ဒဏ်ရာကြောင့် အောက်တိုဘာလကတည်းက အနားယူနေရတဲ့ အဂူရို ပြန်ကစားတော့မယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး အဂူရိုဟာ တနင်္ဂနွေနေ့ကစားမယ့် ဘာမင်ဂမ်အသင်းနဲ့ အက်ဖ်အေဖလားပြိုင်ပွဲကို ပါဝင်ကစားမယ်လို့ အတည်ပြုပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ အဂူရိုဟာ အောက်တိုဘာလကတည်းက ဒူးဒဏ်ရာ နဲ့ တံကောက်ကြော ဒဏ်ရာတွေကြောင့် အနားယူနေရသူ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “မနေ့က သူလေ့ကျင့်ရေး ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ဒီနေ့ သူနားပါတယ်။ မနက်ဖြန် သူအဆင်ပြေရင် သူကစားရတော့မှာပါ”လို့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ခရစ္စမတ်နေ့ကတည်းက အသင်းအတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိသူ (၈) ယောက်ရှိခဲ့တာဖြစ်ပါတယ်။

ဝေါ်လ်ကာ နဲ့ ဂါဘရီရယ်လ်ဂျေးဆု တို့ကတော့ Stay Home ကာလ ပြီးသွားလို့ ပြန်လာတော့မှာဖြစ်ပြီး သူ့နောက်မှာတော့ အီဒါဆင်၊ ဖာရန်တောရက်စ် နဲ့ ဒွိုင်လီတို့လည်း ပြန်လာတော့မှာ ဖြစ်ပါတယ်။ “သူတို့ကို သောကြာနေ့က စစ်ဆေးတဲ့အခါ ပိုးမရှိတော့ပါဘူး။ သူတို့ အသင်းအတွက် ပထမဆုံး လေ့ကျင့်ရေးဆင်းနိုင်တော့မှာပါ” လို့ ဂွါဒီယိုလာက ထပ်ပြီးပြောသွားခဲ့တာဖြစ်ပါတယ်။

 

ဒဏ္ရာေၾကာင့္ ေအာက္တိုဘာလကတည္းက အနားယူေနရတဲ့ အဂူ႐ို ျပန္ကစားေတာ့မယ္လို႔ ဆိုလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက တိုက္စစ္မႉး အဂူ႐ိုဟာ တနဂၤေႏြေန႔ကစားမယ့္ ဘာမင္ဂမ္အသင္းနဲ႔ အက္ဖ္ေအဖလားၿပိဳင္ပြဲကို ပါဝင္ကစားမယ္လို႔ အတည္ျပဳေျပာသြားခဲ့ပါတယ္။ မန္စီးတီးအသင္းအတြက္ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ အဂူ႐ိုဟာ ေအာက္တိုဘာလကတည္းက ဒူးဒဏ္ရာ နဲ႔ တံေကာက္ေၾကာ ဒဏ္ရာေတြေၾကာင့္ အနားယူေနရသူ ျဖစ္ပါတယ္။

ဂြါဒီယိုလာက “မေန႔က သူေလ့က်င့္ေရး ေကာင္းေကာင္းလုပ္ခဲ့ပါတယ္။ ဒီေန႔ သူနားပါတယ္။ မနက္ျဖန္ သူအဆင္ေျပရင္ သူကစားရေတာ့မွာပါ”လို႔ ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ခရစၥမတ္ေန႔ကတည္းက အသင္းအတြင္း ကိုဗစ္ေရာဂါပိုး ေတြ႕ရွိသူ (၈) ေယာက္ရွိခဲ့တာျဖစ္ပါတယ္။

ေဝၚလ္ကာ နဲ႔ ဂါဘရီရယ္လ္ေဂ်းဆု တို႔ကေတာ့ Stay Home ကာလ ၿပီးသြားလို႔ ျပန္လာေတာ့မွာျဖစ္ၿပီး သူ႔ေနာက္မွာေတာ့ အီဒါဆင္၊ ဖာရန္ေတာရက္စ္ နဲ႔ ဒြိဳင္လီတို႔လည္း ျပန္လာေတာ့မွာ ျဖစ္ပါတယ္။ “သူတို႔ကို ေသာၾကာေန႔က စစ္ေဆးတဲ့အခါ ပိုးမရွိေတာ့ပါဘူး။ သူတို႔ အသင္းအတြက္ ပထမဆုံး ေလ့က်င့္ေရးဆင္းႏိုင္ေတာ့မွာပါ” လို႔ ဂြါဒီယိုလာက ထပ္ၿပီးေျပာသြားခဲ့တာျဖစ္ပါတယ္။