လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့နဲ့ အပြိုင်ခေါ်ယူမယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူချင်တဲ့ အသင်းတွေထဲ ပါဝင်လာပြီဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံ အူပါမီကာနိုဟာ လာမယ့် အပြောင်းအရွှေ့ရာသီမှာ အသင်းကြီးတွေ အဓိက ပစ်မှတ်ထားမယ့် ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ မနှစ်ကမှ လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၄၀ ပဲ ရှိနေတာဖြစ်ပါတယ်။ အူပါမီကာနိုကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဥရောပက ထိပ်သီးကလပ်အသင်းတွေထဲမှာ ချဲလ်ဆီးအသင်းက နောက်ဆုံးစိတ်ဝင်စားနေတဲ့ အသင်းဖြစ်လာပါတယ်။ လိုက်ပ်ဇစ်အသင်းကတော့ အူပါမီကာနိုကို ဒီလမှာ ထိန်းသိမ်းသွားပြီးမှ နွေရာသီမှာ လက်လွှတ်ရန် စဉ်းစားထားတယ်လို့ သိရပါတယ်။ ဒီရာသီ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းမှာ သီယာဂိုဆေးလ်ဗား နဲ့ ဇူးမားတို့ဟာ အကောင်းဆုံး တွဲဖက်ကစားနေသူတွေ ဖြစ်ပါတယ်။

သို့သော်လည်း နွေရာသီက အသစ်ခေါ်ယူထားတဲ့ သီယာဂိုဆေးလ်ဗားဟာ အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပြီး အသင်းမှာ ရှိနေဆဲဖြစ်တဲ့ ရူဒီဂါ၊ ခရစ္စတန်ဆန် နဲ့ တိုမိုရီတို့ရဲ့ ခြေစွမ်းကလည်း မတည်ငြိမ်သေးလို့ ချဲလ်ဆီးအသင်းဟာ ရေရှည်စီမံကိန်းအတွက် နောက်ခံလူရှာဖွေနေတာပါ။ အာဆင်နယ်၊ ယူနိုက်တက် နဲ့ လီဗာပူးလ်အသင်းတို့ကလည်း အူပါမီကာနိုကို စိတ်ဝင်စားခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်ပါတယ်။

လိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔နဲ႔ အၿပိဳင္ေခၚယူမယ့္ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ လိုက္ပ္ဇစ္အသင္းရဲ႕ ေနာက္ခံလူ အူပါမီကာႏိုကို ေခၚယူခ်င္တဲ့ အသင္းေတြထဲ ပါ၀င္လာၿပီျဖစ္ပါတယ္။ ျပင္သစ္လက္ေရြးစင္ ဗဟိုေနာက္ခံ အူပါမီကာႏိုဟာ လာမယ့္ အေျပာင္းအေရႊ႕ရာသီမွာ အသင္းႀကီးေတြ အဓိက ပစ္မွတ္ထားမယ့္ ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ မႏွစ္ကမွ လိုက္ပ္ဇစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္ေပမယ့္ သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္သန္း ၄၀ ပဲ ရွိေနတာျဖစ္ပါတယ္။ အူပါမီကာႏိုကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ ဥေရာပက ထိပ္သီးကလပ္အသင္းေတြထဲမွာ ခ်ဲလ္ဆီးအသင္းက ေနာက္ဆံုးစိတ္၀င္စားေနတဲ့ အသင္းျဖစ္လာပါတယ္။ လိုက္ပ္ဇစ္အသင္းကေတာ့ အူပါမီကာႏိုကို ဒီလမွာ ထိန္းသိမ္းသြားၿပီးမွ ေႏြရာသီမွာ လက္လႊတ္ရန္ စဥ္းစားထားတယ္လို႔ သိရပါတယ္။ ဒီရာသီ ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္ပိုင္းမွာ သီယာဂိုေဆးလ္ဗား နဲ႔ ဇူးမားတို႔ဟာ အေကာင္းဆံုး တြဲဖက္ကစားေနသူေတြ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ေႏြရာသီက အသစ္ေခၚယူထားတဲ့ သီယာဂိုေဆးလ္ဗားဟာ အသက္ ၃၆ ႏွစ္ရွိေနၿပီျဖစ္ၿပီး အသင္းမွာ ရွိေနဆဲျဖစ္တဲ့ ႐ူဒီဂါ၊ ခရစၥတန္ဆန္ နဲ႔ တိုမိုရီတို႔ရဲ႕ ေျခစြမ္းကလည္း မတည္ၿငိမ္ေသးလို႔ ခ်ဲလ္ဆီးအသင္းဟာ ေရရွည္စီမံကိန္းအတြက္ ေနာက္ခံလူရွာေဖြေနတာပါ။ အာဆင္နယ္၊ ယူႏိုက္တက္ နဲ႔ လီဗာပူးလ္အသင္းတို႔ကလည္း အူပါမီကာႏိုကို စိတ္၀င္စားခဲ့ဖူးတ့ဲ အသင္းေတြ ျဖစ္ပါတယ္။