒါဆန္ ကို ေခၚယူရန္ မ်က္စိက်ေနတ့ဲ ေအစီမီလန္အသင္း

ေအစီမီလန္အသင္းဟာ ၀က္စ္ဟမ္းကြင္းလယ္တိုက္စစ္ကစားသမား ဖစ္လီပစ္အန္ဒါဆန္ကို ေခၚယူရန္ မ်က္စိက်ေနတယ္လို႔ သိရပါတယ္။ လက္ရွိမွာ ေပၚတိုအသင္း၌ အငွားသြားေရာက္ကစားေနတဲ့ ကစားသမားကို ေအစီမီလန္အသင္းက စိတ္၀င္စားေနတယ္လို႔ ေဒးလီးေမးလ္သတင္းဌာနက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ေအစီမီလန္အသင္းဟာ စီးရီးေအ အမွတ္ေပးဇယားထိပ္ပိုင္းမွာ ဦးေဆာင္ေနၿပီး အသင္းရဲ႕ လူအင္အားကို ထပ္မံ ေတာင့္တင္းေအာင္ လုပ္ခ်င္ေနတဲ့အတြက္ ဒုတိယရာသီ၀က္မွာ ကစားသမားေတြ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

အန္ဒါဆန္ဟာ ေပၚတိုအသင္းထံ အငွားသြားေရာက္ကစားခဲ့ေသာ္လည္း ကစားခြင့္ပံုမွန္မရလို႔ ၀က္စ္ဟမ္းအသင္းကလည္း သူ႔ကို ဒီလမွာ ျပန္ေခၚၿပီး အျခားအသင္းတစ္သင္းထံကို ျပန္လည္ ေရာင္းခ်ရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဘရာဇီးကစားသမားဟာ ေပၚတူဂီမွာ အခုအခ်ိန္အထိ မိနစ္ (၉၀) ျပည့္ေအာင္ ကစားခြင့္မရပဲ ေပၚတိုအသင္းရဲ႕ လိဂ္ပြဲ လူစာရင္းကေနလည္း ထုတ္ပယ္ထားျခင္းခံထားရသူ ျဖစ္ပါတယ္။