ဒယ်လီအလီကို ပရီးမီးယားလိဂ်မှာ ပြန်ပြီးကစားခွင့်ပေးမယ်လို့ ပြောခဲ့တဲ့ စပါးနည်းပြ မော်ရင်ဟို


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းငယ်ဖြစ်တဲ့ မာရိန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ငါးဂိုး ပြတ်နဲ့ အနိုင်ရခဲ့တဲ့ စပါးအသင်းရဲ့ နည်းပြမော်ရင်ဟိုက ဒီပွဲမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ ဒယ်လီအလီကို ပရီးမီးယား လိဂ်ပွဲစဉ်တွေမှာ ပြန်အသုံးပြုတော့မယ်လို့ ပြောခဲ့ပါတယ်။ မော်ရင်ဟိုရဲ့လက်အောက်မှာ ပွဲထွက်ခွင့်နည်းပါးခဲ့တာကြောင့် အလီဟာ အသင်းပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေသူလည်း ဖြစ်ပါတယ်။


ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန် ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းနည်းပြ ဖြစ်လာတဲ့ စပါးနည်းပြဟောင်းပိုချက် တီနိုက အလီကိုခေါ်ယူဖို့ ဆက်သွယ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီးနောက် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်တယ် လို့လည်း ခန့်မှန်းမှုတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ ဒယ်လီအလီဟာ ဒီရာသီပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းအတွက် ၇၅ မိနစ်ပဲ ကစားခွင့်ရသေးတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


ပွဲအပြီးမှာတော့ စပါးနည်းပြမော်ရင်ဟိုက “ အလီက ပရော်ဖက်ရှင်နယ် ပီသတဲ့သူတစ်ဦးလို့ ဆိုရမှာပါ။ သူအနေနဲ့ ကစား ခွင့်ရတဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံးကြိုးစားပေးခဲ့ပါတယ်။ သူရဲ့ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ကြောင့် အက်စ်တွန်ဗီလာနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူကို အသင်းအတွက် ပြန်လည်ကစားခွင့်ပေးမှာပါ” လို့ပြောသွား ခဲ့ပါတယ်။ ဆက်လက်ပြီး မော်ရင်ဟို မာရိန်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူး ကားလို့စ် ဗီနီဆီယက်စ်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

zawgyi version

ဒယ္လီအလီကို ပရီးမီးယားလိဂ္မွာ ျပန္ၿပီးကစားခြင့္ေပးမယ္လို႔ ေျပာခဲ့တဲ့ စပါးနည္းျပ ေမာ္ရင္ဟို
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ အသင္းငယ္ျဖစ္တဲ့ မာရိန္းအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ငါးဂိုး ျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ စပါးအသင္းရဲ႕ နည္းျပေမာ္ရင္ဟိုက ဒီပြဲမွာ ပါဝင္ကစားခဲ့ၿပီး ေျခစြမ္းျပခဲ့တဲ့ ဒယ္လီအလီကို ပရီးမီးယား လိဂ္ပြဲစဥ္ေတြမွာ ျပန္အသံုးျပဳေတာ့မယ္လို႔ ေျပာခဲ့ပါတယ္။ ေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာ ပြဲထြက္ခြင့္နည္းပါးခဲ့တာေၾကာင့္ အလီဟာ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေနသူလည္း ျဖစ္ပါတယ္။
ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ခ်ိန္ ျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းနည္းျပ ျဖစ္လာတဲ့ စပါးနည္းျပေဟာင္းပိုခ်က္ တီႏိုက အလီကိုေခၚယူဖို႔ ဆက္သြယ္ေနတယ္ဆိုတဲ့သတင္းေတြ ထြက္လာၿပီးေနာက္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ႏိုင္တယ္ လို႔လည္း ခန္႔မွန္းမႈေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၄ ႏွစ္သာရွိေသးတဲ့ ဒယ္လီအလီဟာ ဒီရာသီပရီးမီးယားလိဂ္ ပြဲစဥ္ေတြမွာ အသင္းအတြက္ ၇၅ မိနစ္ပဲ ကစားခြင့္ရေသးတယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ပြဲအၿပီးမွာေတာ့ စပါးနည္းျပေမာ္ရင္ဟိုက “ အလီက ပေရာ္ဖက္ရွင္နယ္ ပီသတဲ့သူတစ္ဦးလို႔ ဆိုရမွာပါ။ သူအေနနဲ႔ ကစား ခြင့္ရတဲ့အခ်ိန္မွာ အသင္းအတြက္ အေကာင္းဆံုးႀကိဳးစားေပးခဲ့ပါတယ္။ သူရဲ႕ ပေရာ္ဖက္ရွင္နယ္ စိတ္ဓာတ္ေၾကာင့္ အက္စ္တြန္ဗီလာနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ သူကို အသင္းအတြက္ ျပန္လည္ကစားခြင့္ေပးမွာပါ” လို႔ေျပာသြား ခဲ့ပါတယ္။ ဆက္လက္ၿပီး ေမာ္ရင္ဟို မာရိန္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဟက္ထရစ္သြင္းယူၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ တိုက္စစ္မွဴး ကားလို႔စ္ ဗီနီဆီယက္စ္ကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။