တူညီတဲ့ အမှားတွေ ထပ်မှားလို့ မရတော့ဘူးလို့ ဆိုလိုက်တဲ့ ယူနိုက်တက်ကစားသမား ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်က ကာရာဘောင်ဖလား ရှုံးပွဲကို အသင်းဖော်တွေအနေနဲ့ သင်ယူရမယ်လို့ တိုက်တွန်းပြောသွားခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ မန်စီးတီးအသင်းကို ဆီးမီးဖိုင်နယ်မှာ ရှုံးခဲ့တာဖြစ်ပြီး တစ်နှစ်အတွင်း ဆီးမီးဖိုင်နယ် (၄) ကြိမ် ရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလားပြိုင်ပွဲကို စနေနေ့မှာ ဝက်ဖိုဒ့်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာလည်း မနှစ်က ဆီးမီးဖိုင်နယ် တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။

“ဗိုလ်လုပွဲကို မရောက်နိုင်သေးလို့ ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ အများကြီး ရင်ဆိုင်ခဲ့ပေမယ့် တူညီတဲ့ အမှားတွေ ထပ်မှားလို့ မရနိုင်တော့ဘူးဆိုတာကို နားလည်ရတော့မှာပါ။ ဆုဖလားတွေအတွက် ကျွန်တော်တို့ အားစိုက်ဖို့ လိုအပ်နေပါတယ်” လို့ ဖာနန်ဒက်စ်က တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

တူညီတဲ့ အမွားေတြ ထပ္မွားလို႔ မရေတာ့ဘူးလို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္

ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ဘ႐ူႏိုဖာနန္ဒက္စ္က ကာရာေဘာင္ဖလား ရႈံးပြဲကို အသင္းေဖာ္ေတြအေနနဲ႔ သင္ယူရမယ္လို႔ တိုက္တြန္းေျပာသြားခဲ့ပါတယ္။ နည္းျပဆိုးလ္ရွားရဲ႕အသင္းဟာ မန္စီးတီးအသင္းကို ဆီးမီးဖိုင္နယ္မွာ ရႈံးခဲ့တာျဖစ္ၿပီး တစ္ႏွစ္အတြင္း ဆီးမီးဖိုင္နယ္ (၄) ႀကိမ္ ရႈံးခဲ့တာလည္း ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီတစ္ပတ္မွာေတာ့ အက္ဖ္ေအဖလားၿပိဳင္ပြဲကို စေနေန႔မွာ ၀က္ဖိုဒ့္အသင္းနဲ႔ ကစားရမွာ ျဖစ္ၿပီး အဆိုပါၿပိဳင္ပြဲမွာလည္း မႏွစ္က ဆီးမီးဖိုင္နယ္ တက္လွမ္းႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကို ရႈံးနိမ့္ခဲ့ရပါတယ္။

“ဗိုလ္လုပြဲကို မေရာက္ႏိုင္ေသးလို႔ ကၽြန္ေတာ္ အရမ္းစိတ္ပ်က္မိပါတယ္။ ကၽြန္ေတာ္တို႔ အမ်ားႀကီး ရင္ဆိုင္ခဲ့ေပမယ့္ တူညီတဲ့ အမွားေတြ ထပ္မွားလို႔ မရႏိုင္ေတာ့ဘူးဆိုတာကို နားလည္ရေတာ့မွာပါ။ ဆုဖလားေတြအတြက္ ကၽြန္ေတာ္တို႔ အားစိုက္ဖို႔ လိုအပ္ေနပါတယ္” လို႔ ဖာနန္ဒက္စ္က တြစ္တာမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။