ယူနိုက်တက်ကြယ်ပွင့် လင်ဂတ်ကို ခေါ်ယူရန်အင်တာမီလန်အသင်းကို တိုက်တွန်းလိုက်တဲ့ လူကာကူ နဲ့ အက်ရှ်လေယန်း

ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်ကို ခေါ်ယူရန် အင်တာမီလန်အသင်းက ဆက်သွယ်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ The Mirror သတင်းဌာနရဲ့ အဆိုအရ အင်တာမီလန်နည်းပြကြီး ကွန်တီဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားနဲ့ လက်တွဲ အလုပ်လုပ်ချင်နေတယ်လို့ သိရပါတယ်။ လင်ဂတ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၂ မှာ ကုန်ဆုံးမှာဖြစ်လို့ ဒီလမှာ သူ့ကို ခေါ်ယူမယ်ဆိုရင် ခေါ်ယူလို့ရနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ကနေ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ကစားခဲ့ကြတဲ့ လူကာကူ နဲ့ အက်ရှ်လေယန်းတို့ဟာ လင်ဂတ်ကို ခေါ်ယူပေးရန် အင်တာမီလန်နည်းပြကြီးကို တိုက်တွန်းပြောဆိုနေကြတယ်လို့ သိရပါတယ်။ ကွန်တီကလည်း အသင်းမှာ ရုန်းကန်နေရတဲ့ အဲရစ်ဆင်နေရာမှာ လင်ဂတ် နဲ့ အစားထိုးရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

မနေ့ညက ဝက်ဖိုဒ့်နဲ့ ယူနိုက်တက်အသင်း ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာတော့ လင်ဂတ်ဟာ ပွဲစကတည်းက ပါဝင်ကစားခဲ့ရပါတယ်။ သို့သော်လည်း သူဟာ ဒီရာသီ ယူနိုက်တက်အသင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ကစားခွင့် ပျောက်ဆုံးနေတာ ကြာ ပြီဖြစ်ပါတယ်။ အသင်းကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့လည်း အေဂျက်အသင်းကနေ ဗန်ဒီဘိခ် ရောက်လာလို့ နဂိုကတည်းက ဘရူနိုဖာနန်ဒက်စ်ကြောင့် ပွဲကစားခွင့် နည်းပါးနေတဲ့ လင်ဂတ်ဟာ ပွဲကစားခွင့် ပျောက်ဆုံးလုနီးပါးတဲ့အထိ ဖြစ်သွားပါတယ်။

ယူႏိုက္တက္ၾကယ္ပြင့္ လင္ဂတ္ကို ေခၚယူရန္အင္တာမီလန္အသင္းကို တိုက္တြန္းလိုက္တဲ့ လူကာကူ နဲ႔ အက္ရွ္ေလယန္း

ယူႏိုက္တက္ကြင္းလယ္လူ လင္ဂတ္ကို ေခၚယူရန္ အင္တာမီလန္အသင္းက ဆက္သြယ္မႈေတြ လုပ္ေနတာ ျဖစ္ပါတယ္။ The Mirror သတင္းဌာနရဲ႕ အဆိုအရ အင္တာမီလန္နည္းျပႀကီး ကြန္တီဟာ အဂၤလန္လက္ေရြးစင္ကစားသမားနဲ႔ လက္တြဲ အလုပ္လုပ္ခ်င္ေနတယ္လို႔ သိရပါတယ္။ လင္ဂတ္ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၂ မွာ ကုန္ဆံုးမွာျဖစ္လို႔ ဒီလမွာ သူ႔ကို ေခၚယူမယ္ဆိုရင္ ေခၚယူလို႔ရေနတာ ျဖစ္ပါတယ္။

ယူႏိုက္တက္ကေန အင္တာမီလန္အသင္းဆီကို ေျပာင္းေရႊ႕ကစားခဲ့ၾကတဲ့ လူကာကူ နဲ႔ အက္ရွ္ေလယန္းတို႔ဟာ လင္ဂတ္ကို ေခၚယူေပးရန္ အင္တာမီလန္နည္းျပႀကီးကို တိုက္တြန္းေျပာဆိုေနၾကတယ္လို႔ သိရပါတယ္။ ကြန္တီကလည္း အသင္းမွာ ႐ုန္းကန္ေနရတဲ့ အဲရစ္ဆင္ေနရာမွာ လင္ဂတ္ နဲ႔ အစားထိုးရန္ ရည္ရြယ္ထားတာျဖစ္ပါတယ္။

မေန႔ညက ၀က္ဖိုဒ့္နဲ႔ ယူႏိုက္တက္အသင္း ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာေတာ့ လင္ဂတ္ဟာ ပြဲစကတည္းက ပါ၀င္ကစားခဲ့ရပါတယ္။ သို႔ေသာ္လည္း သူဟာ ဒီရာသီ ယူႏိုက္တက္အသင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ ကစားခြင့္ ေပ်ာက္ဆံုးေနတာ ၾကာ ၿပီျဖစ္ပါတယ္။ အသင္းကို ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕လည္း ေအဂ်က္အသင္းကေန ဗန္ဒီဘိခ္ ေရာက္လာလို႔ နဂိုကတည္းက ဘ႐ူႏိုဖာနန္ဒက္စ္ေၾကာင့္ ပြဲကစားခြင့္ နည္းပါးေနတဲ့ လင္ဂတ္ဟာ ပြဲကစားခြင့္ ေပ်ာက္ဆံုးလုနီးပါးတဲ့အထိ ျဖစ္သြားပါတယ္။