၀က်ဖိုဒ့်အသင်းနဲ့ ပွဲမှာ ဗန်ဒီဘိခ်ကို ပွဲစကတည်းက အသုံးပြုသွားမယ်လို့ ပြောသွားခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက စနေနေ့ကစားမယ့် ဝက်ဖိုဒ့်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဗန်ဒီဘိခ်ကို ပွဲစကတည်းက ထည့်သွင်းကစားသွားမယ်လို့ သေချာပေါက် ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပေါင်သန်း ၄၀ နဲ့ ရောက်လာခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် (၂) ပွဲသာ ပွဲထွက်ကစားခွင့် ရထားပြီး ရုန်းကန်နေရသူဖြစ်ပါတယ်။

“ ကျွန်တော် ဒီမေးခွန်းကို အကြိမ်ပေါင်းများစွာ ဖြေထားပြီးပါပြီ။ အသင်းမှာ အချိန်လိုအပ်နေတဲ့ အရည်အသွေးမြင့်ကစားသမားတွေ အများကြီး ရှိနေပါတယ်။ အခြားအသင်းတွေလိုပဲ ကျွန်တော်တို့မှာလည်း အကြောင်းအရင်းတွေ ရှိပါတယ်။ ဒါတွေက အချိန်လိုအပ်နေပါတယ်။

သူ့ကို ဂရုစိုက်တဲ့သူတွေကတော့ သူပါဝင်ကစားတာကို မျှော်လင့်နေမှာဖြစ်ပါတယ်။ ဒွန်နီ မနက်ဖြန်တော့ ကစားမှာပါ။ ဒါက သူ့အတွက် နောက်ထပ် အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်သူ့ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ စကားတွေ ပြောထားပါတယ်။ ဒါပေမယ့် မနက်ဖြန်တော့ သူကစားရမှာဖြစ်ပြီး ဒါက သူ့အတွက် အရမ်းကောင်းတဲ့ နောက်ထပ် အခွင့်အရေးပဲ ဖြစ်ပါတယ်” လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

၀က္ဖိုဒ့္အသင္းနဲ႔ ပြဲမွာ ဗန္ဒီဘိခ္ကို ပြဲစကတည္းက အသံုးျပဳသြားမယ္လို႔ ေျပာသြားခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက စေနေန႔ကစားမယ့္ ၀က္ဖိုဒ့္အသင္းန႔ဲ အက္ဖ္ေအဖလားပြဲစဥ္မွာ ဗန္ဒီဘိခ္ကို ပြဲစကတည္းက ထည့္သြင္းကစားသြားမယ္လို႔ ေသခ်ာေပါက္ ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီက ေအဂ်က္စ္အသင္းကေန ယူႏိုက္တက္အသင္းဆီ ေပါင္သန္း ၄၀ နဲ႔ ေရာက္လာခဲ့တဲ့ ဗန္ဒီဘိခ္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ (၂) ပြဲသာ ပြဲထြက္ကစားခြင့္ ရထားၿပီး ႐ုန္းကန္ေနရသူျဖစ္ပါတယ္။

“ ကၽြန္ေတာ္ ဒီေမးခြန္းကို အႀကိမ္ေပါင္းမ်ားစြာ ေျဖထားၿပီးပါၿပီ။ အသင္းမွာ အခ်ိန္လိုအပ္ေနတဲ့ အရည္အေသြးျမင့္ကစားသမားေတြ အမ်ားႀကီး ရွိေနပါတယ္။ အျခားအသင္းေတြလိုပဲ ကၽြန္ေတာ္တို႔မွာလည္း အေၾကာင္းအရင္းေတြ ရွိပါတယ္။ ဒါေတြက အခ်ိန္လိုအပ္ေနပါတယ္။

သူ႔ကို ဂ႐ုစိုက္တဲ့သူေတြကေတာ့ သူပါ၀င္ကစားတာကို ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။ ဒြန္နီ မနက္ျဖန္ေတာ့ ကစားမွာပါ။ ဒါက သူ႔အတြက္ ေနာက္ထပ္ အခြင့္အေရးျဖစ္ပါတယ္။ ကၽြန္ေတာ္သူ႔ကို ဘယ္ေလာက္တန္ဖိုးထားသလဲဆိုတာ စကားေတြ ေျပာထားပါတယ္။ ဒါေပမယ့္ မနက္ျဖန္ေတာ့ သူကစားရမွာျဖစ္ၿပီး ဒါက သူ႔အတြက္ အရမ္းေကာင္းတဲ့ ေနာက္ထပ္ အခြင့္အေရးပဲ ျဖစ္ပါတယ္” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။