အင်တာမီလန်တိုက်စစ်ကစားသမား ပါရီဆစ် ကို ခေါ်ယူရန် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးနေပြီ ဖြစ်တဲ့ စပါးအသင်း

စပါးအသင်းဟာ အင်တာမီလန်တိုက်စစ်ကစားသမား ပါရီဆစ်ကို ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်ပါတယ်။ သတင်းများအရ ပါရီဆစ် ကို အင်္ဂလန်ကို ခေါ်ယူရန်အတွက် စပါးအသင်းနဲ့ ကစားသမားကြား ဒီတစ်ပတ်မှာ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးနေပြီလို့ သိရပါတယ်။

ပါရီဆစ်ဟာ မနှစ်က ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားသွားရောက်ကစားခဲ့စဉ်က ဖလား (၃) လုံးရရှိအောင် ကူညီစွမ်းဆောင်ပေးခဲ့သော်လည်း ဒီရာသီအင်တာမီလန်အသင်းမှာ နည်းပြ ကွန်တီ လက်အောက်၌ ပွဲကစားခွင့် ရရန် ရုန်းကန်နေရသူဖြစ်ပါတယ်။

 

အင်တာမီလန်အသင်းကလည်း ဒီလမှာ သူ့ကို ရောင်းချရန် ပြင်ဆင်နေပြီး ခရိုအေးရှား လက်ရွေးစင်ကစားသမားကလည်း စပါးအသင်းနဲ့ ဆွေးနွေးနေပါပြီ။

စပါးနည်းပြ မော်ရင်ဟိုဟာ ယူနိုက်တက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ပါရီဆစ်ကို ခေါ်ယူချင်ခဲ့သူလည်း ဖြစ်ပါတယ်။ စပါးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းက အငှားနဲ့ ခေါ်ယူထားတဲ့ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာ ပြဿနာတွေနဲ့ လုံးပမ်းနေရလို့ ယခုလို ပါရီဆစ်ကို ခေါ်ယူရန် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အင္တာမီလန္တိုက္စစ္ကစားသမား ပါရီဆစ္ ကို ေခၚယူရန္ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးအရ ေဆြးေႏြးေနၿပီ ျဖစ္တဲ့ စပါးအသင္း

စပါးအသင္းဟာ အင္တာမီလန္တိုက္စစ္ကစားသမား ပါရီဆစ္ကို ေခၚယူရန္ ေဆြးေႏြးေနၿပီျဖစ္ပါတယ္။ သတင္းမ်ားအရ ပါရီဆစ္ ကို အဂၤလန္ကို ေခၚယူရန္အတြက္ စပါးအသင္းနဲ႔ ကစားသမားၾကား ဒီတစ္ပတ္မွာ ပုဂၢိဳလ္ေရးအရ ေဆြးေႏြးေနၿပီလို႔ သိရပါတယ္။ ပါရီဆစ္ဟာ မႏွစ္က ဘိုင္ယန္ျမဴးနစ္အသင္းမွာ အငွားသြားေရာက္ကစားခဲ့စဥ္က ဖလား (၃) လံုးရရွိေအာင္ ကူညီစြမ္းေဆာင္ေပးခဲ့ေသာ္လည္း ဒီရာသီအင္တာမီလန္အသင္းမွာ နည္းျပ ကြန္တီ လက္ေအာက္၌ ပြဲကစားခြင့္ ရရန္ ႐ုန္းကန္ေနရသူျဖစ္ပါတယ္။

အင္တာမီလန္အသင္းကလည္း ဒီလမွာ သူ႔ကို ေရာင္းခ်ရန္ ျပင္ဆင္ေနၿပီး ခ႐ိုေအးရွား လက္ေရြးစင္ကစားသမားကလည္း စပါးအသင္းနဲ႔ ေဆြးေႏြးေနပါၿပီ။

စပါးနည္းျပ ေမာ္ရင္ဟိုဟာ ယူႏိုက္တက္နည္းျပအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့စဥ္က ပါရီဆစ္ကို ေခၚယူခ်င္ခဲ့သူလည္း ျဖစ္ပါတယ္။ စပါးအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းက အငွားနဲ႔ ေခၚယူထားတဲ့ ဂါရတ္ေဘးလ္ဟာ ဒဏ္ရာ ျပႆနာေတြနဲ႔ လံုးပမ္းေနရလို႔ ယခုလို ပါရီဆစ္ကို ေခၚယူရန္ လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။