ယူနိုက်တက်အသင်း ဇန်နဝါရီမှာ လူဝယ်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တဲ့ လက်ထောက်နည်းပြဟောင်း မြူလီစတန်း

ယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြဟောင်းဖြစ်တဲ့ မြူလီစတန်းက ဒီလမှာ အိုးထရက်ဖိုဒ့်ကွင်းထဲကို ကစားသမားအသစ် ထပ်ဖြည့်သွင်းသွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အတ္တလန္တာအသင်းကနေ ရောက်ရှိလာတဲ့ ဒီယယ်လိုကတော့ မနှစ်က နွေရာသီကတည်းက သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့ လက်ရှိ လူစာရင်းကိုပဲ ကျေနပ်အားရနေတယ်လို့ ယူဆထားတာဖြစ်ပါတယ်။

ဖူလ်ဟမ်နည်းပြဟောင်း က “ သူတို့ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မှာ ဘာမှ ထပ်လုပ်တော့မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါက အက်ဝုပ်ဝဒ် နဲ့ အိုလီတို့ ရဲ့ ရည်ရွယ်ချက်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့တွေဟာ ရှေ့ဆက်ဘာလုပ်မလဲဆိုတာကို သိထားတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါဟာ ရှေရည်စီမံကိန်းဖြစ်ပြီး သူဟာ လက်ရှိ သူ့လူစာရင်းနဲ့ ပျော်ရွှင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဟာ မန်စီးတီးအသင်းနဲ့ ပွဲတုန်းက ကာဗာနီအပါအဝင် လူစုံ ပါဝင်ကစားမယ်ဆိုရင် ပွဲဟာ အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ ထင်နေပါတယ်။ ကျွန်တော်ကတော့ သူတို့ လူထပ်ခေါ်မှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။



