ဆန်ချိုထက်စာရင် ဂရီလစ်ရှ်က ပေါ့ဘာရဲ့နေရာမှာ အစားထိုးဖို့ အသင့်ဆုံးဖြစ်ပြီး ဇန်နဝါရီမှာ အူပါမီကာနိုကို ခေါ်သင့် တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့


အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ ပေါ့ဘာရဲ့နေရာမှာ အစားထိုးဖို့အတွက် ဒေါ့မန်တောင်ပံကစားသမား ဆန်ချို ထက်စာရင် အက်စ်တွန်ဗီလာတောင်ပံကစားသမား ဂရီလစ်ရှ်က ပိုပြီးသင့်တော်တယ်လို့ ဖော်ပြခဲ့သလို ဇန်နဝါရီမှာ ယူနိုက် တက်အနေနဲ့ ခေါ်သင့်တဲ့ကစားသမားက လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုဖြစ်တယ်ဆိုပြီး The Sun သတင်းစာကဖော်ပြ ခဲ့ပါတယ်။


ပေါ့ဘာဟာ အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး သူကိုရီးရဲလ်ကခေါ်ယူဖို့ စိတ်ဝင်စား နေသလို ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မှာ ကစားချင်တယ်လို့ ပြောထားတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာ နိုင်ချိန်မှာ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်နေပေမယ့် ဆန်ချိုထက်စာ ရင် ဂရီလစ်ရှ်ကို ခေါ်ယူသင့်တယ်လို့ The Sun ကဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်အနေနဲ့ လက်ရှိမှာ ခံစစ်ပိုင်းပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် နောက်တန်းကစားသမားတစ်ဦးခေါ်ယူ ဖို့ ရှိတယ်ဆိုပြီး သတင်းတွေထွက်နေချိန်မှာတော့ လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကိုပဲ အရခေါ်ယူသင့်တယ်ဆိုပြီး The Sun က ဖော်ပြခဲ့ပါတယ်။ယူနိုက်တက်ဟာ အူပါမီကာနိုကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက လုပ် ဆောင်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာပဲ ဖြစ်ပါတယ်။

zawgyi version

ဆန္ခ်ိဳထက္စာရင္ ဂရီလစ္ရွ္က ေပါ့ဘာရဲ႕ေနရာမွာ အစားထိုးဖို႔ အသင့္ဆံုးျဖစ္ၿပီး ဇန္နဝါရီမွာ အူပါမီကာႏိုကို ေခၚသင့္ တယ္လို႔ The Sun သတင္းစာက ေဖာ္ျပခဲ့
အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ ေပါ့ဘာရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ေဒါ့မန္ေတာင္ပံကစားသမား ဆန္ခ်ိဳ ထက္စာရင္ အက္စ္တြန္ဗီလာေတာင္ပံကစားသမား ဂရီလစ္ရွ္က ပိုၿပီးသင့္ေတာ္တယ္လို႔ ေဖာ္ျပခဲ့သလို ဇန္နဝါရီမွာ ယူႏိုက္ တက္အေနနဲ႔ ေခၚသင့္တဲ့ကစားသမားက လစ္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုျဖစ္တယ္ဆိုၿပီး The Sun သတင္းစာကေဖာ္ျပ ခဲ့ပါတယ္။
ေပါ့ဘာဟာ အသင္းရဲ႕ကြင္းလယ္မွာ ေျခစြမ္းမျပႏိုင္မႈေၾကာင့္ ေဝဖန္ခံေနရတာျဖစ္ၿပီး သူကိုရီးရဲလ္ကေခၚယူဖို႔ စိတ္ဝင္စား ေနသလို ကစားသမားကိုယ္တိုင္ကလည္း ရီးရဲလ္မွာ ကစားခ်င္တယ္လို႔ ေျပာထားတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ေပၚလာ ႏိုင္ခ်ိန္မွာ ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြထြက္ေနေပမယ့္ ဆန္ခ်ိဳထက္စာ ရင္ ဂရီလစ္ရွ္ကို ေခၚယူသင့္တယ္လို႔ The Sun ကေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္အေနနဲ႔ လက္ရွိမွာ ခံစစ္ပိုင္းျပႆနာေတြနဲ႔ ၾကံဳေတြ႕ေနရတာေၾကာင့္ ေနာက္တန္းကစားသမားတစ္ဦးေခၚယူ ဖို႔ ရွိတယ္ဆိုၿပီး သတင္းေတြထြက္ေနခ်ိန္မွာေတာ့ လစ္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကိုပဲ အရေခၚယူသင့္တယ္ဆိုၿပီး The Sun က ေဖာ္ျပခဲ့ပါတယ္။ယူႏိုက္တက္ဟာ အူပါမီကာႏိုကို ေခၚယူဖို႔အတြက္ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက လုပ္ ေဆာင္ခဲ့ေပမယ့္ ေခၚယူႏိုင္ခဲ့ျခင္းမရွိတာပဲ ျဖစ္ပါတယ္။