အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ထရစ်ပီယာကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ထရစ်ပီယာကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့ အဆိုအရ ယူနိုက်တက်အသင်းဟာ ညာနောက်ခံလူကို အာရွန်ဝမ်ဘစ်ဆာကာအတွက် ပြိုင်ဆိုင်မှု ရှိစေရန် ခေါ်ယူလိုနေတာလို့ သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ထရစ်ပီယာဟာ ယူနိုက်တက်အလိုချင်ဆုံးစာရင်းထဲက ထိပ်ဆုံးမှာ ရှိနေပြီး နည်းပြ ဆိုးလ်ရှားကလည်း အတွေ့အကြုံရင့် ညာနောက်ခံလူကို လိုချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဟာ ဘရန်ဒန်ဝီလီယံကိုလည်း အငှားချင်ချင်နေသော်လည်း သူ့အနာဂတ်က မရှင်းမလင်းဖြစ်နေဆဲပါ။ အေစီမီလန်အသင်းမှာ အငှားချထားတဲ့ နောက်ခံလူ ဒါလော့ကလည်း ပြန်လာဖွယ်မရှိသေးဘူးလို့ သိရပါတယ်။


