ဖိုဆူမန်ဆာ ကို အသင်းက ထွက်ခွာနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ နောက်ခံလူ ဖိုဆူမန်ဆာ အနေနဲ့ အိုးထရက်ဖိုဒ့်ကနေ ထွက်ခွာသွားနိုင်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ ဟော်လန်လက်ရွေးစင်နောက်ခံလူဟာ ယူနိုက်တက်အကယ်ဒမီကို အေဂျက်ကနေ ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့လာခဲ့သဖြစ်ပြီး သရဲနီတို့အတွက် ပွဲ (၃၀) ကစားပေးထားပါတယ်။ သူ့ရဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲဟာ ဒီဇင်ဘာလက လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လူစားဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။

“ ဖိုဆူမန်ဆာအနေနဲ့ အသင်းမှာ ဆက်နေမလား နောက်ထပ် ရွေးချယ်စရာတွေကို ပြုလုပ်သွားမလားဆိုတာ ကျွန်တော်သေချာမသိသေးပါဘူး။ သူဟာ လုံလောက်စွာ မကစားခဲ့ရတာ သေချာပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုခွင့်ပြုထားပါတယ်။ ဇန်နဝါရီမှာ အသင်းကနေ သူထွက်သွားနိုင်ပါတယ်။

အသင်းမှာ အရည်အသွေးရှိကစားသမားတွေ၊ အရမ်းကောင်းနေတဲ့ ကစားသမားတွေရှိနေတဲ့အခါ အခြားကစားသမားတွေကို အချိန်မပေးနိုင်တာက အရမ်းခက်ခဲပါတယ်” လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

ဒီရာသီမှာ ပွဲကစားခွင့် နည်းပါးနေသော်လည်း နော်ဝေးလူမျိုး နည်းပြကြီးဟာ ဖိုဆူမန်ဆာရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကိုလည်း ချီးကျူးသွားခဲ့သေးတာ ဖြစ်ပါတယ်။

“သူ့ရဲ့ လက်ရှိအနေအထားက ဘယ်အချိန်ဝင်ကစားကစား ကစားနိုင်တဲ့အနေအထားပါ။ ဒါဟာ ဇန်နဝါရီလအကုန်မှာ ဖြစ်ရင် ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် နွေရာသီမှလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူဟာ အလုပ်ကို ကြိုးစားနေပါတယ်။ သူ့အနေအထားက ဘယ်အသင်းမျိုးမှာ မဆို ကစားနိုင်တဲ့ အနေအထားဖြစ်ပါတယ်” လို့လည်း ပြောသွားခဲ့ပါတယ်။

ဖိုဆူမန္ဆာ ကို အသင္းက ထြက္ခြာႏိုင္တယ္လို႔ ေျပာဆိုလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ ေနာက္ခံလူ ဖိုဆူမန္ဆာ အေနနဲ႔ အိုးထရက္ဖိုဒ့္ကေန ထြက္ခြာသြားႏိုင္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ ေဟာ္လန္လက္ေရြးစင္ေနာက္ခံလူဟာ ယူႏိုက္တက္အကယ္ဒမီကို ေအဂ်က္ကေန ၂၀၁၄ ခုႏွစ္က ေျပာင္းေရႊ႕လာခဲ့သျဖစ္ၿပီး သရဲနီတို႔အတြက္ ပြဲ (၃၀) ကစားေပးထားပါတယ္။ သူ႔ရဲ႕ ေနာက္ဆံုးကစားခဲ့တဲ့ပြဲဟာ ဒီဇင္ဘာလက လိုက္ပ္ဇစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ လူစား၀င္ေရာက္ကစားခဲ့တာ ျဖစ္ပါတယ္။

“ ဖိုဆူမန္ဆာအေနနဲ႔ အသင္းမွာ ဆက္ေနမလား ေနာက္ထပ္ ေရြးခ်ယ္စရာေတြကို ျပဳလုပ္သြားမလားဆိုတာ ကၽြန္ေတာ္ေသခ်ာမသိေသးပါဘူး။ သူဟာ လုံေလာက္စြာ မကစားခဲ့ရတာ ေသခ်ာပါတယ္။ ဒါေၾကာင့္လည္း သူ႔အေနနဲ႔ ပြင့္ပြင့္လင္းလင္းေျပာဆိုခြင့္ျပဳထားပါတယ္။ ဇန္နဝါရီမွာ အသင္းကေန သူထြက္သြားႏိုင္ပါတယ္။

အသင္းမွာ အရည္အေသြးရွိကစားသမားေတြ၊ အရမ္းေကာင္းေနတဲ့ ကစားသမားေတြရွိေနတဲ့အခါ အျခားကစားသမားေတြကို အခ်ိန္မေပးႏိုင္တာက အရမ္းခက္ခဲပါတယ္” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။

ဒီရာသီမွာ ပြဲကစားခြင့္ နည္းပါးေနေသာ္လည္း ေနာ္ေ၀းလူမ်ိဳး နည္းျပႀကီးဟာ ဖိုဆူမန္ဆာရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈကိုလည္း ခ်ီးက်ဴးသြားခဲ့ေသးတာ ျဖစ္ပါတယ္။

“သူ႔ရဲ႕ လက္ရွိအေနအထားက ဘယ္အခ်ိန္၀င္ကစားကစား ကစားႏိုင္တဲ့အေနအထားပါ။ ဒါဟာ ဇန္နဝါရီလအကုန္မွာ ျဖစ္ရင္ ျဖစ္သြားႏိုင္ပါတယ္။ ဒါမွမဟုတ္ ေႏြရာသီမွလည္း ျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ သူဟာ အလုပ္ကို ႀကိဳးစားေနပါတယ္။ သူ႔အေနအထားက ဘယ္အသင္းမ်ိဳးမွာ မဆို ကစားႏိုင္တဲ့ အေနအထားျဖစ္ပါတယ္” လို႔လည္း ေျပာသြားခဲ့ပါတယ္။