အာတီတာက ကျွန်တော့်ကို အဆင်သင့်မဖြစ်သေးဘူးလို့ ပြောဆိုခဲ့တယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ် နောက်ခံလူ ဆလီဘာ

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဆလီဘာက မြောက်လန်ဒန်အသင်းမှာ ပွဲကစားခွင့် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး စိတ်ပျက်ခဲ့တယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ (၆) လ တာ လက်တွဲခဲ့ပြီးနောက် စိန်အက်တီယန်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ ဆလီဘာဟာ ယခုအခါ ပြင်သစ်ကလပ် နိုက်စ် အသင်းထံ အငှားသွားရောက်ကစားခဲ့ရပြီဖြစ်ပါတယ်။

လူငယ်နောက်ခံလူဟာ နိုက်အသင်းနဲ့ ရာသီကုန်အထိ လက်တွဲသွားရမယ်လို့ သိရပါတယ်။ ဆလီဘာက တယ်လီဂရပ်ဖ်သတင်းဌာနသို့ “နည်းပြက ကျွန်တော့်ကို ရုတ်တရက် မင်းက အဆင်သင့်မဖြစ်သေးဘူးလို့ လာပြောပါတယ်။ ဘယ်အခြေအနေမျိုးမှာမဆို ကျွန်တော်လည်း ကျွန်တော်ပွဲကစားခွင့်ကို ပြန်ပြီး ရချင်ပါတယ်။

ဒါပေမယ့် ဒါက ဘောလုံးလောကပါပဲ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဆလီဘာဟာ ကြားရက်က နိုက်အသင်းအတွက် ဘရက်စ်အသင်းကို (၂-ဝ) နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ပွဲဦးထွက်ကစားပေးခဲ့ပါတယ်။

အာတီတာက ကၽြန္ေတာ့္ကို အဆင္သင့္မျဖစ္ေသးဘူးလို႔ ေျပာဆိုခဲ့တယ္လို႔ ဆိုလိုက္တဲ့ အာဆင္နယ္ ေနာက္ခံလူ ဆလီဘာ

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ ဆလီဘာက ေျမာက္လန္ဒန္အသင္းမွာ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနတာနဲ႔ ပတ္သက္ၿပီး စိတ္ပ်က္ခဲ့တယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းနဲ႔ (၆) လ တာ လက္တြဲခဲ့ၿပီးေနာက္ စိန္အက္တီယန္အသင္းရဲ႕ ကစားသမားေဟာင္း ျဖစ္တဲ့ ဆလီဘာဟာ ယခုအခါ ျပင္သစ္ကလပ္ ႏိုက္စ္ အသင္းထံ အငွားသြားေရာက္ကစားခဲ့ရၿပီျဖစ္ပါတယ္။

လူငယ္ေနာက္ခံလူဟာ ႏိုက္အသင္းနဲ႔ ရာသီကုန္အထိ လက္တြဲသြားရမယ္လို႔ သိရပါတယ္။ ဆလီဘာက တယ္လီဂရပ္ဖ္သတင္းဌာနသို႔ “နည္းျပက ကၽြန္ေတာ့္ကို ႐ုတ္တရက္ မင္းက အဆင္သင့္မျဖစ္ေသးဘူးလို႔ လာေျပာပါတယ္။ ဘယ္အေျခအေနမ်ိဳးမွာမဆို ကၽြန္ေတာ္လည္း ကၽြန္ေတာ္ပြဲကစားခြင့္ကို ျပန္ၿပီး ရခ်င္ပါတယ္။

ဒါေပမယ့္ ဒါက ေဘာလံုးေလာကပါပဲ” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ ဆလီဘာဟာ ၾကားရက္က ႏိုက္အသင္းအတြက္ ဘရက္စ္အသင္းကို (၂-၀) နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ပြဲဦးထြက္ကစားေပးခဲ့ပါတယ္။