နာပိုလီတိုက်စစ်မှူး မီလစ်ခ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ နာပိုလီအသင်းရဲ့ တိုက်စစ်မှူး မီလစ်ခ်ကို ရာသီကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ နာပိုလီအသင်းဟာ ဒီရာသီမှာ နည်းပြ ဂတ်တူဆိုလက်အောက်၌ ပွဲကစားခွင့် ပျောက်ဆုံးနေတဲ့ အသက် ၂၆ နှစ်အရွယ် ဒီလ အပြောင်းအရွှေ့မှာတင် ရောင်းချချင်နေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အကြီးအကဲတွေကတော့ မီလစ်ခ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ နောက်တစ်ပတ်ထဲမှာ တွေ့ဆုံရန် ကမ်းလှမ်းထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ၂၀၁၆ ခုနှစ်က အေဂျက်ကနေ စီးရီးအေ ကို ရောက်ရှိလာပြီး ပြီးခဲ့တဲ့ရာသီက (၂၆) ပွဲကစားကာ (၁၁) ဂိုးသွင်းယူပေးထားသ ူဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ ပွဲကစားခွင့် ပျောက်ဆုံးနေပြီး နာပိုလီအသင်းကတော့ ပေါင် ၁၅ သန်းလောက် လိုချင်နေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဘက်ကတော့ နာပိုလီအသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို မပေးချင်တဲ့အတွက် ရာသီကုန်အထိ စောင့်ပြီးမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ နာပိုလီအသင်းဟာ မီလစ်ခ်အတွက် ဒီလ အစောပိုင်းမှာ မာဆေးလ် နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဆီက ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ အမှတ်ပေးဇယားအဆင့် (၇) နေရာမှာ ရပ်တည်ပြီးနောက် နာပိုလီအသင်းဟာ အသင်းကို ပြန်လည်တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂတ်တူဆိုရဲ့ နာပိုလီအသင်းဟာ အမှတ်ပေးဇယား အဆင့် (၆) နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ဟာ အဆင့် (၃) နေရာက လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းနဲ့ (၂) မှတ်ကွာဟနေပြီး ဇယားထိပ်က အေစီမီလန်အသင်းနဲ့ (၉) မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

နာပိုလီတိုက္စစ္မွဴး မီလစ္ခ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ စိတ္၀င္စားေနတဲ့ ဂ်ဴဗင္တပ္စ္အသင္း

ဂ်ဴဗင္တပ္စ္အသင္းဟာ နာပိုလီအသင္းရဲ႕ တိုက္စစ္မွဴး မီလစ္ခ္ကို ရာသီကုန္ရင္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ နာပိုလီအသင္းဟာ ဒီရာသီမွာ နည္းျပ ဂတ္တူဆိုလက္ေအာက္၌ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနတဲ့ အသက္ ၂၆ ႏွစ္အရြယ္ ဒီလ အေျပာင္းအေရႊ႕မွာတင္ ေရာင္းခ်ခ်င္ေနတာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အႀကီးအကဲေတြကေတာ့ မီလစ္ခ္ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ ေနာက္တစ္ပတ္ထဲမွာ ေတြ႕ဆံုရန္ ကမ္းလွမ္းထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၆ ခုႏွစ္က ေအဂ်က္ကေန စီးရီးေအ ကို ေရာက္ရွိလာၿပီး ၿပီးခဲ့တဲ့ရာသီက (၂၆) ပြဲကစားကာ (၁၁) ဂိုးသြင္းယူေပးထားသ ူျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာေတာ့ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနၿပီး နာပိုလီအသင္းကေတာ့ ေပါင္ ၁၅ သန္းေလာက္ လိုခ်င္ေနတယ္လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဘက္ကေတာ့ နာပိုလီအသင္းက သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးကို မေပးခ်င္တဲ့အတြက္ ရာသီကုန္အထိ ေစာင့္ၿပီးမွ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူသြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။ နာပိုလီအသင္းဟာ မီလစ္ခ္အတြက္ ဒီလ အေစာပိုင္းမွာ မာေဆးလ္ နဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ဆီက ကမ္းလွမ္းခ်က္ေတြကို ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ရာသီက စီးရီးေအမွာ အမွတ္ေပးဇယားအဆင့္ (၇) ေနရာမွာ ရပ္တည္ၿပီးေနာက္ နာပိုလီအသင္းဟာ အသင္းကို ျပန္လည္တည္ေဆာက္ခ်င္ေနတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဂတ္တူဆိုရဲ႕ နာပိုလီအသင္းဟာ အမွတ္ေပးဇယား အဆင့္ (၆) ေနရာမွာ ရပ္တည္ေနပါတယ္။ သူတို႔ဟာ အဆင့္ (၃) ေနရာက လက္ရွိခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ (၂) မွတ္ကြာဟေနၿပီး ဇယားထိပ္က ေအစီမီလန္အသင္းနဲ႔ (၉) မွတ္ကြာဟေနတာ ျဖစ္ပါတယ္။