ယာဂင်ကလော့ပ် နဲ့ အခုချိန်အထိ တစ်ခါမှ အတူတူ မသောက်ဖူးဘူးလို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်
ချဲလ်ဆီးနည်းပြ လမ်းပတ်က မနှစ်က လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ် အခြေအတင်ဖြစ်ခဲ့ပြီးနောက် အတူတူမဆုံးဖြစ်ခဲ့ကြဘူးလို့ ဝန်ခံပြောသွားခဲ့ပါတယ်။ မနှစ်က ဇူလိုင်လက အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ၌ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ လီဗာပူးလ်နည်းပြကို ကွင်းအတွင်း ပြောဆိုမှုတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။
စက်တင်ဘာလက စတန်းဖို့ဒ်ဘရစ်ချ်မှာ (၂-ဝ) နဲ့ ရှုံးခဲ့တဲ့ပွဲအပြီးမှာ နည်းပြကြီး (၂) ယောက်စလုံးဟာ မျက်နှာချင်းဆိုင် ထပ်မတွေ့ဖြစ်ကြတော့ပါဘူး။ သို့သော်လည်း Dodge Woodall မှာ ကျင်းပခဲ့တဲ့ ဟယ်ရီရက်နက်ဒ် ပွဲမှာ တော့ လမ်းပတ်က သူဟာ ပွဲတွေအပြီးမှာ ယာဂင်ကလော့ပ်နဲ့ တစ်ခါမှ အတူတူ မသောက်ဖြစ်ခဲ့ဖူးဘူးလို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
သူက “အဲ့ဒီနေ့တွေတုန်းက ပွဲအပြီးမှာ အများကြီး လုပ်ဖြစ်ခဲ့ပါတယ်။ ပွဲပြီးတာနဲ့ အခြားနည်းပြတစ်ယောက်က အိမ်ကို ပြန်တဲ့ လေယာဉ်ပြန်ပေါ်ကို ရောက်နေတတ်ပါတယ်။ တစ်ချို့ နည်းပြကြီးတွေကတော့ ပွဲအပြီးမှာ တစ်ခွက်တစ်ဖလား သောက်ဖြစ်ပါတယ်။ ကျွန်တော်အဲ့ဒီလို ဖြစ်တာကို ကြိုက်နှစ်သက်ပါတယ်။ ဒါက စကားပြောလို့ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်ဟာ ကလော့ပ် နဲ့တော့ တစ်ခါမှ မသောက်ဖူးပါဘူး” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။