ဗန်ဒီဘိခ် အသင်းကနေ ထွက်ခွာသွားရင် အံ့အားသင့်မှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်

ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပေါင်သန်း ၄၀ နဲ့ ခေါ်ယူထားတဲ့ ဗန်ဒီဘိခ်အနေနဲ့ အသင်းကနေ စောစော ပြန်ထွက်သွားမယ်ဆိုရင် အံ့အားသင့်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ အေဂျက်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် သူဟာ ပရီးမီးယားလိဂ်မှာ (၄) လအတွင်း အခွင့်အရေး ကြီးကြီးမားမား မရခဲ့သူဖြစ်ပါတယ်။

ဟော်လန်ကစားသမားဟာ အေဂျက်မှာတုန်းက ဥရောပရဲ့ အတောက်ပဆုံး ကြယ်ပွင့်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပေမယ့်ယူနိုက်တက်မှာတော့ (၈) ပွဲသာ ကစားထားရပြီး ဘရူနိုဖာနန်ဒက်စ် နဲ့ ပေါ့ဘာတို့ နောက်မှသာ ပွဲကစားခွင့်ရနေပါတယ်။ သူ့ရဲ့ပွဲကစားခွင့် နည်းပါးနေတာကိုလည်း ဘာဘာတော့က ပြောဆိုခဲ့ပြီး အခုအခု လေးလတောင် ရှိနေပြီးလို့ ထပ်ပြီးပြောသွားခဲ့တာဖြစ်ပါတယ်။

“ ဗန်ဒီဘိခ် မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျွန်တော်မသိတော့ပါဘူး။ သူ့ကို မခေါ်ယူခင်တုန်းက ကစားသမားတစ်ယောက်အနေနဲ့ သူ့ကို ကျွန်တော် နှစ်သက်တယ်ဆိုတာ ပြောခဲ့ပါတယ်။ သူဟာ အေဂျက် နဲ့ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်ပေမယ့် ယူနိုက်တက်မှာ ပွဲကစားခွင့် လုံလုံလောက်လောက် မရထားပါဘူး။

ကျွန်တော်တို့ဟာ လေ့ကျင့်ရေးဆင်းတာတွေ မကြည့်ပါဘူး။ ပွဲကစားချိန် နည်းနည်းပါးပါးလောက် ရတာက သူ့ရဲ့ အစွမ်းအစကို ကျွန်တော်တို့ ဆုံးဖြတ်လို့ မရဘူး ဖြစ်နေပါတယ်။သူ့အနေနဲ့ ယုံကြည်မှု ရှိရန် ပွဲကစားခွင့် တစ်သတ်မှတ်တည်း များများစားစားလိုနေပါတယ်။ အခုလက်ရှိ သူ့မှာ ယုံကြည်မှု ကောင်းကောင်းမရှိဘူးဆိုတာ ကျွန်တော် မြင်နေပါတယ်။ ကစားသမားက ပုံမှန်ကစားခွင့်မရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်တတ်တာဖြစ်လို့ ဒါက ပုံမှန်ပါပဲ။ သူ့အနေနဲ့ အသင်းက ထွက်ခွာဖို့ ရည်ရွယ်နေပြီဆိုရင် ကျွန်တော်ကတော့ အံ့အားသင့်မှာ မဟုတ်ပါဘူး။ ဘယ်သူမှလည်း သူ့ကို အပြစ်တင်မှာမဟုတ်ပါဘူး” လို့ ဘာဘာတော့ဗ်က ပြောသွားခဲ့ပါတယ်။

ဗန်ဒီဘိခ် အသင်းကနေ ထွက်ခွာသွားရင် အံ့အားသင့်မိမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်



