စမစ်ရိုဝီက ဆန်ချို ၊ ဖိုဒန်တို့လိုမျိုး စွမ်းဆောင်နိုင်တဲ့ ကစားသမားမျိုးလို့ ပြောခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ


အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ စမစ်ရိုဝီက အင်္ဂလန်အသင်းမှာ ခြေ စွမ်းပြနေတဲ့ ဆန်ချို၊ ဖိုဒန် တို့လိုမျိုး စွမ်းဆောင်နိုင်တဲ့ ကစားသမားလို့ ပြောသွားခဲ့ပါတယ်။ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် နယူးကာဆယ်နဲ့ အက်ဖ်အေဖလားပွဲမတိုင်ခင်မှာ စမစ်ရိုဝီဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံးသုံးပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


အသက် ၂၀ သာရှိသေးတဲ့ စမစ်ရိုဝီက အာဆင်နယ်အသင်းရဲ့ လိုအပ်နေတဲ့ ကျောနံပါတ် ၁၀ နေရာမှာ အကောင်းဆုံးက စားနိုင်တာကြောင့် အသင်းကြီးမှာ နေရာရလာမယ့်သူလို့လည်း မှတ်ချက်ပြုခံရသူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အင်္ဂလန် ယူ-၁၇ အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ စမစ်ရိုဝီဟာ အင်္ဂလန်အသင်းကြီးမှာလည်း ခြေစွမ်းပြနေတဲ့ ဆန်ချို ၊ ဖိုဒန်တို့လို မျိုး ကစားနိုင်မယ့်သူလို့ အာတီတာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။


ဒီရာသီ စမစ်ရိုဝီရဲ့ စွမ်းဆောင်ရည်တွေကို တွက်ချက်ရာမှာတော့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်ထားနိုင်တာကြောင့် ၉၃ မိနစ်ခွဲကစားပြီးချိန်တိုင်းမှာ ဂိုးဖန်တီးမှုတစ်ကြိမ် ရခဲ့သူအဖြစ်တွေ့ရှိရပါတယ်။ ဒီနှစ် ယူရိုပါလိဂ်မှာ ခြေစွမ်းပြနေတဲ့ အာ ဆင်နယ်အသင်းရဲ့ လူစာရင်းမှာတော့ စမစ်ရိုဝီဟာ အဓိက,ကစားသမားတစ်ဦးဖြစ်ပြီး ရက်ပစ်ဝိန်းအသင်းကို အနိုင်ရတဲ့ပွဲ မှာဆိုရင် သူအနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

စမစ္႐ိုဝီက ဆန္ခ်ိဳ ၊ ဖိုဒန္တို႔လိုမ်ိဳး စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားမ်ိဳးလို႔ ေျပာခဲ့တဲ့ အာဆင္နယ္နည္းျပ အာတီတာ
အာဆင္နယ္အသင္းနည္းျပ အာတီတာက အသင္းရဲ႕ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ စမစ္႐ိုဝီက အဂၤလန္အသင္းမွာ ေျခ စြမ္းျပေနတဲ့ ဆန္ခ်ိဳ၊ ဖိုဒန္ တို႔လိုမ်ိဳး စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားလို႔ ေျပာသြားခဲ့ပါတယ္။ ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ နယူးကာဆယ္နဲ႔ အက္ဖ္ေအဖလားပြဲမတိုင္ခင္မွာ စမစ္႐ိုဝီဟာ အာဆင္နယ္အသင္းရဲ႕ ေနာက္ဆံုးသံုးပြဲမွာ ပြဲထြက္ခြင့္ရခဲ့ၿပီး ေျခစြမ္းျပႏိုင္တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။
အသက္ ၂၀ သာရွိေသးတဲ့ စမစ္႐ိုဝီက အာဆင္နယ္အသင္းရဲ႕ လိုအပ္ေနတဲ့ ေက်ာနံပါတ္ ၁၀ ေနရာမွာ အေကာင္းဆံုးက စားႏိုင္တာေၾကာင့္ အသင္းႀကီးမွာ ေနရာရလာမယ့္သူလို႔လည္း မွတ္ခ်က္ျပဳခံရသူျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ အဂၤလန္ ယူ-၁၇ အသင္းအတြက္ ေရြးခ်ယ္ခံခဲ့ရတဲ့ စမစ္႐ိုဝီဟာ အဂၤလန္အသင္းႀကီးမွာလည္း ေျခစြမ္းျပေနတဲ့ ဆန္ခ်ိဳ ၊ ဖိုဒန္တို႔လို မ်ိဳး ကစားႏိုင္မယ့္သူလို႔ အာတီတာက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။
ဒီရာသီ စမစ္႐ိုဝီရဲ႕ စြမ္းေဆာင္ရည္ေတြကို တြက္ခ်က္ရာမွာေတာ့ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိျပဳလုပ္ထားႏိုင္တာေၾကာင့္ ၉၃ မိနစ္ခြဲကစားၿပီးခ်ိန္တိုင္းမွာ ဂိုးဖန္တီးမႈတစ္ႀကိမ္ ရခဲ့သူအျဖစ္ေတြ႕ရွိရပါတယ္။ ဒီႏွစ္ ယူ႐ိုပါလိဂ္မွာ ေျခစြမ္းျပေနတဲ့ အာ ဆင္နယ္အသင္းရဲ႕ လူစာရင္းမွာေတာ့ စမစ္႐ိုဝီဟာ အဓိက,ကစားသမားတစ္ဦးျဖစ္ၿပီး ရက္ပစ္ဝိန္းအသင္းကို အႏိုင္ရတဲ့ပြဲ မွာဆိုရင္ သူအေနနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။