လီဗာပူးလ်အသင်းဟာ အူဒီးနီစ့်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ရိုဒရီဂိုပေါလ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဒီရာသီ စီးရီးအေမှာ (၁၅) ပွဲကစားထားပြီး (၃) ဂိုးသွင်း (၂) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၁၆ ခုနှစ်က ဗလင်စီယာအသင်းဆီကနေ ပြောင်းရွှေ့လာကတည်းက စီးရီးအေသင်းအတွက် ပြိုင်ပွဲစုံ (၁၅၈) ပွဲကစားထားပြီး (၂၈) ဂိုးသွင်းပေးထားပါတယ်။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ သရဖူကို ဆက်လက်ထိန်းသိမ်းရန်အတွက် ပေါင်သန်း ၄၀ တန် အာဂျင်တီးနားလက်ရွေးစင်ကစားသမားကို စောင့်ကြည့်ရန် ကင်းထောက်တွေ စေလွှတ်ထားတာလည်း ဖြစ်ပါတယ်။ သို့သော်လည်း ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ဒီပေါလ်ကို ခေါ်ယူရန်အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက် လိဒ်ယူနိုက်တက်အသင်းနဲ့ အပြိုင်ခေါ်ရဖွယ်ရှိနေပါတယ်။
လိဒ်ယူနိုက်တက်အသင်းဟာ သူ့ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး ဘီယယ်ဆာဟာ ဒီလ ဒါမှမဟုတ် နောက်အပြောင်းအရွှေ့မှာ ကမ်းလှမ်းချင်နေတာ ဖြစ်ပါတယ်။ သို့သော်လည်း လီဗာပူးလ်အသင်းက စိတ်ဝင်စားလာလို့ အသက် ၆၅ နှစ်အရွယ် နည်းပြကြီးဟာ နဂိုက ရည်ရွယ်ထားတဲ့ အစီအစဉ်ကို မြန်မြန်အကောင်အထည်ဖော်သွားဖွယ်ရှိနေပါတယ်။
အူဒီးနီစ့္ ၾကယ္ပြင့္ ႐ိုဒရီဂိုဒီေပါလ္ကို စိတ္၀င္စားေနတဲ့ အသင္းေတြထဲ လီဗာပူးလ္လည္း ပါ၀င္လာ
လီဗာပူးလ္အသင္းဟာ အူဒီးနီစ့္အသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ႐ိုဒရီဂိုေပါလ္ကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီ စီးရီးေအမွာ (၁၅) ပြဲကစားထားၿပီး (၃) ဂိုးသြင္း (၂) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ၂၀၁၆ ခုႏွစ္က ဗလင္စီယာအသင္းဆီကေန ေျပာင္းေရႊ႕လာကတည္းက စီးရီးေအသင္းအတြက္ ၿပိဳင္ပြဲစံု (၁၅၈) ပြဲကစားထားၿပီး (၂၈) ဂိုးသြင္းေပးထားပါတယ္။
The Sun သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ သရဖူကို ဆက္လက္ထိန္းသိမ္းရန္အတြက္ ေပါင္သန္း ၄၀ တန္ အာဂ်င္တီးနားလက္ေရြးစင္ကစားသမားကို ေစာင့္ၾကည့္ရန္ ကင္းေထာက္ေတြ ေစလႊတ္ထားတာလည္း ျဖစ္ပါတယ္။ သို႔ေသာ္လည္း ယာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ ဒီေပါလ္ကို ေခၚယူရန္အတြက္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ လိဒ္ယူႏိုက္တက္အသင္းနဲ႔ အၿပိဳင္ေခၚရဖြယ္ရွိေနပါတယ္။
လိဒ္ယူႏိုက္တက္အသင္းဟာ သူ႔ကို ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက စိတ္၀င္စားေနတာျဖစ္ၿပီး ဘီယယ္ဆာဟာ ဒီလ ဒါမွမဟုတ္ ေနာက္အေျပာင္းအေရႊ႕မွာ ကမ္းလွမ္းခ်င္ေနတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း လီဗာပူးလ္အသင္းက စိတ္၀င္စားလာလို႔ အသက္ ၆၅ ႏွစ္အရြယ္ နည္းျပႀကီးဟာ နဂိုက ရည္ရြယ္ထားတဲ့ အစီအစဥ္ကို ျမန္ျမန္အေကာင္အထည္ေဖာ္သြားဖြယ္ရွိေနပါတယ္။