စပါးအသင်းရဲ့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ ဗလင်စီယာအသင်း

ဗလင်စီယာအသင်းဟာ စပါးအသင်းနဲ့ အင်္ဂလန်ကြယ်ပွင့် ဟယ်ရီဝင့်ခ်ကို အဓိက ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ စပိန်က သတင်းများအရ မြောက်လန်ဒန်ကလပ်အသင်းဟာ အစောပိုင်းကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပေမယ့် ဗလင်စီယာအသင်းဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ဒီလမှာပဲ ခေါ်ယူလို့ ရနိုင်အောင် ပြောင်းရွှေ့ကြေးတိုးပြီး ထပ်မံကမ်းလှမ်းဖွယ်ရှိနေပါတယ်။

ဗလင်စီယာနည်းပြ ဂျာဗီဂါစီယာဟာ ပရီးမီးယားလိဂ်မှာကတည်းက ဟယ်ရီဝင့်ခ်ကို သဘောကျသူဖြစ်ပြီး လက်တွဲအလုပ်လုပ်ချင်နေတာ ဖြစ်ပါတယ်။ ဂါစီယာဟာ ဟယ်ရီဝင့်ခ်ကို တတ်နိုင်သမျှ မြန်မြန်ခေါ်ယူပေးပါရန် ဗလင်စီယာအသင်းဘုတ်အဖွဲ့ကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ ဟယ်ရီဝင့်ခ်ကလည်း နောက်နွေရာသီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကြီးမှာ အင်္ဂလန်လက်ရွေးစင်အသင်း၌ ပါဝင်ခွင့်ရရှိရန်အတွက် ကလပ်အသင်းမှာ ပွဲကစားချိန်ပုံမှန်ရရှိလိုနေသူဖြစ်ပါတယ်။

လက်ရှိစပါးအသင်းမှာ ဟယ်ရီဝင့်ခ်ဟာ ပွဲကစားခွင့်ကို အလှည့်ကျ ရရှိနေပေမယ့် မကြာသေးခင်ကတော့ ပုံမှန်ပြန်လည်ရရှိခဲ့ပါတယ်။ နည်းပြမော်ရင်ဟိုကလည်း ဟယ်ရီဝင့်ခ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘယ်ကိုမှ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောထားခဲ့ပါတယ်။

စပါးအသင္းရဲ႕ ကြင္းလယ္လူ ဟယ္ရီ၀င့္ခ္ကို ေခၚယူရန္ ပစ္မွတ္ထားေနတဲ့ ဗလင္စီယာအသင္း

ဗလင္စီယာအသင္းဟာ စပါးအသင္းနဲ႔ အဂၤလန္ၾကယ္ပြင့္ ဟယ္ရီ၀င့္ခ္ကို အဓိက ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ စပိန္က သတင္းမ်ားအရ ေျမာက္လန္ဒန္ကလပ္အသင္းဟာ အေစာပိုင္းကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့ေပမယ့္ ဗလင္စီယာအသင္းဟာ အဂၤလန္လက္ေရြးစင္ကစားသမားကို ဒီလမွာပဲ ေခၚယူလို႔ ရႏိုင္ေအာင္ ေျပာင္းေရႊ႕ေၾကးတိုးၿပီး ထပ္မံကမ္းလွမ္းဖြယ္ရွိေနပါတယ္။

ဗလင္စီယာနည္းျပ ဂ်ာဗီဂါစီယာဟာ ပရီးမီးယားလိဂ္မွာကတည္းက ဟယ္ရီ၀င့္ခ္ကို သေဘာက်သူျဖစ္ၿပီး လက္တြဲအလုပ္လုပ္ခ်င္ေနတာ ျဖစ္ပါတယ္။ ဂါစီယာဟာ ဟယ္ရီ၀င့္ခ္ကို တတ္ႏိုင္သမွ် ျမန္ျမန္ေခၚယူေပးပါရန္ ဗလင္စီယာအသင္းဘုတ္အဖြဲ႕ကို ေတာင္းဆိုထားတယ္လို႔လည္း သိရပါတယ္။ ဟယ္ရီ၀င့္ခ္ကလည္း ေနာက္ေႏြရာသီမွာ က်င္းပမယ့္ ယူ႐ိုၿပိဳင္ပြဲႀကီးမွာ အဂၤလန္လက္ေရြးစင္အသင္း၌ ပါ၀င္ခြင့္ရရွိရန္အတြက္ ကလပ္အသင္းမွာ ပြဲကစားခ်ိန္ပံုမွန္ရရွိလိုေနသူျဖစ္ပါတယ္။

လက္ရွိစပါးအသင္းမွာ ဟယ္ရီ၀င့္ခ္ဟာ ပြဲကစားခြင့္ကို အလွည့္က် ရရွိေနေပမယ့္ မၾကာေသးခင္ကေတာ့ ပံုမွန္ျပန္လည္ရရွိခဲ့ပါတယ္။ နည္းျပေမာ္ရင္ဟိုကလည္း ဟယ္ရီ၀င့္ခ္ကို ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ဘယ္ကိုမွ ထြက္ခြာခြင့္ေပးမွာ မဟုတ္ဘူးလို႔ ရွင္းရွင္းလင္းလင္းေျပာထားခဲ့ပါတယ္။