ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာတွေ့မယ့် နည်းပြ နှစ်ယောက်ရဲ့ နည်းပြဘဝမှတ်တမ်းမှတ်ရာများ


မော်ရင်ဟိုဟာ ကိုင်တွယ်ခဲ့တဲ့အသင်းတွေအောင်မြင်မှုရခဲ့တာကြောင့် စပယ်ရှယ်ဝမ်းလို့ ကိုယ်ကိုယ်ကို တင်စားပြီး ပြောလေ့ရှိပါတယ်။ ဂွါဒီယိုလာကလည်း ဘာစီလိုနာနဲ့ အောင်မြင်မှုရပြီးနောက်ပိုင်း ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့ကို ကိုင်တွယ်ခဲ့တာကြောင့် လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးနည်းပြ အဖြစ်လို့ သတ်မှတ်ခံရသူ ဖြစ်ပါတယ်။ဒီနည်းပြ နှစ်ယောက်ကို ဘယ်သူပိုကောင်းတယ်ဆိုတာ ပြောဖို့ ခက်တယ်ဆိုပေမယ့် …အချက်အလက်မှတ်တမ်းတွေ အရတော့ …

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုက အမှတ်ပေးဖလား ချန်ပီယံ ၈ ကြိမ်နဲ့ ပြည်တွင်းဖလား ၈ ကြိမ် ရရှိထားသလို အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာကလည်း မော်ရင်ဟို ရထားတဲ့အတိုင်း ရရှိထားပါတယ်။ ဒီနည်းပြ နှစ်ယောက်စလုံး ဟာ ချန်ပီယံလိဂ်ကို ၂ ကြိမ်စီရရှိထားပေမယ့် မော်ရင်ဟိုကတော့ ယူရိုပါလိဂ်မှာလည်း ၁ ကြိမ်ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ဂွါဒီယိုလာကတော့ ယူရိုပါလိဂ်ဖလားကို ရရှိထားဖူးခြင်း မရှိတာတွေ့ရပါတယ်။


အသင်း ၉ သင်းကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟို ပွဲပေါင်း ၉၇၂ ပွဲမှာ ၆၂၂ ပွဲနိုင်ပြီး ၂၀၁ ပွဲသရေကျကာ ၁၄၉ ပွဲရှုံးခဲ့ပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ ၃ သင်းကိုပဲ ကိုင်တွယ်ခဲ့တဲ့ ဂွါဒီယိုလာကတော့ ၇၀၈ ပွဲမှာ ၅၁၃ ပွဲနိုင်ပြီး ၁၁၃ ပွဲ သရေကျကာ ၈၂ ပွဲပဲ ရှုံးခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အကြိမ်အရေ အတွက်ကတော့ ၂၄ ကြိမ်အထိရှိခဲ့ပြီး အဲ့ဒီအကြိမ် အရေအတွက်တွေမှာ မော်ရင်ဟိုက ၇ ကြိမ်နိုင်ပြီး ဂွါဒီယိုလာက ၁၁ ကြိမ် အထိအနိုင်ရခဲ့ကာ ၆ ကြိမ်သရေကျခဲ့ပါတယ်။

zawgyi version

ကာရာေဘာင္းဖလား ဗိုလ္လုပြဲမွာေတြ႕မယ့္ နည္းျပ ႏွစ္ေယာက္ရဲ႕ နည္းျပဘဝမွတ္တမ္းမွတ္ရာမ်ား
ေမာ္ရင္ဟိုဟာ ကိုင္တြယ္ခဲ့တဲ့အသင္းေတြေအာင္ျမင္မႈရခဲ့တာေၾကာင့္ စပယ္ရွယ္ဝမ္းလို႔ ကိုယ္ကိုယ္ကို တင္စားၿပီး ေျပာေလ့ရွိပါတယ္။ ဂြါဒီယိုလာကလည္း ဘာစီလိုနာနဲ႔ ေအာင္ျမင္မႈရၿပီးေနာက္ပိုင္း ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီးတို႔ကို ကိုင္တြယ္ခဲ့တာေၾကာင့္ လက္ရွိေဘာလံုးေလာကရဲ႕ အေကာင္းဆံုးနည္းျပ အျဖစ္လို႔ သတ္မွတ္ခံရသူ ျဖစ္ပါတယ္။ဒီနည္းျပ ႏွစ္ေယာက္ကို ဘယ္သူပိုေကာင္းတယ္ဆိုတာ ေျပာဖို႔ ခက္တယ္ဆိုေပမယ့္ …အခ်က္အလက္မွတ္တမ္းေတြ အရေတာ့ …
အသက္ ၅၇ ႏွစ္ရွိၿပီျဖစ္တဲ့ ေမာ္ရင္ဟိုက အမွတ္ေပးဖလား ခ်န္ပီယံ ၈ ႀကိမ္နဲ႔ ျပည္တြင္းဖလား ၈ ႀကိမ္ ရရွိထားသလို အသက္ ၄၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဂြါဒီယိုလာကလည္း ေမာ္ရင္ဟို ရထားတဲ့အတိုင္း ရရွိထားပါတယ္။ ဒီနည္းျပ ႏွစ္ေယာက္စလံုး ဟာ ခ်န္ပီယံလိဂ္ကို ၂ ႀကိမ္စီရရွိထားေပမယ့္ ေမာ္ရင္ဟိုကေတာ့ ယူ႐ိုပါလိဂ္မွာလည္း ၁ ႀကိမ္ခ်န္ပီယံျဖစ္ခဲ့ဖူးပါတယ္။ ဂြါဒီယိုလာကေတာ့ ယူ႐ိုပါလိဂ္ဖလားကို ရရွိထားဖူးျခင္း မရွိတာေတြ႕ရပါတယ္။
အသင္း ၉ သင္းကို ကိုင္တြယ္ခဲ့တဲ့ ေမာ္ရင္ဟို ပြဲေပါင္း ၉၇၂ ပြဲမွာ ၆၂၂ ပြဲႏိုင္ၿပီး ၂၀၁ ပြဲသေရက်ကာ ၁၄၉ ပြဲရႈံးခဲ့ပါတယ္။ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္နဲ႔ မန္စီးတီးတို႔ ၃ သင္းကိုပဲ ကိုင္တြယ္ခဲ့တဲ့ ဂြါဒီယိုလာကေတာ့ ၇၀၈ ပြဲမွာ ၅၁၃ ပြဲႏိုင္ၿပီး ၁၁၃ ပြဲ သေရက်ကာ ၈၂ ပြဲပဲ ရႈံးခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ဟိုနဲ႔ ဂြါဒီယိုလာတို႔ ထိပ္တိုက္ေတြ႕ဆံုခဲ့တဲ့ အႀကိမ္အေရ အတြက္ကေတာ့ ၂၄ ႀကိမ္အထိရွိခဲ့ၿပီး အဲ့ဒီအႀကိမ္ အေရအတြက္ေတြမွာ ေမာ္ရင္ဟိုက ၇ ႀကိမ္ႏိုင္ၿပီး ဂြါဒီယိုလာက ၁၁ ႀကိမ္ အထိအႏိုင္ရခဲ့ကာ ၆ ႀကိမ္သေရက်ခဲ့ပါတယ္။