အက်ဖ်အေဖလားပွဲမှာ အကယ်ဒမီ ကစားသမား (၅) ယောက်အသုံးပြုသွားမယ့် ချဲလ်ဆီးနည်းပြ လမ်းပတ်

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ မိုကမ်ဘီအသင်းနဲ့ ကစားမယ့် အက်ဖ်အေဖလားပွဲမှာ အသင်းလူစာရင်း၌ အကယ်ဒမီ ကစားသမား (၅) ယောက်ကို ထည့်သွင်းထားပါတယ်။ လမ်းပတ်ကလည်း အက်ဖ်အေဖလားပွဲမှာ လူငယ်တွေကို အခွင့်အရေးတွေ ပေးသွားမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

သူက “ ကိုဗစ် ရဲ့ အခြေအတွေကြောင့် ကျွန်တော်တို့ဟာ ဝန်ထမ်းတွေနဲ့ကစားသမားတွေ အလှည့်ကျအသုံးပြုနေရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အကယ်ဒမီကစားသမားတွေကို မကြာသေးခင်က ခေါ်ယူထားပါတယ်။ ဒါတွေက သူတို့အတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့နဲ့ လေ့ကျင့်ရေးဆင်းဖို့ အခွင့်အရေးလည်း ရနေပြီး တနင်္ဂနွေနေ့ကစားမယ့်ပွဲမှာလည်း ပါချင်ပါနိုင်ပါတယ်။

ကျွန်တော်တို့ဟာ တီနိုစ့်၊ အန်ဂျိုရင် နဲ့ လီဗရာမန်တို၊ ဂျုဆွန်အပ်ဘဲလ် အပြင် လီဝစ်ဘိတ်တို့ကို ခေါ်ယူထားပါတယ်။ သူတို့အတွက် ကြီးမားတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ဒါကို မနှစ်က ရာသီအကြိုတုန်းက ကျွန်တော်လုပ်ချင်ခဲ့တာပါ။ ဒါက အသင်းရဲ့ လေ့ကျင့်ရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ရေးမှာ လူငယ်တွေကို ထည့်ကစားတာက ပြိုင်ဆိုင်မှု ပြင်းထန်စေပါတယ်။

သူတို့တွေဟာ တစ်ကယ်ကို အရည်အသွေးရှိသူတွေဖြစ်ပြီး ရှေ့ဆက်အများကြီး ခြေလှမ်းရဦးမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ အခုလို သူတို့ကို အခွင့်အရေးပေးနိုင်လို့ ကျေနပ်မိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အက္ဖ္ေအဖလားပြဲမွာ အကယ္ဒမီ ကစားသမား (၅) ေယာက္အသံုးျပဳသြားမယ့္ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ မိုကမ္ဘီအသင္းနဲ႔ ကစားမယ့္ အက္ဖ္ေအဖလားပြဲမွာ အသင္းလူစာရင္း၌ အကယ္ဒမီ ကစားသမား (၅) ေယာက္ကို ထည့္သြင္းထားပါတယ္။ လမ္းပတ္ကလည္း အက္ဖ္ေအဖလားပြဲမွာ လူငယ္ေတြကို အခြင့္အေရးေတြ ေပးသြားမယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

သူက “ ကိုဗစ္ ရဲ႕ အေျခအေတြေၾကာင့္ ကၽြန္ေတာ္တို႔ဟာ ၀န္ထမ္းေတြနဲ႔ကစားသမားေတြ အလွည့္က်အသံုးျပဳေနရပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ဟာ အကယ္ဒမီကစားသမားေတြကို မၾကာေသးခင္က ေခၚယူထားပါတယ္။ ဒါေတြက သူတို႔အတြက္ ႀကီးမားတဲ့ အခြင့္အေရးျဖစ္ပါတယ္။ သူတို႔ဟာ ကၽြန္ေတာ္တို႔နဲ႔ ေလ့က်င့္ေရးဆင္းဖို႔ အခြင့္အေရးလည္း ရေနၿပီး တနဂၤေႏြေန႔ကစားမယ့္ပြဲမွာလည္း ပါခ်င္ပါႏိုင္ပါတယ္။

ကၽြန္ေတာ္တို႔ဟာ တီႏိုစ့္၊ အန္ဂ်ိဳရင္ နဲ႔ လီဗရာမန္တို၊ ဂ်ဳဆြန္အပ္ဘဲလ္ အျပင္ လီ၀စ္ဘိတ္တို႔ကို ေခၚယူထားပါတယ္။ သူတို႔အတြက္ ႀကီးမားတဲ့ အေတြ႕အၾကံဳျဖစ္ပါတယ္။ ဒါကို မႏွစ္က ရာသီအႀကိဳတုန္းက ကၽြန္ေတာ္လုပ္ခ်င္ခဲ့တာပါ။ ဒါက အသင္းရဲ႕ ေလ့က်င့္ေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေလ့က်င့္ေရးမွာ လူငယ္ေတြကို  ထည့္ကစားတာက ျပိဳင္ဆိုင္မႈ ျပင္းထန္ေစပါတယ္။

သူတို႔ေတြဟာ တစ္ကယ္ကို အရည္အေသြးရွိသူေတြျဖစ္ၿပီး ေရွ႕ဆက္အမ်ားႀကီး ေျခလွမ္းရဦးမွာျဖစ္ေပမယ့္ ကၽြန္ေတာ္ကေတာ့ အခုလို သူတို႔ကို အခြင့္အေရးေပးႏိုင္လို႔ ေက်နပ္မိပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။