ဝေဖန်ခံနေရတဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ နှစ်ယောက်စလုံးဂိုးသွင်းပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တဲ့ ချဲလ်ဆီး


အက်ဖ်အေဖလားပြိုင်ပွဲမှာ လိဂ်-၂ ကလပ် မိုကမ်ဘီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပေမယ့် ရလဒ်မကောင်းမှုကြောင့် ဝေဖန် ခံနေရတဲ့ ချဲလ်ဆီးဟာ အဓိက,ကစားသမားအများစုကို အသုံးပြုပြီး ပွဲထွက်လာခဲ့တာကြောင့် လေးဂိုးပြတ်နဲ့အနိုင်ရခဲ့ပါ တယ်။ ဒီပွဲမှာ နွေရာသီအပြောင်းအရွှေ့တုန်းက နှစ်ဦးပေါင်းကို ပေါင်သန်း ၁၀၀ ကျော်ပေးပြီး ခေါ်ယူထားပေမယ့်ခြေစွမ်း ပြနိုင်ခြင်းမရှိတာကြောင့် ဝေဖန်ခံနေရတဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ နှစ်ဦးလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


အက်ဖ်အေပွဲ မတိုင်ခင်နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲဆက် နိုင်ပွဲပျောက်ထားတာကြောင့် ဝေဖန်ခံနေရတဲ့ လမ်းပတ်ရဲ့ ချဲလ် ဆီးဟာ အသင်းငယ်မိုကမ်ဘီနဲ့ ကစားရတာဖြစ်ပေမယ့် ပွဲအစကတည်းက အနိုင်ရဖို့ပြင်ဆင်လာတာကြောင့် ပွဲချိန် ၁၈ မိ နစ်မှာ မာဆင်မောင့် ၊ ပွဲချိန် ၄၄ မိနစ်မှာ တီမိုဝါနာ ၊ ပွဲချိန် ၄၉ မိနစ်မှာ အိုဒွိုင်းလ် နဲ့ ပွဲချိန် ၈၅ မိနစ်မှာ ကိုင်ဟာဗက်ဇ်တို့ က ဂိုးတွေသွင်းယူခဲ့လို့ လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ချဲလ်ဆီးအသင်းနည်းပြလမ်းပတ်က “ အသင်းငယ်နဲ့ ကစားရတယ်ဆိုပေမယ့် ပွဲအစကတည်းက အသင်း သားတွေအနေနဲ့ အနိုင်ရဖို့အတွက် ကြိုးစားနေခဲ့တာ တွေ့ရပါတယ်။ ဒီလိုမျိုး ယုံကြည်ချက်ရှိရှိနဲ့ ကစားနိုင်မယ်ဆိုရင် အသင်းအနေနဲ့ ရလဒ်ကောင်းတွေကို ပြန်ရလာမှာပါ။ ၁၃ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ တီမိုဝါနာနဲ့ ၁၅ ပွဲဆက် ဂိုးမသွင်း နိုင်တဲ့ ကိုင်ဟာဗက်ဇ်တို့ ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက်လည်း ပျော်ရွှင်မိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ေဝဖန္ခံေနရတဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ ႏွစ္ေယာက္စလံုးဂိုးသြင္းၿပီး ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီး
အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ လိဂ္-၂ ကလပ္ မိုကမ္ဘီအသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ေပမယ့္ ရလဒ္မေကာင္းမႈေၾကာင့္ ေဝဖန္ ခံေနရတဲ့ ခ်ဲလ္ဆီးဟာ အဓိက,ကစားသမားအမ်ားစုကို အသံုးျပဳၿပီး ပြဲထြက္လာခဲ့တာေၾကာင့္ ေလးဂိုးျပတ္နဲ႔အႏိုင္ရခဲ့ပါ တယ္။ ဒီပြဲမွာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ႏွစ္ဦးေပါင္းကို ေပါင္သန္း ၁၀၀ ေက်ာ္ေပးၿပီး ေခၚယူထားေပမယ့္ေျခစြမ္း ျပႏိုင္ျခင္းမရွိတာေၾကာင့္ ေဝဖန္ခံေနရတဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ ႏွစ္ဦးလည္း ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အက္ဖ္ေအပြဲ မတိုင္ခင္ေနာက္ဆံုးကစားခဲ့တဲ့ ၃ပြဲဆက္ ႏိုင္ပြဲေပ်ာက္ထားတာေၾကာင့္ ေဝဖန္ခံေနရတဲ့ လမ္းပတ္ရဲ႕ ခ်ဲလ္ ဆီးဟာ အသင္းငယ္မိုကမ္ဘီနဲ႔ ကစားရတာျဖစ္ေပမယ့္ ပြဲအစကတည္းက အႏိုင္ရဖို႔ျပင္ဆင္လာတာေၾကာင့္ ပြဲခ်ိန္ ၁၈ မိ နစ္မွာ မာဆင္ေမာင့္ ၊ ပြဲခ်ိန္ ၄၄ မိနစ္မွာ တီမိုဝါနာ ၊ ပြဲခ်ိန္ ၄၉ မိနစ္မွာ အိုဒြိဳင္းလ္ နဲ႔ ပြဲခ်ိန္ ၈၅ မိနစ္မွာ ကိုင္ဟာဗက္ဇ္တို႔ က ဂိုးေတြသြင္းယူခဲ့လို႔ ေလးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးအသင္းနည္းျပလမ္းပတ္က “ အသင္းငယ္နဲ႔ ကစားရတယ္ဆိုေပမယ့္ ပြဲအစကတည္းက အသင္း သားေတြအေနနဲ႔ အႏိုင္ရဖို႔အတြက္ ႀကိဳးစားေနခဲ့တာ ေတြ႕ရပါတယ္။ ဒီလိုမ်ိဳး ယံုၾကည္ခ်က္ရွိရွိနဲ႔ ကစားႏိုင္မယ္ဆိုရင္ အသင္းအေနနဲ႔ ရလဒ္ေကာင္းေတြကို ျပန္ရလာမွာပါ။ ၁၃ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ တီမိုဝါနာနဲ႔ ၁၅ ပြဲဆက္ ဂိုးမသြင္း ႏိုင္တဲ့ ကိုင္ဟာဗက္ဇ္တို႔ ဂိုးသြင္းႏိုင္ခဲ့တဲ့ အတြက္လည္း ေပ်ာ္ရႊင္မိပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။