ချဲလ်ဆီးအသင်းထက် ယူနိုက်တက်ကို ပြောင်းကစားရန် လုံးဝစိတ်ဝင်စားဘူးလို့ သူငယ်ချင်းဖြစ်သူတွေကို ပြောဆိုခဲ့တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်
ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်က ယူနိုက်တက် ကို ပြောင်းရွှေ့ရန် လုံး၀ စိတ်မဝင်စားပဲ လန်ဒန်မှာပဲ ဆက်နေချင်တယ်လို့ သူငယ်ချင်းဖြစ်သူတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ရိုက်စ်ကို ခေါ်ယူလိုနေတာဖြစ်ပြီး ပေမယ့် ချဲလ်ဆီးအသင်းကသာ ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းအကယ်ဒမီကနေ အသက် ၁၄ နှစ်အရွယ်က ထွက်ခွာလာခဲ့သူပါ။
The Mirror သတင်းဌာနဲ့ အဆိုအရ အင်္ဂလန်လက်ရွေးစင်ကစားသမားက ယူနိုက်တက်ကို ပြောင်းတာထက် အသင်းဟောင်း စတန်းဖို့ဒ်ဘရစ်ချ်ကိုပဲ ပြောင်းရွှေ့ဖြစ်မယ်လို့ သူငယ်ချင်းတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူက “ဒီကလန်က ယူနိုက်တက်ကို မပြောင်းချင်ပါဘူး။ ဒါဆို သူဘယ်ကို ပြောင်းချင်သလဲဆိုတာ ပိုပြီး အဖြေပေါ်လောက်ပါပြီ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
နောက်တစ်ပတ်မှာ အသက် ၂၂ နှစ်ပြည့်မယ့် ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့် နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အတူတူကြီးပြင်းလာသူတွေပါ။ ရိုက်စ်ဟာ ဗဟိုကွင်းလယ်အပြင် ကွင်းလယ်ခံစစ်မှာ ကစားနိုင်သူအဖြစ် နာမည်ကျော်ကြားလာသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေပြီး အသင်းကတော့ ပေါင်သန်း ၈၀ သတ်မှတ်ထားပါတယ်။
ဝက်စ်ဟမ်းအသင်းခေါင်းဆောင် နိုဘယ်လ်ကလည်း ရိုက်စ်ကို အသင်းမှာပဲ ဆက်လက်ရှိနေစေချင်ပေမယ့် အပြောင်းအရွှေ့ကာလမှာ ဘာဆက်ဖြစ်မလာမလဲဆိုတာကတော့ ဘယ်တော့မှ ကြိုမသိနိုင်ဘူးလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ကွင်းလယ်ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ကစားခွင့်ရနေပြီး နိုဝင်ဘာလတုန်းက အိုက်စ်လန်အသင်းနဲ့ ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးသွင်းဂိုး ကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
ယူနိုက်တက် နဲ့ ချဲလ်ဆီးကို ပြောင်းဖို့ လုံးဝစိတ်ဝင်စားဘူးလို့ သူငယ်ချင်းဖြစ်သူတွေကို ပြောဆိုခဲ့တဲ့ ၀က်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်